Skip to main content

ခု အသုံးစာလုံးများ


စောန လို့ မရှိ။ စောဏလို့လည်း မရှိပါ။

ခုန ရှိတယ်။

ခုလေးတင် ရှိတယ်။

ခုတင်တုန်းက ရှိတယ်။ 

ခုတင်က ရှိတယ်။

ခုတင် နဲ့ ကုတင် မတူပါ။

(မြန်မာအဘိဓာန် အကျဉ်းချုပ် (၁၉၇၈)၊ စာမျက်နှာ ၈၆။

ခုခံ

ခုတုံး

ခုတင်ခု

ခုန

ခုနစ် (၇)

ခုနစ်စဉ်တန်း

ခုနစ်စဉ်ကြယ်

ခုနစ်ရက်ခုနစ်လီ

ခုနစ်ရက်သားသမီး

ခုနစ်သံ

ခုနစ်သံချီ

ခုနစ်ထွေက

ခုလုံးခံလုံး

ခုလတ်

ခုလုပ်ခုစား

ခုလေးတင်

ခုနှစ် (၂၀၂၅)

မှတ်ရန်

စောန လို့ မရှိ။ စောဏလို့လည်း မရှိပါ။

ခုန ရှိတယ်။

ခုလေးတင် ရှိတယ်။

ခုတင်တုန်းက ရှိတယ်။ 

ခုတင်က ရှိတယ်။

ခုတင် = ခံတင်

ထိုသည့်ရှေ့က၊ ထားလေ့တသွယ်၊ ခုတင်ငယ်ကား၊ နံလျားတောင်စွင့်၊ အမြင့်နှစ်မိုက်။ (ကုသပျို့)

ခုတင်က (ကြိဝိ) = မကြာသေးမီအတွင်းက၊ ခုနက။ ခုတင်က လန့်သည်မှာ မိမိတို့ဆင် လန့်သည်မဟုတ်လား။ (ဝံသ)

ကုတင်နဲ့ ခုတင် မတူပါ။ ဆေးရုံကြီးတချို့ ဆိုင်းဘုတ်တွေမှာ ခုတင်လို့ ရေးထားကြတာ မမှန်ပါ။ ခုတင်ဆိုတာ ခုံတမျိုးသာဖြစ်တယ်။

အိပ်စရာကုတင်၊ ဆေးရုံကုတင်၊ လူနာကုတင်၊ ခွဲစိတ်ကုတင်၊ သားဖွားကုတင်၊ ကုတင်ညောင်စောင်း။ တောအရပ်မှာ အသံထွက်အရ ဂဒင် လို့ ထွက်တယ်။

ကုတင် ခုတင် ကုဋင် https://burmese-spelling.blogspot.com/2024/02/blog-post_40.html

ကုတင် နဲ့ ခုတင် မတူပါ https://burmese-spelling.blogspot.com/2025/01/blog-post_91.html

ဒေါက်တာတင့်ဆွေ

Comments