Skip to main content

ယုံချင်ယုံမယုံချင်နေ

ကူးယူတင်ပြပါသည်။ ကျေးဇူး။ ကျွန်တော့ဟောကိန်း မဟုတ်ပါ။ ကျွန်တော့ ဟောချက် မဟုတ်ပါ။ နိဂုံး၊ နှစ်ခြမ်း၊ ဝိပဿနာ နဲ့ ရုတ်ချည်း စာလုံးတွေကို ပြင်ပါမည်။ ထောက်ပြသူများ ကျေးဇူး။

ယုံချင်ယုံမယုံချင်နေ။

မင်းအောင်လှိုင်ထွက်တော့။ အတော်တောင်နောက်ကျနေပြီ၊ မတ်လထဲမှာ မန္တလေးပျက်စီးမယ်၊ ဆီးရီးယားလိုဖြစ်သွားမယ်လို့၊ ပြီးခဲ့တဲ့ ၂၀၂၄ နှစ်လယ်ပိုင်းက ကျနော့ကိုဟောပြောနေကျ ပညာရှင်ကပြောပါတယ်။ သူဟာနက္ခတ္တဗေဒပညာကိုအခြေခံပြီး ပြောတာပါ၊ ဝိပဿနာသမားလဲဖြစ်တဲ့အတွက် စိတ်စွမ်းအားလည်း ရှိတယ်လို့ ထင်ပါတယ်။

အမေရိကန်ရွေးကောက်ပွဲမှာ ဒေါ်နယ်ထရန့်ဘဲနိုင်ဦးမယ်ပြောပါတယ်။ အမေရိကန်အစိုးရ ဝန်ထမ်းတွေ အလုပ်အကိုင်ထိခိုက်မယ်လို့လည်းပြောထားပြီးသားပါ။

ပြီးခဲ့တဲ့နိုဝင်ဘာလထဲမှာထပ်ပြောပါတယ်။ 

ဒါတွေကိုအများပြည်သူကို ပြောမပြခဲ့ပေမယ့်၊ နီးစပ်တဲ့အသိုင်းအဝိုင်းထဲမှာ ပြန်ပြောခဲ့ပါတယ်။ သက်သေအထောက်အထားရှိပါတယ်။ 

သူ့ရဲ့ပြောကြားချက်အရဆိုရင်တော့ ရန်ကုန်လည်း သတိထားဖို့လိုပါတယ်။ 

သူက လွန်ခဲ့တဲ့ ၃ နှစ်ကျော်လောက်ကဘာပြောခဲ့လဲဆိုရင်၊ မင်းအောင်လှိုင်ရဲ့ ကံဇာတဟာ အဆိုးဆုံးအပိုင်းကို ဝင်ရောက်နေပြီ၊ သူရှိနေရင်၊ စစ်တပ်လည်းပျက်မယ်၊ တိုင်းပြည်လည်းပျက်မယ်၊

တိုင်းပြည်နှစ်ခြမ်း ကွဲသွားမယ်လို့ ပြောခဲ့ပါတယ်။ မြန်မာနိုင်ငံမြေပုံပြောင်းသွားမယ်လို့ ပြောခဲ့ပါတယ်။ 

အဲဒိတုန်းက ၁၀၂၇ မဖြစ်သေးပါဘူး။ 

နောက်ချက်ကတော့ ချမ်းသာတဲ့သူတွေ ရုတ်ချဉ်းဆင်းရဲသွားနိုင်တယ်။

ဆင်းရဲနေသူတွေ ရုတ်ချဉ်းချဉ်းချမ်းသာသွားနိုင်တယ်။ 

မြန်မာမှာရော ကမ္ဘာမှာပါ ခေတ်အပြောင်းအလဲဖြစ်မယ်။ 

အမြဲဦးဆောင်နေသူတွေပြုတ်ကျမယ်၊ မထင်မှတ်သူတွေ တက်လာမယ်။ စသည်ဖြင့်ပြောခဲ့ပါတယ်။ PDF လူငယ်တွေ ဘုန်းတန်ခိုးသြဇာတက်လာမယ်ပြောပါတယ်။ 

မင်းအောင်လှိုင်ထွက်ပေးလိုက်ရင် စစ်တပ်ရော၊ တိုင်းပြည်ပါသက်သာမယ်လို့ ဟောပြောခဲ့ပါတယ်။ 

မင်းအောင်လှိုင်ရဲ့ ကံဇာတာအညံဟာ စစ်တပ်ကိုရော၊ တိုင်းပြည်ကိုပါထိခိုက်နေပါတယ်။ ဘာကြောင့်လည်းဆိုတော့ သူကထိပ်ဆုံးမှာတာဝန်ယူထားလို့ဖြစ်ပါတယ်။ 

သူ့ရဲ့ ကံဇာတာဟာ ပြန်လမ်းမရှိပါဘူး။

သူ့သဘောအလျောက်နှုတ်ထွက်ပြီးဘေးဖယ်ပေးမယ်ဆိုရင် သူရော၊ စစ်တပ်ရော၊ တိုင်းပြည်ပါသက်သာမယ်၊ မဟုတ်ဘူးဆိုရင်၊ သူအပါအဝင်အားလုံးပျက်စီးဆုံးရှုံးမယ်လို့ဟောပြောထားပါတယ်။ 

သူ့ကံကြမ္မာဆိုးကြောင်၊ သူ့လူတွေကသူ့ကိုပြန်ဖမ်းတာ ဒါမှမဟုတ် အတိုက်အခံတွေဖမ်းဆီးတာကြောင့် နေရာကျပြီး အသက်ဆုံးရှုံးနိုင်တယ်လို့ ဟောထားပါတယ်။ 

မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ်သို့မဟုတ် ဗိုလ်ချုပ်အောင်ဆန်းလက်ထက်က စကခဲ့တဲ့စစ်တပ်ရဲ့ တန်ခိုးသြဇာဟာ ဒီတကြိမ်နောက်ဆုံးဖြစ်ပြီး၊ အပြီးတိုင် နိဂုံးချုပ်သွားမှာဖြစ်တယ်လို့ ဟောပြောထားပါတယ်။ 

(ယခင်ကအကြောင်းတခုကြောင့်မပြောခဲ့တာဘဲဖြစ်ပါတယ်၊ အခုလည်းအချိန်ပိုင်းဘဲပြောမှာဖြစ်ပါတယ်၊ ကူးယူဖေါ်ပြသူများနောက်ပိုင်းမှာ ကိုယ်တာဝန်သာဖြစ်ပါတယ်၊ အပြုသဘောမဆောင်ဘဲ လာရောက်နှောက်ယှက်သူတွေကို ကြည့်ခွင့်ပိတ်ပါမယ်။)

Zaw Moe Kyaw

၃၀၊ ၀၃၊ ၂၀၂၅

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ