Skip to main content

Democracy မြန်မာစာမှာ ဒီမိုကရေစီရှိသလား

မဲခွဲနည်းနဲ့တော့ မြန်မာစာကို အမှန် အမှား မရွေးသင့်ပါ။ ပညာကို ပညာနဲ့သာ ဆွေးနွေး ငြင်းခုန်သင့်တယ် ထင်ပါတယ်။ 

မြန်မာ့သမိုင်းမှာ မဲခွဲနည်းဥပမာတွေရှိတယ်။ အမည်းထည့်လည်း အဖြူဖြစ်တဲ့မဲပေးပွဲတွေရှိခဲ့တယ်။ ၂၅ ဂဏန်းဟာ ၇၅ ဂဏန်းထက်များတဲ့ ဥပမာလည်းရှိတယ်။

မြန်မာစာအထက်မှာ အာဏာမရှိသင့်လို့ ထင်နေတယ်။ ဒီမိုကရေစီဆိုတာ ကိုယ်ထင်ရာကိုယ်ပြောနိုင်တယ်။ ပညာကို နိုင်ငံရေးမလုပ်သင့်လို့ ထင်တယ်။

အမိန့်ပေးနည်နဲ့လည်း သတ်ပုံတွေမပြင်သင့်ပါ။ 

အရေးအသား၊ အပြောအဆိုနဲ့ သတ်ပုံမှာ ကပြောင်းကပြန်တွေဖြစ်နေခြင်းဟာ အမိန့်ပေးနည်းနဲ့ အတင်းအဓမ္မ ပြောင်းခိုင်းလို့ ဆက်ဖြစ်လာတဲ့ မကောင်းကျိုးဆက်ဖြစ်ပါတယ်။

ပြက္ခဒိန်ပြောင်းလို့ သတ်ပုံပေါင်းတာ မြန်မာစာ။ ၁၉၈၅ နဲ့ ၁၉၈၆ မတူတော့ပါ။ ၂၀၂၅ က ၁၉၈၆ နဲ့ တူသတဲ့။

အစိုးရပြောင်းလို့ သတ်ပုံပြောင်းတာ မြန်မာစာ။ မဆလ ကနေ နဝတ ဖြစ်တော့ တ တွေ တစ် ဖြစ်ကုန်တယ်။

ဆိုရှယ်လစ်ခေတ်မှာ လူတိုင်းလိုလိုပါတီဝင်ကြရတယ်။ အခု အဲဒီပါတီ မရှိတော့ပါ။ ပါတီဝင်တွေလည်း မရှိတော့ပါ။ သတ်ပုံပြောင်း အမိန့်ပေးခဲ့တဲ့အစိုးရမရှိတော့တာတောင်မှ ပေါ်လစီသတ်ပုံ တင်းပြည့်ပါတီဝင်တွေက ဆက်ရှိသေးတယ်။ 

ဒေါက်တာတင့်ဆွေ

၂၇-၂-၂၀၁၈

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ