စာတွေကိုဖတ်ကြည့်တော့ သစ်ပုပ်ပင်ကြီးက မူရင်းသရုပ်မှန်လိုက် ပေါ်လစီသရုပ်မှားလိုက်။
မန္တလေး တက္ကသိုလ်အမည်နဲ့လည်း အုပ်စုလိုက်စာတွေ တွေ့တယ်။
စာတွေကိုဖတ်ကြည့်တော့ သုခုမတက္ကသိုလ်ထဲက ‘ပန်းတခက်’ ကလည်း ‘ပန်းတစ်ခက်’ ဖြစ်ကုန်ပြီ။
၁၉၆၄ လောက်ကစတဲ့ စနစ်သစ်အရ တက္ကသိုလ်တွေကို ဝိဇ္ဇာနှင့်သိပ္ပံ တက္ကသိုလ်တွေလို့ ပြောင်းခဲ့တယ်။
၁၉၈၆ ခုလောက်ကစပြီး ပေါ်လစီသတ်ပုံ တက္ကသိုလ်များလို့ ပြောင်းရတော့မယ်။
သုခုမတက္ကသိုလ် (နွယ်သာကီသံဖြတ်)
ရေပြာရွှေကြာ ဝေဆာမွှေးသပ
ရွှေညာကျေးက တက္ကသိုလ်ရှင့်။
ပုဏ္ဏမာ ဂုဏ်ဝါ စုံစွာကျင်း
ဘုံပါလင်းတဲ့ တက္ကသိုလ်။
ကမ္ဘာတုန် စာစုံ အညာဂုဏ်ပျိုးတဲ့
ရတနာပုံမြို့က တက္ကသိုလ်။
နံ့သာမွှေးမြ ပန်းတခက်လို
အညာကျေးက မန်းတက္ကသိုလ်။ (တင်မိုး)
ငလျင်ကြီးအပြီး မန္တလေးတက္ကသိုလ်၊ ပင်မကျောင်းသားဟောင်းများစာမျက်နှာမှာ ငလျင်မတိုင်ခင်ကတထက် စာကိုမှန်အောင်ရေးလာတာကို သတိထားမိတယ်။
ကောင်းတယ်။ ဖီးငှက် ဖြစ်လာပါစေသတည်း။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment