ချစ်သူ့ထံ ငှက်ပမာ
ပျံလာချင်တယ်လေ့။
ငှက်ခတ်သူ မုဆိုးညစ်
လေးပစ်တဲ့နေ့။
ချစ်သူ့ထံ ပန်းပမာ
ဆင်လာချင်တယ်လေ့။
ပိတုန်းညို ဥာဏ်သမား
ပန်းစားတဲ့နေ့။
ချစ်သူ့ထံ ရော်ရွက်ပမာ
၀ဲလာချင်တယ်လေ့။
လေရူးမောင် လူသွမ်းပျက်
သစ်ရွက်ခူးနေ့။
ချစ်သူ့ထံ လမင်းပမာ
သာချင်တယ်ဆိုလေ့။
ကမ္ဘာမြေ ကိုလူဆိုး
ယုန်ခိုးတဲ့နေ့။
သို့ပါလဲ ချစ်သူဆီ
လာနိုင်ပြီ ဆိုပါတော့။
ချစ်သူ့ဘုံ တံခါးပိတ်လို့
မီးမှိတ်ပါပေါ့။ (တင်မိုး)
မှတ်ရန်
ကဗျာကို ဆရာတင်မိုး ရေးပါတယ်။
ပုံထဲကစာကို ကျွန်တော်မရေးပါ။ စာကိုမူရင်းအတိုင်း ရေးသားသူတဦးက ရေးပါတယ်။ ကျေးဇူး။
လဲ နဲ့ လည်း ကို တရားသေမှတ်ထင်နေ၊ သင်ပေးနေသူတွေ သတိပြုပါရန်။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment