ဆရာရှင့် အနှစ်ချုပ်စာလုံးရေ ရေတွက်ရာမှာ 'လျှင်' ကို စကားလုံး နှစ်လုံးအရေနဲ့ ရေတွက်ရပါသလားရှင့်။ ဘာသာဗေဒ မှာသင်ရတာက ဗျည်းတစ်လုံး နဲ့ သရ တစ်လုံး(တလုံး)ပေါင်းမှ စကားသံတစ်ခု(တခု) သို့မဟုတ် သရတစ်လုံး(တလုံး)ကို စကားသံ တစ်ခု(တခု)လို့ ရေတွက်ရတယ်လို့ မှတ်သားဖူးပါတယ်ရှင့် အဲ့ သဘောတရားအရဆိုရင် 'လျှင်' ဆိုတာ ဗျည်း လှ နှင့် ယပင့်သံ ယ သရ 'အင်' နဲ့ပေါင်းရမှာ ဖြစ်လို့ တစ်လုံး(တလုံး)အနေနဲ့ ရေတွက်ရမှာပါရှင့် အခု တက္ကသိုလ် ဆရာမက 'လျှင်' ဆိုရင် စကားလုံးနှစ်လုံးအနေနဲ့ ရေတွက်ရမယ်လို့သင်ပေးတဲ့အတွက် ရှုပ်ထွေးနေရပါတယ်ရှင့် အဲ့တာလေးကို ဖြေကြားပေးစေလိုပါတယ်ရှင့်
လျှင်
အသံထွက် = ယင်
၁။ တစုံတခုသော ပြုလုပ်ခြင်း၊ ဖြစ်ခြင်းကို ရည်မှတ်၍ ပြောဆိုရာတွင် သုံးသောစကားလုံး။
မူ။ က။ မှ။ သော်။
ခရီးသွားလျှင်၊ အနားအနေနည်းမှ ရောက်လွယ်သည်။ (ယင် လို့ အသံထွက်စေထားပါတယ်။)
၂။ ရှေ့နာမ်ပုဒ်ကို လေးနက်စေသော စကားလုံး။
အလုပ်ပျက်သည့် ရက်မှစ၍ တလလျှင် ခြောက်မူးကျကို တွက်၍ ပေးစေ။
ဒုတိယနမူနာစာကြောင်းက လျှင် ကို သတ်ပုံကျမ်းမှာ ယင် လို့သာ ပြဆိုထားပေမဲ့ လယင် လို့ ၂ သံထွက်သင့်ပါတယ်။
ကျွန်တော်က မြန်မာစာဆရာတော့ မဟုတ်ပါ။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment