Skip to main content

Unusual names ထူးဆန်းသည်အမည်ခံယူသူများ၏ စိတ်နေသဘောထားကို ဆန်းစစ်ခြင်း

လူအများစုနဲ့မတူ ထူးခြားတဲ့၊ ထူးဆန်းတဲ့ အမည်ရှိသူတွေရဲ့ စိတ်အခြေအနေကို လေ့လာမှုတွေ လုပ်ထားပါတယ်။

“ပုံမှန်မဟုတ်သောအမည်များသည် စိတ်ပိုင်းဆိုင်ရာရလဒ်များနှင့် ချိတ်ဆက်နိုင်သည်” လို့ သုတေသနတွေက ဆိုပါတယ်။ 

အဲလိုအမည်တွေရဲ့ အကျိုးသက်ရောက်မှုတွေက ရှုပ်ထွေးပြီး၊ အမြဲတမ်းအပျက်သဘောမဟုတ်သော်လည်း လူမှုရေးခံယူချက်များ၊ အသက်မွေးဝမ်းကျောင်းရွေးချယ်မှုများနှင့် မိမိခံယူချက်တို့ကိုပင် သက်ရောက်မှု ရှိနိုင်သည်။ 

လူမှုရေး ခံယူချက်များနှင့် တုံ့ပြန်မှုများ

ပုံမှန်မဟုတ်သော နာမည်ရှိသည့် ကလေးများသည် အများအားဖြင့် နာမည်ပိုရှိသောသူများနှင့် နှိုင်းယှဉ်ပါက လူသိနည်းပြီး လူကြိုက်များမှု နည်းပါးနိုင်ကြောင်း လေ့လာမှုများက ဖော်ပြသည်။

သွယ်ဝိုက်သောဘက်လိုက်မှု

အမည်များသည် အထူးသဖြင့် ဘေးဖယ်ထားသော အုပ်စုများမှ လူတဦးချင်းစီအတွက် နိမ့်ကျသော မျှော်လင့်ချက်များ သို့မဟုတ် ခွဲခြားဆက်ဆံခြင်းသို့ ဦးတည်သွားစေနိုင်သည့် သွယ်ဝိုက်သော ဘက်လိုက်မှုများကို ဖြစ်ပေါ်စေနိုင်သည်။ 

ယူအက်စ်အေမှာ အာဖရိကန်-အမေရိကန် အသံထွက်သော အမည်များဖြင့် ကလေးများ၏ အပြုအမူအတွက် ဆရာ၊ ဆရာမများသည် လူဖြူ ခေါ် ကော့ကေးရှန်း အသံထွက်နှင့် နှိုင်းယှဉ်ပါက နိမ့်ပါးနိုင်ကြောင်း လေ့လာမှုတခုက ဖော်ပြသည်။ 

အလုပ်ဈေးကွက်

ကိုယ်ရေးရာဇဝင်များတွင် အာဖရိကန်-အမေရိကန် အသံထွက်အမည်များသည် အလုပ်အကိုင် အခွင့်အလမ်းများအတွက် ခေါ်ယူခံရမှု နည်းပါးနိုင်သည်။ 

ကိုယ်ရည်ကိုယ်သွေးနှင့် အထောက်အထား

အချို့သော သုတေသနပြုချက်များအရ ထူးခြားသောအမည်တခုရှိခြင်းသည် ပိုမိုမြင့်မားသော တီထွင် ဖန်တီးနိုင်စွမ်းနှင့် ပွင့်လင်းသောစိတ်သဘောထားတို့နှင့် ဆက်စပ်နေနိုင်သည်ဟု အကြံပြုထားသည်။

အသက်မွေးဝမ်းကြောင်းလမ်းကြောင်းများ

ရှားပါးသောအမည်များကို ပုံမှန်မဟုတ်သော အသက်မွေးဝမ်းကြောင်းလမ်းကြောင်းများကို လိုက်လျှောက်ရန် ဖြစ်နိုင်ခြေပိုများသည်။ 

မိမိကိုယ်ကို ခံယူချက်

တစုံတဦးကို ခေါ်ဝေါ်သောအမည်သည် သူတို့ကိုယ်သူတို့ မည်သို့မြင်ပုံနှင့် အခြားသူတို့ကို မည်သို့မြင်ပုံအပေါ် လွှမ်းမိုးနိုင်သည်။ 

အမည်များ ပြောင်းလဲခြင်း

လူတဦးချင်းစီ၏ ကိုယ်ပိုင်အမှတ်အသားကို ပြန်လည်ရရှိစေပြီး ၎င်းတို့၏ စစ်မှန်သောကိုယ်ကိုတိုင် ဆုပ်ကိုင်ထားရန် ထောက်ကူမှုပေးသည့် အသစ်သောအစပြုမှုဟု အဓိပ္ပာယ်ဆောင်နိုင်သည်။ 

အခြားထည့်သွင်းစဉ်းစားချက်များ

Alexinomia ဟုခေါ်သော စိတ်ပိုင်းဆိုင်ရာ ဖြစ်စဉ်တခုသည် နာမည်ပြောခြင်းကို တားမြစ်ထားသော အပြုအမူဖြင့် လက္ခဏာရပ်တခုဖြစ်ပြီး လူမှုဆက်ဆံရေးနှင့် ဆက်ဆံရေးများကို ပြင်းထန်စွာ သက်ရောက်မှု ရှိနိုင်သည်။

ယဉ်ကျေးမှုဆိုင်ရာ အကြောင်းအရာ

နာမည်တခု၏ ခံယူချက်နှင့် အကျိုးသက်ရောက်မှုသည် ယဉ်ကျေးမှုနှင့် လူမှုရေးဆိုင်ရာ အကြောင်းအရာများပေါ် မူတည်၍ များစွာကွဲပြားနိုင်သည်။ 

မိဘများသည် သားသမီးများကို ရင်းနှီးနေချိန်တွင် ထင်ရှားပေါ်လွင်စေမည့် နာမည်များကို ရွေးချယ်ရန် ကြိုးစားလေ့ရှိသည်။ 

အမည်ပေးခြင်း ပိုင်ဆိုင်မှုများ

ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ ပိုင်ဆိုင်မှုများကို မကြာခဏ နာမည်ပေးကြပြီး၊ ကျွန်ုပ်တို့၏ ကိုယ်ပိုင်အယူအဆကို တိုးချဲ့မှုတခုအဖြစ် ရှုမြင်နိုင်သည်။ 

Nominative Determinism စာပေသိပ္ပံတွင် ဇာတ်ကောင်တဦး၏ အထူးသင့်လျော်သော အမည်ကို စရိုက်လက္ခဏာများဟုခေါ်ပြီး ထိုအမည်သည် ဇာတ်ကောင်စရိုက်များကို ထင်ဟပ်စေသည်။ 

အရေးကြီးသောမှတ်ချက်

နာမည်တခုရဲ့ အကျိုးသက်ရောက်မှုက အမြဲတမ်း အပျက်သဘောဆောင်တာမဟုတ်သလို အောင်မြင်မှုနဲ့ ပျော်ရွှင်မှုများစွာကို ရရှိခဲ့ကြောင်း မှတ်သားထားဖို့က အရေးကြီးပါတယ်။ 

အမည်များ၏ အကျိုးသက်ရောက်မှုများသည် တဦးချင်း အတွေ့အကြုံများ၊ ယဉ်ကျေးမှုဆိုင်ရာ အကြောင်းအရာများနှင့် ကိုယ်ပိုင်ယုံကြည်ချက်များ အပါအဝင် အကြောင်းရင်းအမျိုးမျိုးဖြင့် ရှုပ်ထွေးပြီး လွှမ်းမိုးနိုင်သည်။

ဖြည့်စွက်ချက်-

လေ့လာမှုတွေကို ယူအက်စ်အေမှာ လုပ်ပါတယ်။ ယူအက်စ်အေမှာ နေထိုင်ကြတဲ့ မြန်မာပြည်က အမည်တွေကို ဆန်းစစ်မှုလုပ်ထာတာတွေထဲမှာ မတွေ့ရပါ။

အမည်နာမတွေက အလွန်အရေးပါတယ်။ ရောင်းကုန်၊ ထုတ်ကုန်တွေရဲ့ အမည်တွေကြောင့် အကျိုးသက်ရောက်မှုတွေ ရှိတယ်။ အမြတ်အစွန်း များနိုင်တယ်။ အမည်ပေးအဆင်မပြေရင် ရောင်းမထွက်တတ်ပါ။

Brand name အမည်တွေ 

ဥပမာ Sony အမှတ်တံဆိပ်ပါ ကုန်တွေကို ဂျပန်ကထုတ်ပေမဲ့ ဂျပန်နာမည် ယူမထားပါ။ (မာဆူရာအိုင်ဘူကာ) ဟာ Tokyo Tsushin Kogyo နာမည်နဲ့ ကက်ဆက် ရီကော်ဒါတွေ စထုတ်တယ်။ ၁၉၅၈ မှာ Sony လို့ ပြောင်းလိုက်တယ်။ Sony နာမည်ဟာ လက်တင်လို Sonic နဲ့ Sound လို့ အဓိပ္ပါယ်ရတဲ့ Sonus ကနေလာတယ်။ Sonny လို့ လုပ်ရင်တော့ Boy လို့ အဓိပ္ပါယ်ရတယ်။ ဒုတိယကမာ္ဘစစ်မှာ အနုမြူဗုံးနှစ်လုံး ကြဲခံရပေမဲ့ အင်္ဂလိပ်နဲ့ အမေရိကန်ကို အရမ်းကာရောမုန်းတီးပြီး၊ ဂျပန်မှဂျပန်လို့ မျက်ကန်းမျိုးချစ် မလုပ်ခဲ့ပါ။

မြန်မာပြည်မှာလည်း ထုတ်ကုန်အမည်ကောင်းတွေကြောင့် ဈေးကွက်ကို လွှမ်းမိုးတာတွေ အထင်အရှားရှိတယ်။

ကိုယ်ပေးထာတဲ့အမည်ကို ကြော်ငြာလည်း ကောင်းရသေးတယ်။ အကုန်ခံနိုင်လေး ရောင်းရလေ များတယ်။

ဘယ်အမည်ဖြစ်ဖြစ် အမည်ခပ်ဆင်ဆင်အတုခိုးရင် မစွံပါ။ အကြံတူ နောက်လူ မသာဖြစ်တတ်တယ်။

ဆေးတွေလည်း ပါတယ် 

ဆေးပင်ရင်းအမည်ကတမျိုး၊ ရောင်းကုန်အမည်က တမျိုး။ ပင်ရင်းအမည်က ဈေးချိုတယ်။ ဥပမာ Vitamin B နဲ့ Burplex ဆေး။ Acetaminophen နဲ့ Paracetamol ဆေး။ WHO နဲ့ တချို့အစိုးရတွေက ပင်ရင်းအမည်ကို အားပေးတယ်။ သိပ်တော့ မထိရောက်လှပါ။ ပိုက်ဆံ။

လူမှုကွန်ယက်တွေမှာ ဥပမာ ဖေ့စ်ဘွတ်အကောင့်အမည်တွေကိုလည်း ဆန်းစစ်ရင် စိတ်ဝင်စားစရာ၊ နာယူစရာတွေနဲ့ ရှောင်ရှားစရာအချက်တွေ ရလာနိုင်တယ်။ 

‘ဘလော့’ ရတဲ့ အကောင့်အမည်တွေထဲမှာ တမူဆန်းပြားတဲ့အမည်တွေ မနည်းပါ။ သူတို့ရဲ့စိတ်နေသဘောကို ထင်ဟပ်ပါတယ်။

မြန်မာပြည်မှာ နာမည်တွေကို နေ့နံအရလည်း မှည့်ကြတယ်။ မျိုးရိုးအရလည်း မှည့်ကြတယ်။ အစဉ်အလာကို မလိုက်တာတွေလည်း ရှိတယ်။ ရောင်းကုန်အမည်တွေကို ဗေဒင်ကိန်းခန်းနဲ့လည်း ပေးတတ်ကြတယ်။ ‘ဖေ့စ်ဘွတ်’ မှာတော့ ဗြောက်သောက်။ တချို့က ခဏခဏပြောင်းတာ ဝါသနာ။ ‘ပရိုဖိုင်းလ်’ ပုံတွေကိုလည်း မကြာခဏပြောင်းတတ်သူတွေရှိတယ်။ ဘယ်သူဘယ်ဝါမှန်း သူများတွေ မသိစေအောင်ပြောင်းလိုခြင်းက တမျိုး။ လူသိခံချင်လွန်းတာက တမျိုး။ စိတ်နေသဘော တမျိးစီ မတူပါ။

စိတ်ပညာမှာ Frequent name changing compulsive behavior လို့ခေါ်တာရှိတယ်။ Obsessive Compulsive Personality Disorder ထဲကတခု။ ကိုယ်ပိုင်အမည်ကို မကြာခဏပြောင်းလိုခြင်းအလိုဆန္ဒပြင်ပြသည့် စိတ်အခြေအနေ။ ယင်းအပြုအမူသည် လူတဦးအား လုပ်ဆောင်ရန် တွန်းအားပေးသည်ဟု ခံစားရသော ထပ်ခါတလဲလဲ၊ မြဲမြံစွာနှင့် မကြာခဏ ထိန်းချုပ်မရသော အပြုအမူများကို ရည်ညွှန်းသည်။ အများအားဖြင့် စိတ်အနှောင့်အယှက်ဖြစ်စေသော အတွေးများ သို့မဟုတ် စွဲလမ်းမှုတို့ကြောင့် လှုံ့ဆော်ခံရပြီး စိုးရိမ်ပူပန်မှု သို့မဟုတ် စိတ်ဆင်းရဲမှုများကို လျှော့ချရန် ရည်ရွယ်သည်။

လူအမည်တွေမှာ တင်စီးတယ်ဆိုတာလည်း ရှိတယ်။ မောင်ဗလ က ပိန်ချပ်ချပ်။ မဖြူဖြူ က ညိုတိုတို။

နာမည်ကောင်းရကြပါစေသတည်း။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ပဲ နဲ့ ဘဲ ဋီကာ

၁။ ပဲမှန်သမျှ ဘဲလား ဆရာခင်ဗျ အငြင်းအနေနဲ့မှ ဘဲ သုံးရတာလားဗျ ခွဲခြားမသိလို့ပါဆရာ ၂။ ဆရာခင်ဗျာ 'ပန်းပန်လျက်ပဲ' မှားတယ်ဆိုတော့ ပဲနဲ့ဘဲ အသုံးလေးရှင်းပြစေလိုပါတယ်ခင်ဗျာ ၃။ ပဲ နဲ့ ဘဲ သုံးတာ ပုံထဲကအတိုင်း မှန်လား မှားလား ဆိုတာ သိချင်ပါတယ် ဆရာ။ ၄။ ချောင်းအစွယ်လား ချောင်းအဆွယ်လားဆရာ မူကွဲတွေကလည်း ကွဲဘဲကွဲနိုင်လွန်း ၅။ မနက်စာ စားပဲဖြစ်ဖြစ် အဆာပြေလေးဖဲဖြစ်ဖြစ် - ဖဲဆိုတာ ဖဲရိုက်တာ။ ၆။ အထင်ကရအစားအစာ တစ်ခုဖဲလေနော် - တခုပဲ (ဘဲ) လေနော်လို့ ရေးရ။ ‘တစ်ခု’ ဆိုရင် မျိုမကျတဲ့အစားအစာ။ ဖဲဆိုတာ ဖဲရိုက်တာ။ ၇။ ငါပဲလုပ်မယ်လားဗျ ပဲ လား ဘဲ လား ဇဝေဇဝါဗျ ၈။ ပဲနဲ့ဘဲကို အမြဲမှားပါတယ် ဒါပဲလို့ပြောယင် အမှားပါလားရှင် - ပန်းပန်လျက်ပဲ မှားတယ်။ ဆိတ်အုပ်ကဗျာ။ - သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင် မှားတယ်။ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ဆိတ်မ။ ဗေဒါလမ်း ညိုပြာပြာ လတာပြင်ခြေရင်း လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။ ဆင်းရလဲ မသက်သာ အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့လာ အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။ ဆောင့်ခဲ့လဲ မသက်သာ နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ တလံကွာ လှ...

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

ဂဏန်းရေးနည်း သင်ပုန်းကြီး

တရာ မှာ တ​ယောက်လား တစ်ရာ မှာ တစ်​ယောက် လား ဆရာ ပို့စ် တင်ပါမည်။ ၅-၁၀ ကြိမ်လောက်တော့ တင်ပြထားပြီး။ ဂဏန်းရေးနည်း ဘတ်နည်း ပုံစံ တစ် ၁ နှစ် ၂ သုံး ၃ လေး ၄ ငါး ၅ ခြောက် ၆ ခုနစ် ၇ ရှစ် ၈ ရှစ်ကိုး ၉ တဆယ် ၁၀ Numbers မှား မမှန် လွဲ လျှာရှည် https://burmese-spelling.blogspot.com/2023/06/numbers.html Numbers ဂဏန်းရေးနည်း (၂) https://burmese-spelling.blogspot.com/2022/08/numbers.html Numbers ဂဏန်းရေးနည်း (၃) https://burmese-spelling.blogspot.com/2024/01/numbers.html ဒေါက်တာတင့်ဆွေ