တရားကျစရာ သံဝေဂယူစရာကောင်းတယ်တဲ့။ သူဌေးတွေလည်း လမ်းပေါ်မှာ ဖျာခင်းအိပ်နေကြရပါသတဲ့။
နှစ်ရက်လုံးလုံး ဖုန်းကြိုက်သလိုသုံးနိုင်သူတွေက သတင်းမှန်ရော သတင်းမှားရော တင်နေခဲ့ကြတယ်။
ကျွန်တော်က အဲဒီနေရာဒေသတွေမှာ ဆယ်စုနှစ်ကျော်နေလာလို့ ပုံမြင်တာနဲ့ သိတယ်။ တချို့ဟာတွေက အမှားတွေ။
အမှားတွေ မတင်သင့်ပါဆိုတော့ ရန်တွေ့ကြတယ်။
တရက်လောက်နားထားရတဲ့ အမေးအဖြေတွေတင်တော့ ငလျင်မဟုတ်လို့ဆိုပြီး ဆဲသလိုလိုရေးကြတယ်။ Block ရတာ ၂၀ ကျော်ပြီ။
သူတို့နေရာတွေမှာ ဂိမ်းတွေ၊ ဘီယာပုလင်းတွေ၊ လူခေါ် လူလုံးပြတာတဲ့ Reels တွေ။
ဆဲဆိုသူတွေက အဲလိုဟာတွေကိုတော့ သြဘာပေးနေကြလိမ့်မယ်။
တကယ်ဒုက္ခရောက်နေသူများမှာ အဲလိုသတင်းတွေ၊ ပုံတွေ တင်ချိန်မရှိကြပါ။ အသက်လုပြီးပုန်းနေ ပြေးနေကြရတယ်။ လမ်းပေါ်အိပ်နေကြရတယ်။
တချို့ဆို သူတို့မြို့မှာ ဖြစ်တာ အကုန်လုံး မသိကြသေးပါ။ ပုံအလွဲ သတင်းမမှန်တာတွေတောင် သူတို့က မသိကြနိုင်သေးပါ။
စိတ်ရင်း မမှန်သူတွေက ရိုင်းပျကြတယ်။ အမှားကို အားပေးကြတယ်။ ခေတ်မကောင်းသမျှ အဲလိုလူမျိုးတွေက စွာကျယ်စွာကျယ်။
နောက်ထပ်လည်း Block ရဦးမယ်။
ဒေါက်တာတင့်ဆွေ
.jpeg)
Comments
Post a Comment