နိုင်ငံရေးထဲမှာ အလွန်လေးစားတဲ့ ဆရာဦးဝင်းတင်က ခြေမှာစကား လက်ဖျားကဗျာ မျက်နှာဇာတ်သိမ်းဆိုတဲ့ ဆောင်းပါးပေါင်းချုပ်စာအုပ်ထုတ်ခဲ့တယ်။ ၁၉၇၂ ခုနှစ်ကလို့ ဆရာသန်းဝင်းလှိုင်ရေးတာကို မိုးမခမှာ ဖတ်ရတယ်။ စာရိုက်သူလားတော့ မသိပါ၊ ဦးဝင်းတင်အား ၁၉၈၉ ခုနှစ် ဇွန်လိုင်လ၄ ရက်နေ့ ဖမ်းစီးအချိန်မှစ၍ အင်းစိန်ထောင် အထူးတိုက်ဝင်းအတွင်း၌ ထားရှိ၍လို့ဖြစ်နေတယ်။ ဖမ်းဆီးသတ်ပုံ မှားနေတယ်။
ကျွန်တော်တို့မြန်မာစာဆရာ ဘုတလင်ချစ်လေးရေးသီတဲ့ ကခြေသည်နှင့် အခြားကဗျာများစာအုပ်က အမျိုးသားစာပေဆုရတယ်။
ကျွန်တော်တို့စာသင်တဲ့ခေတ်မှာ အကလည်းကောင်းသူတွေလည်းရှိခဲ့တယ်။ စာရေးကောင်းသူတွေလည်းရှိခဲ့တယ်။ စာရေးဆရာတွေ ကဗျာဆရာတွေကလည်း သတ်ပုံမှန်တယ်။
အခုတော့ 'တပင်တိုင်' လို့ရေးတာ မှားသတဲ့။
မြန်မာစာအကသည် ခြေဖျားမုသား၊ လက်အမှား။
ဒေါက်တာတင့်ဆွေ
၂၈-၃-၂၀၁၉

Comments
Post a Comment