Skip to main content

တတိယများအကြောင်း

အခုကြုံတွေ့နေကြရတဲ့ ငလျင်ဘေးကြီးဟာ စစ်ကိုင်း၊ အင်းဝ၊ အမရပူရနဲ့ မန္တလေးမှာ အများဆုံး။

ကုန်းဘောင်မင်းဆက်ကို တတိယမြန်မာနိုင်ငံလို့ ရာဇဝင်စာအုပ်တွေမှာ ရေးပါတယ်။ 

ပုဂံခေတ်က ပဌမမြန်မာနိုင်ငံ။ 

တပင်ရွှေထီး အစပျိုးပြီး ဘုရင့်နောင်က ဒုတိယမြန်မာနိုင်ငံကို တည်ထောင်ပါတယ်။

တတိယမြန်မာနိုင်ငံခေါ် ကုန်းဘောင်မင်းဆက်မှာ ဘုရင် ၁၁ ဆက်ရှိတယ်။

အလောင်းဘုရား၊ ရွှေဘိုမှာ ၈ နှစ် နန်းစံတယ်။

နောင်တော်ကြီးမင်းလည်း ရွှေဘိုမှာ ၃ နှစ်စံတယ်။

ဆင်ဖြူရှင်က ရွှေဘို နဲ့ အင်းဝ တလှည့်စီ ၁၃ နှစ်နန်းစံတယ်။

စဉ့်ကူးမင်းက အင်းဝမှာ ၅ နှစ်နန်းစံတယ်။

ဖောင်းကားစားမောင်မောင် အင်းဝမှာ ၇ ရက်။

ဘိုးတော်မင်းက တောင်မြို့ ခေါ် အမရပူရမှာ ၃၈ နှစ် နန်းစံတယ်။

ဘကြီးတော်က အင်းဝမှာ ၁၈ နှစ် နန်းစံတယ်။

သာယာဝတီမင်းက တောင်မြို့ ခေါ် အမရပူရမှာ ၉ နှစ် နန်းစံတယ်။

ပုဂံမင်းက တောင်မြို့ ခေါ် အမရပူရမှာ ၆ နှစ် နန်းစံတယ်။

မင်းတုန်းမင်းက မန္တလေးမြို့မှာ ၂၆ နှစ် နန်းစံတယ်။

သီပေါမင်းက မန္တလေးမြို့မှာ ၇ နှစ် နန်းစံတယ်။

၁၂၄၇ (၁၈၈၅) ခုနှစ်မှာ  ကုန်းဘောင်မင်းဆက်ကုန်ဆုံးပြီး၊ တတိယမြန်မာနိုင်ငံလည်း ပျက်ပါတော့တယ်။

နောက်တတိယဆိုတာ စစ်အာဏာသိမ်းမျိုးဆက်

၁၉၆၂ မှာ ဗိုလ်နေဝင်း။

၁၉၈၈ မှာ ဗိုလ်စောမောင်နဲ့ ဗိုလ်သန်းရွှေ။

၂၀၂၁ မှာ မအလ။

သင်ခန်းစာ

ယူအက်စ်အေမှာ ထရမ့် က တတိယသက်တမ်းအတွက် ကြံစည်နေတယ်။

မြန်မာ့ခေတ်သစ်သမိုင်းမှာ စစ်အင်အားစုနဲ့ ဒီမိုကရေစီအင်အားစု မဟုတ်တဲ့ တတိယအင်အားစုဆိုတာ မကြာမကြာ ပေါ်ပေါ်လာလေ့ရှိတယ်။ စစ်တပ်နဲ့ တစိတ်တပိုင်းပေါင်းပြီး ရာထူးနေရာလိုချင်ကြသူတွေ။ ရွေးကောက်ပွဲမျှော်နေကြသူတွေ။

ပျက်သုဉ်းသွားရတဲ့ တတိယမြန်မာနိုင်ငံ နန်းစိုက်ရာတွေမှာ ငလျင်ဘေးသင့်နေရတယ်။

စစ်အာဏာသိမ်း တတိယမျိုးဆက်လည်း ပျက်သုဉ်းပါစေသတည်း။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ