Skip to main content

ပန်းကန် ပုဂံ ပုကံ


၁။ ပုဂံ၊ ပန်းကန် ရှင်းပြပေးပါ
ပုဂံခေတ်က ပန်းကန်ပြား။
၂။ ဆရာရှင် ထမင်းပန်းကန် ဘယ်လိုပေါင်းပါသလဲရှင် ကျေးဇူးပါ
၃။ ဆရာ ဒီသတ်ပုံက (ပုဂံ) အမှန်ပါပဲလား ဆရာ။
ပန်းကန်သာ မှန်တယ်။
မြန်မာအဘိဓာန်(၁၉၇၉)
ပန်းကန် - မြေ၊ ကြွေ၊ ဖန်၊ ပလတ်စတစ် စသည့်ပစ္စည်းအမျိုးမျိုးဖြင့် ပြုလုပ်သော ထည့်စရာ အသုံးအဆောင်။
ပန်းကန်ခွက်ယောက် - ထည့်စရာ အသုံးအဆောင် အမျိုးမျိုး။
ပန်းကန်စောက် - စောက်အတန်ငယ် နက်သော ပန်းကန်။
ပန်းကန်ပြား - အစောက်တိမ်၍ ပြန့်သော ပန်းကန်။
ပန်းကန်လုံး - အစောက်နက်၍ လုံးဝိုင်းသော ပန်းကန်။ အရည်ထည့် ပန်းကန်။
ကဝိဓဇသတ်ပုံကျမ်း
ပု
ပုဂံပြည်။ ပုဂံဘုရား။ ပုဂံရာဇဝင်။ ပုစဉ်းကောင်။ ပုစဉ်းထိုးငှက်။ ပုထိုးစေတီ။ ပုခက်။ ပုဆိုး။ ပုစွန်။ ပုဆိန်။ ပုဆစ်တုပ်။ ပုတလက်။ ပုထဝီ။ ပုရဟား (ပုရှား = မြတ်စွာဘုရား)။ ပုရောဟိတ်။ ပုရည် (ဆန်းစပါးထည့်သော စလွယ်)။ ပုလုကွေးလေး။ ပုလဲတမူး (နှစ်သက်မြတ်လေးသည်)။ ပုလဲသီး။ ပုလဲသွယ်။ ပုလဲမြို့။ ပုလဲပုတီး။ ပုလိပ်။ ပုရပိုက်။ ပုပုကွကွ။ ပုပုပျပ်ပျပ်။ အပု။ ငရုတ်ပု။ ပရာဏကဿဖ။ ပုရေဇာတပစ္စည်း။ ပုလောမအသူရာ။ ပုတိ-ဘင်္ဂ-မရဏ။ ပုလဲရောင်ရှိန်။ ဦးပု။ ဖေ-ပု-ရှိန်။ အရပ်ပု။
ပုခက်
ပုဂံခေတ်
ပုစဉ်းကောင်
ပုစဉ်းထိုးငှက်
ပုစဉ်းရင်ကွဲ
ပုစွန်
ပုစွန်ကယ်မြှုံး
ပုစွန်ကျော့
ပုစွန်ချဉ်
ပုစွန်ခြေကြွေပင်
ပုစွန်ခြောက်
ပုစွန်ခွံ
ပုစွန်စာပင်
ပုစွန်ဆိတ်
ပုစွန်တာရာ
ပုစွန်တုပ်
ပုစွန်လုံး
ပုစုခရု
ပုဆစ်တုပ်
ပုဆိန်
ပုဆိုး
ပုဆိုးကြမ်း (အမဲဝမ်းတွင်းသား)
ပုဆိုးဆီး
ပုဆိုးတန်းတင်
ပုတတ်ကောင်
ပုတတ်စာပင်
ပုတီး
ပုတီးစိပ်
ပုထိုး
ပုထုဇဉ်
ပုပျပ်ပျပ်
ပုရစ်ကောင်
ပုရစ်ဖူး
ပုရပိုက်
ပုရွက်ကြောင်း
ပုရွက်ဆိတ်
ပုရွက်ပျံ
ပုရောဟိတ်
ပုလင်း
ပုလဲကုံး
ပုသိမ်ထီး
ပုအိုင့်အိုင့်
ပန်း
ပင်ပန်း
ပန်း၍တက်
ပန်းကန်ပြား
ပန်းကြိုး
ပန်းကုံး
ပန်းကုံးစွပ်
ပန်းချဉ်ပေါင်
ပန်းချီ
ပန်းခြံ
ပန်းခြောက်
ပန်းခုံ
ပန်းဂေါ်ဖီ
ပန်းစည်းကြိုး
ပန်းစွဲသရက်ပင်
ပန်းစုံငါးပိ
ပန်းဆွတ်
ပန်းဆွဲ
ပန်းဆွဲရေကျ
ပန်းညိုပင်
ပန်းတဉ်း
ပန်းတည်ခုံ
ပန်းတမော့
ပန်းတုံးတိုင်
ပန်းတော့
ပန်းထိမ်
ပန်းထိမ်ငိုပန်း
ပန်းထိမ်ဖိုငှက်
ပန်းနာရောဂါ
ပန်းနုပန်းမ
ပန်းပြားပင်
ပန်းပြေးပွဲ
ပန်းပြောက်
ပန်းပွတ်
ပန်းပု
ပန်းပဲ
ပန်းဖွား
ပန်းမန်
ပန်းမုန်လာ
ပန်းယွန်း
ပန်းရက်
ပန်းရည်စုပ်ငှက်
ပန်းရန်ဆရာ
ပန်းရွဲ
ပန်းလည်တိုင်
ပန်းသုန်းပင်
ပန်းအိပင်
ပုကံ
၄။ ပုကံ ဖြစ်နေတယ်။ ပုဂံ သို့မဟုတ် ပုကံစစ်ပေးပါအုန်းဆရာ။
မေးလို့ ကျေးဇူး။ သမိုင်းဆရာ ဒေါက်တာသန်းထွန်းက 'ပုဂံ' လို့ အများစုကရေးနေတာကို 'ပုကံ' လို့သာ ရေးတယ်။ ဒါပေမဲ့ ဒေါက်တာသန်းထွန်းက 'ပုဂံဝန်ထောက်ဦးတင်' ကို ကိုးကားရေးသားတဲ့အခါ 'ပုကံဝန်ထောက် ဦးတင်' လို့ မရေးပါ။ အခုခေတ်မှာ အဲလို လေးစားသမှုပြုရကောင်းမှာ မသိကြသူက များနေတယ်။ 
ဒေါက်တာသန်းထွန်းရေးတဲ ပုကံခေတ်သတ်ပုံ ဓါတ်ပုံတင်လိုက်ပါတယ်။ ကျွန်တော်က အထင်ကရ ဆရာတော်တွေ၊ ဆရာတွေရေးထားခဲ့တာတွေကို ကိုယ်လိုသလိုလိုက်ပြင်ပြီး ထုတ်ဝေကြတာမျိုးကို သဘောမတူပါ။ အမှားကို ရောင်းစားကြသူများလို့ သတ်မှတ်ပါတယ်။ ဆောရီး။
ရှေးပုဂံခေတ် ကျောက်စာများတွင် 'ပုကံ'ဟူ၍ ရေးသားပြီး ပုဂံဟူသော အရေးအသားမှာ အလွန်နည်းပါးသည်။ 
တနေ့တလံ ပုဂံဘယ်ပြေးမလဲ
တနေ့တလံ ပုဂံဘယ်ရွေ့
တနေ့တလံ ပုဂံဘယ်မရွေ့
ဆိုစကားကို မှန်အောင်မရေးတတ်ရင်တော့ သွားလိုသူ တရွေ့မှ ရွေ့မည်မဟုတ်ပါ။
အမှန်ကို မှားအောင် မပြင်ရ။
ပုံအတွက် ကျေးဇူး။
ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ