Skip to main content

ယဉ်ကျေးမှု

ယဉ်ကျေးသိမ်မွေ့ခြင်း ကင်းမဲ့၍ ခက်ထန်ဆိုးရွားသော မျက်နှာထားဖြင့်ကြည့်၍ တဖက်

သားအခံရခက်အောင် ပြုမူလိုက်ခြင်းသည် ပြုလုပ်ခြင်းခံရသူ၏ မုန်းတီးခြင်းကို ခံရသည်မှတပါး
မိမိတွင် ဘာမျှအကျိုးမရှိလိုက်ချေ။
(ဒေးကာနက်ဂျီ)
လူအပေါင်းတို့၏ ချစ်ခင်ခြင်း လေးစားခြင်းခံရအောင်လုပ်တတ်သော လူတို့မှာ လှပသော
အဆင်းကြောင့်မဟုတ်။ ယဉ်ကျေးသိမ်မွှေ့ဖွယ်ရာသော အကြောင်းကြောင့်သာ ဖြစ်ကြပေသည်။
(ယောက်ျားတံခွန်ကျမ်းမှ)
သင်၏မော်တော်ကားတွင် စက်ဆီသည် အရေးကြီးဘိသကဲ့သို့ လင်နှင့်မယား ပေါင်းသင်း
ဆက်ဆံရာ၌လည်း ယဉ်ကျေးသိမ်မွေ့မှုသည် အရေးကြီးလေသည်။
(ဒေးကာနက်ဂျီ)
လှပသော ပန်းပွင့်များကို မြင်ရလျှင် စုတ်ပဲ့နေသော ခြံစည်းရိုးကို သတိမရဘိသကဲ့သို့
ယဉ်ကျေးသိမ်မွေ့ခြင်းသည် လူတယောက်၏ အခြားအပြစ်များကို ဂရုပြုမိမည်မဟုတ်ချေ။
(ဟင်နရီကလေးရစ်ဇနား)
ယဉ်ကျေးသိမ်မွေ့ခြင်းသည် လေမွေ့ရာနှင့်တူ၏။ အတွင်း၌ တစုံတရာမျှမရှိဟု ထင်ရသော်
လည်း အတွေ့မှာ အလွန်ကောင်းလေသည်။
(ယောက်ျားတံခွန်ကျမ်းမှ)
ပေးပို့သူ ထွန်းလှိုင် (အင်းလေး)

 ငွေတာရီမဂ္ဂဇင်း ၇ (၁၉၆၂ ဇွန်လ)

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ