Skip to main content

တတိယများအကြောင်း

အခုကြုံတွေ့နေကြရတဲ့ ငလျင်ဘေးကြီးဟာ စစ်ကိုင်း၊ အင်းဝ၊ အမရပူရနဲ့ မန္တလေးမှာ အများဆုံး။

ကုန်းဘောင်မင်းဆက်ကို တတိယမြန်မာနိုင်ငံလို့ ရာဇဝင်စာအုပ်တွေမှာ ရေးပါတယ်။ 

ပုဂံခေတ်က ပဌမမြန်မာနိုင်ငံ။ 

တပင်ရွှေထီး အစပျိုးပြီး ဘုရင့်နောင်က ဒုတိယမြန်မာနိုင်ငံကို တည်ထောင်ပါတယ်။

တတိယမြန်မာနိုင်ငံခေါ် ကုန်းဘောင်မင်းဆက်မှာ ဘုရင် ၁၁ ဆက်ရှိတယ်။

အလောင်းဘုရား၊ ရွှေဘိုမှာ ၈ နှစ် နန်းစံတယ်။

နောင်တော်ကြီးမင်းလည်း ရွှေဘိုမှာ ၃ နှစ်စံတယ်။

ဆင်ဖြူရှင်က ရွှေဘို နဲ့ အင်းဝ တလှည့်စီ ၁၃ နှစ်နန်းစံတယ်။

စဉ့်ကူးမင်းက အင်းဝမှာ ၅ နှစ်နန်းစံတယ်။

ဖောင်းကားစားမောင်မောင် အင်းဝမှာ ၇ ရက်။

ဘိုးတော်မင်းက တောင်မြို့ ခေါ် အမရပူရမှာ ၃၈ နှစ် နန်းစံတယ်။

ဘကြီးတော်က အင်းဝမှာ ၁၈ နှစ် နန်းစံတယ်။

သာယာဝတီမင်းက တောင်မြို့ ခေါ် အမရပူရမှာ ၉ နှစ် နန်းစံတယ်။

ပုဂံမင်းက တောင်မြို့ ခေါ် အမရပူရမှာ ၆ နှစ် နန်းစံတယ်။

မင်းတုန်းမင်းက မန္တလေးမြို့မှာ ၂၆ နှစ် နန်းစံတယ်။

သီပေါမင်းက မန္တလေးမြို့မှာ ၇ နှစ် နန်းစံတယ်။

၁၂၄၇ (၁၈၈၅) ခုနှစ်မှာ  ကုန်းဘောင်မင်းဆက်ကုန်ဆုံးပြီး၊ တတိယမြန်မာနိုင်ငံလည်း ပျက်ပါတော့တယ်။

နောက်တတိယဆိုတာ စစ်အာဏာသိမ်းမျိုးဆက်

၁၉၆၂ မှာ ဗိုလ်နေဝင်း။

၁၉၈၈ မှာ ဗိုလ်စောမောင်နဲ့ ဗိုလ်သန်းရွှေ။

၂၀၂၁ မှာ မအလ။

သင်ခန်းစာ

ယူအက်စ်အေမှာ ထရမ့် က တတိယသက်တမ်းအတွက် ကြံစည်နေတယ်။

မြန်မာ့ခေတ်သစ်သမိုင်းမှာ စစ်အင်အားစုနဲ့ ဒီမိုကရေစီအင်အားစု မဟုတ်တဲ့ တတိယအင်အားစုဆိုတာ မကြာမကြာ ပေါ်ပေါ်လာလေ့ရှိတယ်။ စစ်တပ်နဲ့ တစိတ်တပိုင်းပေါင်းပြီး ရာထူးနေရာလိုချင်ကြသူတွေ။ ရွေးကောက်ပွဲမျှော်နေကြသူတွေ။

ပျက်သုဉ်းသွားရတဲ့ တတိယမြန်မာနိုင်ငံ နန်းစိုက်ရာတွေမှာ ငလျင်ဘေးသင့်နေရတယ်။

စစ်အာဏာသိမ်း တတိယမျိုးဆက်လည်း ပျက်သုဉ်းပါစေသတည်း။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

တ - စသတ်စရာမလိုတဲ့ တအသုံးများ

စသတ်စရာမလိုတဲ့ တ အသုံး ၃၉၈ လုံးရှိတယ် 1. ငတရော် (ရေစကြိုမြို့နယ်) 2. ငါ့တရော် (စစ်ကိုင်း မြို့နယ်) 3. တကတဲ 4. တကျွန်းကျ 5. တကယ်တမ်း 6. တကယ်အမှန် 7. တကွ (အတူတကွ) 8. တကွနက် = တပြိုင်နက် 9. တကွဲတပြား 10. တကာ = တတွေ = အများတကာ 11. တကားကား 12. တကုပ်ကုပ်လုပ်နေသည် 13. တကိုယ်တည်း 14. တကိုယ်ကောင်း 15. တကိုယ်ရေတကာယ 16. တကူးတက 17. တကူးတကန့် 18. တကဲ့အဟုတ် 19. တကျက်ကျက် ရန်ဖြစ်နေကြသည် 20. တကျည်ကျည် ငိုနေသည် 21. တကျိတ်တည်း တဉာဏ်တည်း 22. တကျူကျူငို 23. တခဏချင်း 24. တခဏပန်း 25. တခန်းရပ် 26. တချွင်ချွင်မြည်နေသည် 27. တချွတ်ချွတ်မြည်သံ 28. တခမ်းတနား 29. တခွင်တပြင် 30. တခါတည်း 31. တခါတရံ 32. တခါတခေါက် 33. တခါတလေ 34. တခိခိ တချိချိ ရယ်သည် 35. တခုခုစားပါ 36. တခုတလေ 37. တခုလပ် 38. တခို 39. တခဲနက် = တလုံးတစည်းတည်း 40. တခဲထွေ = တပေါင်းတစည်းတည်း 41. တချက်တည်း 42. တချက်လွှတ်အမိန့် 43. တချာ = ပေါင်း = တဝေး = တစုတရုံးတည်း 44. တချိုးတည်းလစ်ပြီ 45. တချို့တဝက် 46. တချို့တလေ 47. တငမ်းငမ်း 48. တငိုငိုတရီရီ 49. တစံ့ = အနည်းငယ်မျှ 50. တစုံ (သင်္ကန်း) 51. တစုံတခု 52. တစုံတရာ 53. တစုံတဦး 54. တစုံတယောက် 55. တစစီ (တခုချင်း၊ အ...

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

ပဲ နဲ့ ဘဲ ဋီကာ

၁။ ပဲမှန်သမျှ ဘဲလား ဆရာခင်ဗျ အငြင်းအနေနဲ့မှ ဘဲ သုံးရတာလားဗျ ခွဲခြားမသိလို့ပါဆရာ ၂။ ဆရာခင်ဗျာ 'ပန်းပန်လျက်ပဲ' မှားတယ်ဆိုတော့ ပဲနဲ့ဘဲ အသုံးလေးရှင်းပြစေလိုပါတယ်ခင်ဗျာ ၃။ ပဲ နဲ့ ဘဲ သုံးတာ ပုံထဲကအတိုင်း မှန်လား မှားလား ဆိုတာ သိချင်ပါတယ် ဆရာ။ ၄။ ချောင်းအစွယ်လား ချောင်းအဆွယ်လားဆရာ မူကွဲတွေကလည်း ကွဲဘဲကွဲနိုင်လွန်း ၅။ မနက်စာ စားပဲဖြစ်ဖြစ် အဆာပြေလေးဖဲဖြစ်ဖြစ် - ဖဲဆိုတာ ဖဲရိုက်တာ။ ၆။ အထင်ကရအစားအစာ တစ်ခုဖဲလေနော် - တခုပဲ (ဘဲ) လေနော်လို့ ရေးရ။ ‘တစ်ခု’ ဆိုရင် မျိုမကျတဲ့အစားအစာ။ ဖဲဆိုတာ ဖဲရိုက်တာ။ ၇။ ငါပဲလုပ်မယ်လားဗျ ပဲ လား ဘဲ လား ဇဝေဇဝါဗျ ၈။ ပဲနဲ့ဘဲကို အမြဲမှားပါတယ် ဒါပဲလို့ပြောယင် အမှားပါလားရှင် - ပန်းပန်လျက်ပဲ မှားတယ်။ ဆိတ်အုပ်ကဗျာ။ - သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင် မှားတယ်။ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ဆိတ်မ။ ဗေဒါလမ်း ညိုပြာပြာ လတာပြင်ခြေရင်း လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။ ဆင်းရလဲ မသက်သာ အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့လာ အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။ ဆောင့်ခဲ့လဲ မသက်သာ နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ တလံကွာ လှ...