- တင်ပြဖူးတယ် ဖြစ်ရမှာ မဟုတ်လား ဆရာ
ဘူး ဖူး ဗူး စာကို ၅-၆ ခါ မက တင်ပြထားပါတယ်။ အထောက်အထား အကိုးအကားတွေလည်း ပါတယ်။
မြန်မာစာရေးထုံးကျမ်း (သတ်ပုံသတ်ညွှန်းကျမ်း) (ဦးသာမြတ်) (စာမျက်နှာ ၂၄၄)
မမြင်ဘူး၊ မကြားဘူး၊ မရောက်မလာဘူး၊ ဘူးကွယ်သည် ကြာဘူးနားဝ၊ နဘူးနွယ်ပင်၊ ဘုရားဖူးဘူးသည်။
ကြားဘူးနားဝ - မ မပါ။
ဘုရားဖူးဘူးသည် - မ မပါ။
ဗူးသီးတလုံးဆောင် - စသတ် မပါ။
ရောက်ဘူးသည် - မ မပါ။
ကဝိဓဇသတ်ပုံကျမ်း (စာမျက်နှာ ၂၅၇)
ဘူး
မသွားဘူး၊ မလာဘူး၊ ရောက်ဘူးသည်၊ မမြင်ဘူးပါ၊ နဘူးနွယ်။
အများက ရွတ်ဆိုပို့သကြတဲ့ မေတ္တာပို့စာထဲမှာ မြင်ဘူး၊ မမြင်ဘူး၊ ကြားဘူး မကြားဘူး စာလုံးတွေပါတယ်။
တခြားသူတွေ ရေးကြတာလည်း ရှိတယ်။
- ဂရိဘက်မှ မြင်းရုပ်ကြီးအား ထရိုဂျန်စစ်သားများက ကြိုးများဖြင့်ချည်နှောင်ကာ အီလီယွန်မြို့ ထဲကို သယ်ဆောင်သွားတဲ့အကြောင်းတွေကို ကြားဘူးနားဝရှိကြပါလိမ့်မည်။
- ကြားဘူးနားဝစကားများ
- ကြားဘူးနားဝ ရှိလို့လည်း မလိမ္မာ၊ ဆိုဆုံးခက်သော ကလေးငယ်များကိုပင် " မင်းကတော့ ဒု၊သ၊န၊သောပဲ" လို့ ရေးရွတ် တတ်ကြပါတယ်။
- ကြားဘူးနားဝ ပါရမီလေး ပါသွားဖို့ ဒီသီချင်းလေး အစအဆုံး နားထောင်ကြည့်ပါလား လယ်တီဆရာတော်ကြီးကိုယ်တိုင် "ဟဲ့- ဒီသီချင်း ဘယ်သူရေးတာလဲဟ"
- ကြားဘူးနားဝနဲ့ ပုရုပ်ဆီကို အလွယ်ပဲ သုံးနေကြတာ များပါတယ်။
- ကြားဘူးနားဝဟာသပုံပြင်များ / မကွေးဝင်းမြင့် ရန်ကုန် တံခွန်တိုင်စာပေ ၁၉၈၀
- ဆာလံကျမ်း ၁၂၉ — ၁၂၉:၅–၇ မယုံကြည်သူများသည် အကြင်နာတရားမရှိ။ ကိုယ်ချင်းစာတရားလည်း နားမလည်ကြ။ ဘို့တလုံးသာရှိကြသည်။ ကောင်းချီးမင်္ဂလာရိတ်သိမ်းခြင်းကိုလည်း ကြားဘူးနားဝမရှိကြ။
- မြန်မာတို့ရဲ့ ပံ့သကူမယ် လို့ အများစုကကြားဘူးနားဝ ရှိနေခဲ့ကြတာ ဖြစ်ပါတယ်။
- မြို့မငြိမ်း ရဲ့တေးလက်ရာကို တေးသံရှင်/ ဒီသီချင်းလေးကို ကျွန်တော်ငယ်ငယ်က ကြားဘူး နားဝ ရှိခဲ့ပါတယ် ဆိုပြီး မနည်း ရှာဖွေခဲ့ရပါတယ်
- မှတ်မှတ်ရရ ကြားဘူးနားဝ
- အခုတခါမှာတော့ ကျွန်တော်ဒီသီချင်းကို ကြားဘူး နားဝ ရှိခဲ့တာတော့ ကြာပါပြီ
- ကြားဘူးနားဝလို့ သီချင်စာသားမှာ ပါတယ်။
- မဟာစည်ဆရာတော်ရေးသားတဲ့ ဝိပဿနာရှုနည်းကျမ်းမှာ ထို့ကြောင့် မြင်ဘူး ကြားဘူး နံဘူး စားဘူး တွေ့ထိဘူး ကြံသိဘူးသော ထိုအတိတ်ရုပ်နံတို့ကို ပြန်၍စဉ်းစားမိတိုင်း ဃနပညတ်ထင်ရှားလျက် နိစ္စ သုခ အတ္တဟု ထင်မြင် စွဲလမ်းမှုသည် ဖြစ်ပေါ်၏။
"ချစ်ပါရဲ့လားမေးစမ်းချင်"
ပုဝါပါးနဲ့ ကြက်သား ထုပ်ရင် စွန်းတတ်တယ် ရှင် တရွာသားကို ရည်းစားလုပ်တော့ လွမ်းတတ်တယ် တဲ့ ကြားဘူးနားဝ စကားလျှင် နားမဝင် မောင့်ကိုသာပဲ ချစ်ကြိုးနှောင်ဖွဲ့ ချစ်လာသည်တွင် သံသရာကပ်လုံး ပြုန်းပျက်ဦးတော့ ချစ်နေမှာပဲ ရှင် နှစ်ကိုယ်တူယှဉ် အကြင်နာ
ချစ်ပါရဲ့လားမေးစမ်းချင် - စန္ဒရားလှထွတ်। မာမာအေး https://www.youtube.com/watch?v=fD0q_taKmVM
ငြင်းပယ်သောအနက်ဖြင့် ကြိယာကို ထောက်ကူသောစကားလုံး။ ခုခံနေဖို့မလိုပါဘူး။ ရှုပ။ ၁၄၉။
ဗူး ဘူး ဗူး ဋီကာ https://dr-tint-swe.blogspot.com/2021/06/blog-post_617.html
ဘူး ဖူး ဗူး https://dr-tint-swe.blogspot.com/2021/08/blog-post_731.html
ဗူးလုံးနားမထွင်း ဆရာကြီးလုပ်သူ https://dr-tint-swe.blogspot.com/2022/06/blog-post_485.html
ဆူးကြားက ဗူးသီးဘဝ https://dr-tint-swe.blogspot.com/2022/01/blog-post_491.html
ဘူးမမှုတ်နဲ့သမီးရယ် https://burmese-spelling.blogspot.com/2024/06/blog-post_681.html
မမြင်ဘူး မကြားဘူး မြင်ဘူး ကြားဘူး https://burmese-spelling.blogspot.com/2024/07/blog-post_631.html
ဗူးတလုံးဆောင် https://burmese-spelling.blogspot.com/2024/01/blog-post_67.html
ဘူး ဖူး https://burmese-spelling.blogspot.com/2024/01/blog-post_693.html
ပူး ဘူး ဗူး https://burmese-spelling.blogspot.com/2025/01/blog-post_204.html
ဒေါက်တာတင့်ဆွေ



Comments
Post a Comment