Skip to main content

မိုး

မိုး သီချင်းစာသားတင်တာမှာ  နည်းနည်းလွဲတာတွေ့လို့ တင်ပြလိုက်ပါတယ်။ 

မိုး

ရေး -အလင်္ကာကျော်စွာရွှေပြည်အေး

ဆို ကိုမြကြီး

ဝသန်ခါမီ

လရာသီ ပြာရီရစ်ဝိုင်း

မှိုင်းလဲ့လဲ့၊ ဆိုင်းနွဲ့ နွဲ့

သိုင်းဖွဲ့လို့ ဟန်ချီ

မင်းလွင်ဆီ ညိုရာင်မှောင် ခိုး

မိုးလ အခါမီ

ဖြိုးဖြိုး လျလျ စွေလှသည်

ချိုးခြိမ့်သံ မာန်တင်းကာပ

အသူရာသိကြားမင်းက

စစ်ခင်းကာ ပြိုင်ကြပြီ

ချိုးခြိမ့်သံ မာန်တင်းကာပ

အသူရာသိကြားမင်းက

စစ်ခင်းကာ ပြိုင်ကြပြီ

စိတ်မကျေနိုင်

အနိုင်လုတော့

အေးလှပါသည်

ထွေးစရာ့ ဗလာအထည်

ဆွေး ဆွေး ဆွေး ရတာရှည်

ဇာကတ္တီဗွေဆိုင် ဖြေနိုင်ပါဘဲ

မလုံ့တလုံ ခြုံလွှာမွဲလို့

မစုံ ဖော်ကွဲ

သည်းကြွေ လုပြီ

သြော် ဘယ်ခါမှ အတူတကွ

နေရပါမည်

နွေးစရာ့အတည် ဆွေနှမ ဒါလီ

ဝေး ဝေး ရပြီ။

လိုက်တော်မူ သင့်ပါရဲ

အခွင့်ကို မျှော်

လိုက်တော်မူ သင့်ပါရဲ

အခွင့်ကို မျှော် မျှော် မျှော်

လိုက်တော်မူ သင့်ပါရဲ့

အခွင့်ကို မျှော်

မသင့်တော် သလိုပါ့

တမေခင် လွဲ

မသင့်တော်၊ မသင့်တော်သလိုပါ့

တမေခင်လွဲ

ရွှေရင်ထဲမှာဖြင့် ကွဲလုပြီ

စွဲသူ့ မျက်ရည်

စွဲသူရဲ့ မျက်ရည်

အောရက်ရှည်ရှညဆွေးတယ်လေး

သွေးကဲ့သို့ နီ

ပစ္စုန် ရယ် အမ္ဗုန်ရင့်ကျူး

မြူးခဲ့ပြီ

လေဦး မိုးသက်ချီ

တရွေ့ရွေ့နဲ့၊ မိုးငွေ့ လေချီ

ငွေချည် ငွေပန်း

တန်းကာကျပြီ ဆန်းစွာလှသည်

လွမ်း တာ ကရှည်

ပန်းလျဝေရီ လွမ်းတလို့ ပဲ

ဖြေမဆည် နိုင်တော့ပြီ

မူရင်းအဆို ကိုမြကြီး https://wwwyoutubecom/watch?v=MvHgW75V_ok

https://wwwyoutubecom/watch?v=J1Bt3T6c0ns

https://wwwfacebookcom/100060558574890/videos/759296441882554

မိုး တေးရေး-ရွှေပြည်အေး တေးဆို-ကိုမြကြီး https://wwwfacebookcom/watch?v=846581957486737

(သီချင်းတွေမှာ နောက်ခံသီချင်းစာသားမပါလေ ကောင်းလေ။ မှန်အောင်ရေးတတ်သူ တကယ့်ကိုရှားနေပြီ။)

ဒေါက်တာတင့်ဆွေ

Comments