ရွှေတိဂုံဘုရားကို ၂၀၁၈ ခုနှစ် ဒီလိုနေ့မှာ နောက်တခေါက် ပြန်ရောက်ပါတယ်။
ဒိအရင် နောက်ဆုံးအခေါက်က ၁၉၉၀ မှာ စင်ပြိုင်အစိုးရဖွဲစည်းရေးအတွက် ဆက်သားတဦးနဲ့ ချိန်းတွေ့ခဲ့တဲ့နေရာ။ ဘယ်အမတ်က ဘယ်အချိန်မှာ၊ ဘယ်ခရီး၊ ဘာစီးသွားရမှာလို့ စီစဉ်ခဲ့တဲ့နေရာ။ မမေ့ပါ။
အဲတာ ၂၈ နှစ်တာကြာစေခဲ့တဲ့ ဘုရားဖူးသမိုင်းပါ။
ရွှေတိဂုံဘုရားရိပ်ကြောင့် ဘေးကင်းခဲ့ပါတယ်။
၁၉၆၄-၆၅ ဆယ်တန်းမှာ သင်တဲ့မြန်မာစကားပြေစာအုပ်ထဲမှာ ရွှေတိဂုံဟာ ပြည့်မျက်နှာတဲ့။ မမေ့ပါ။
မမေ့စရာတွေက များတယ်။
ပုံထဲပါသူတွေ ၇ နှစ်တိတိပိုပြီး အိုစာသွားကြပြီ။
၇ နှစ်တိတိဆိုတာ ဆယ်တန်းအောင်တဲ့ကျောင်းသားကို ဆရာဝန်ဖြစ်လာစေနိုင်ခဲ့ပါတယ်။
အခုတကြိမ် ၇ နှစ်တိတိမှာတော့ ဆေးမကုရတော့တဲ့ဆရာဝန် ဖြစ်လာပါတယ်။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment