ကဝိဓဇသတ်ပုံကျမ်း
မရန်း။
မြန်မာအဘိဓာန် အကျဉ်းချုပ် (၁၉၇၉)
မရန်းစေ့ရောင်
မရန်းပင်
မရန်းပြား
ရှင်ဥတ္တမကျော် တောလား ပုံနှိပ်မူ ၂ မျိုးတွေ့တယ်။ တခုမှာ မရန်း၊ နောက်တခုမှာ မရမ်း။
တိမ်ညိုမိလ္လာ၊ တိမ်စူကာနှင့်
တိမ်ပြာရောရှက်၊ မရန်း(မရမ်း) ဖက်၍
တိမ်သက်တန့်ရောင်၊ အဝါပေါင်ဝယ်
မှောင်ခဲ့တခါ၊ ပြာခဲ့တချို့
ညှိုခဲ့တလီ၊ ရီခဲ့တဖုံ
မှုန်ခဲ့တချက်
ယုဂန်ထက်က၊ လေးဖက်လုံးခြုံ
တိမ်ဂဠုန်လည်း၊ နဂါရုံကြွေ့
ခိုးငွေ့လွှတ်ပြိုင်၊ ဂုဏ်ချင်းဆိုင်ခဲ့။
အဲလို စာလုံးတွေကို မူကွဲလို့ ခေါ်ပါတယ်။ နှစ်မျိုးလုံး သုံးနိုင်တယ်။ တချို့မူကွဲစာလုံးက ၂ လုံးမက ရှိတယ်။ ဥပမာ ဒါး၊ ထား၊ ဓါး နဲ့ ဓား။
မြန်မာစာကို တသွေးတသံတမိန့်စနစ်နဲ့ သင်လို့ မရပါ။
အနီရောင် မှား၊ အစိမ်းရောင် မှန်လို့လည်း ယတိပြတ်ပြောမရနိုင်တာတွေ ရှိတယ်။
အရေး၊ အပြောနဲ့ အသံထွက် မတူတာတွေလည်း ရှိတယ်။
မရန်းသီးသည် ချဉ်၏။ ထောင်းစား၊ တို့စား၊ ချက်စားလို့ကောင်း၏။
မရမ်းသီးသည် မှည့်သော် ချို၏။ ရောင်းလို့လည်း ကောင်း၏။
ပုံအတွက် ကျေးဇူး။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment