၂၇-၂-၂၀၁၉ နေ့ညလက်ဖက်ရွက်နုဖန်ဖန် အငန်လျော့သွားအောင် ရေသုံးထပ်ဆေး၊
မြေပဲဆံကြော်ဆိမ့်ဆိမ်းလေးနဲ့ ကြက်သွန်ဖြူမွှေးမွှေး၊
အခါးအတွက် အနားက သင်္ဘောရွက်လေးတော့ ကိုယ်တိုင်ခူးယူ၊
ပုံမြင်သူတွေ အထင်မသေးအောင် ပုစွန်ခြောက်ကလေးပါ တစောင်ကထား၊
ဘာစားစားပါရတဲ့ ငရုတ်စိမ်းလေးက တတောင့်၊
သောက်စရာက ရေနွေးကြမ်း၊
ညဉ့်နက်မှာလာတဲ့ မေးခွန်းတွေ ဖြေစမ်းဦးမယ်။
၂၀၂၅ ခုနှစ် မှာတော့
လက်ဖက်မစားဖြစ်တာ ကြာပြီ။ ဒီအရပ်မှာ ကိုယ်ကြိုက်တဲ့ လက်ဖက်အရွက်နုနုအခါး ရှားတယ်။ နှပ်ထားတာတွေ မစားချင်။ ဒီနှစ်ဆောင်းမဝင်ခင်က သင်္ဘောပင်လည်း အိမ်ထဲသွင်းမထားဖြစ်။
ည ၁၂ နာရီထိုးတာနဲ့ ကွန်ပြူတာလည်းပိတ်လိုက်တယ်။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment