Skip to main content

ဖုန် နဲ့ ဖုံ

 

ဆရာရှင့် ဖုံမှုန့် နဲ့ ဖုန်မှုန့် ဖုံမှုံ့ နဲ့ ဖုံမှုန့် ဘယ်ဟာအမှန်လဲရှင့် လိုအပ်လို့ပြောတဲ့အချိန်မှာ သတ်ပုံအမှားသုံးမိမှာ စိုးရိမ်လို့ပါရှင့်

၁။ ဆီးချဉ်သီးစာထဲမှာ ဖုန် နဲ့ ဖုံ မှားနေလို့ ပြန်ပြင်လိုက်ပါတယ်။ ဆောရီး။

ဝါးလုံးရှည်နဲ့ လူကြီးတွေက ဆီးပင်ကို ပုတ်ရတယ်။ ဆီးသီးတွေ ကြွေကျလာလိုက်တာ တဝေါဝေါနဲ့။ ဖုန်တွေနဲ့အတူ ဆီးရွက်ခြောက်၊ ဆီးရွက်စိုတွေဟာ တင်းထိမ်စောင်ထဲ ကျလာတယ်။ လိပ်ပြာလေးတွေလည်း ပျံဝဲထွက်ပြေးကြတယ်။

၂။ ဆေးတစ်ဖုံဆိုသည်မှာ ဆေးကိုမျိုချသော် တစ်နေမည်။ ဆေးတဖုံလို့ ရေးရတယ်။ 

၃။ ဖုံ လား ဖုန် လား ဆရာ

ဖုံ

ဆေးတဖုံ

တဖုံကြံသည်

တဖုံနွှဲ တနဲဆင်

ထိုင်ခင်းဖုံ

ထိုင်စရာဖုံ

ပိုက်တတဖုံ

ဖုံ = နေရာထိုင်အခင်း

ဖုံဖုံညက်ညက်

ဖုံဖုံညက်ထောင်း

လမ်းဖုံဖုံ

သနပ်ခါးဖုံဖုံ

သူတဖုံ ငါတဖုံ

အနည်းနည်းအဖုံဖုံ

ဖုန်

လမ်းဖုန် (လမ်းညီညာပြန့်ပြော)

ဖုန်ပွပွ

ဖုန်မှုန့်

ဖုန်လိမ်းကျံ

ရွာလမ်းကား ကျယ်ပါ၏။ နွေအခါတွင် ဖုန် တထောင်းထောင်း။ မိုး အခါတွင် ရေမြုပ်။ လမ်းချည်းသာ ရေမြုပ်သည် မဟုတ်။ အိမ်များလည်း ရေမြုပ်၏။ ရွာသားများ အိမ်အပေါ် ထပ်တွင် တက်၍ နေကြ လေသည်။ ကြက်လည်း သည်မှာ၊ ခွေးလည်း သည်မှာ၊ ဝက်လည်း သည်မှာ၊ ဘဲလည်း သည်မှာ၊ ကြောင်လည်း သည်မှာ၊ တော်တော် ပျော်စရာ ကောင်း၏။ အိပ်လည်း သည်မှာ၊ စားလည်း သည်မှာ၊ ထမင်းဟင်း ချက်လည်းသည်မှာ။ ကျန်းမာရေးဆရာများအတွက် သင်ခန်းစာ တခု ရပြီ။ မိုးတွင်း အခါတွင် မြွေပွေးတွေ ပေါလိုက်သည်မှာ ပြောစရာ မရှိ။ ဝါခေါင်လအတွင်းက မောင်းဖိုးသောင် ဇနီး အပေါ်ထပ်တွင် အိပ်နေခိုက် မြွေပွေးခဲ၍ သေရှာလေပြီ။ (ပစ္စန္တရစ် - သိပ္ပံမောင်ဝ)

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ