ကွန်မင့်တခု = ဇင်ယော် ကြက်ခြေအမှား။ စင်ရော် ကြက်ခြေအမှန်။
ပြန်စာ
စင်ယော်၊ ဇင်ယော်၊ စင်ရော် မူကွဲစာလုံးတွေဖြစ်ပါတယ်။
အဲလို အမှန်ခြစ် အမှားခြစ်တွေနဲ့ စာလုံးပေါင်းရွေးပြကြတာတွေ တင်ကြတယ်။ ကွန်မင့်ကနေလာကြတယ်။ မှန်တာရယ်လို့ ရှားတယ်။
သတ်ပုံအမှန်အမှားရွေးပေး၊ သင်ပေးနေတဲ့ ဆရာ ဆရာမတွေက မှားနေကြတာမျိုး မကြာခဏတွေ့ရတယ်။
မြန်မာအဘိဓာန် အကျဉ်းချုပ်
စင်ရော် – န / ဇင်ယော် / ၁။ ပင်လယ်ဝ မြစ်ဝတို့တွင် သွားလာ ကျက်စားသော ရေငှက်။ (မြစ်တွေးနှင့် သဏ္ဌာန်တူသည်။)
၂။ မြစ်ကြီးများနှင့် မြစ်လက်တက်ကြီးများတွင် သွားလာ ကျက်စားသော ရေငှက်။ မြစ်တွေးငှက်။ "ဟင်္သာ ဝမ်းပဲ၊ နွဲကာပျံဝေး၊ ပဲထွေးဇင်ရော်၊ ငှက်တော်ဗျိုင်းဖြူ။" သစ္စာ * ၅၄။
စင်ရော်မွေး – န / ဇင်ယော်မွေး / စင်ရော်ငှက်၏ အရောင်နှင့် တူသော ဖြူညိုရောင်ရှိသော အမွေး။ "အကွက်ရွှေသွေး၊ ဇင်ရော်မွေးနှင့်၊ တသွေးနှုတ်အား၊ ငှက်ကြီးကြားသို့၊ စိမ်းပြာ ကွဲလွဲ၊ စေခွဲတတ်စေ။" ကုသ * ၂၂၁။
ကဝိဓဇသတ်ပုံကျမ်း
[ ဇင်-ဇဉ်-ချင် ]
ဇင်။ ။ဇင်ရွေးပင်။ ဇင်အရက်။ သဇင်ပန်း=(သစင်ပန်း)။ ဇင်မင်းရွှေမင်း။ ဇင်ယော်ငှက်=(ဇင်ရော်ငှက်)။ ။
ဇဉ်။ ။ဇဉ်ဖျင်အတတ်။ ပုထုဇဉ်။ ဘောဇဉ်။ သမ္ဗုဇဉ်။ သုံယောဇဉ်။ ဥယျာဇဉ်။ ဂေါရောဇဉ်။ ပယောဇဉ်။ ။
ချင်။ ။ဗောဇ္ဈင်သုတ်။ ။
မြန်မာစာကို
- အမှန်ခြစ် အမှားခြစ်နည်းက တချို့စာလုံးတွေသာရတယ်။
- ဖေါ်မြူလာထုတ်လို့မရပါ။ ခြွင်းချက်တွေရှိတယ်။
- နံဖိုနံကြားထောက်လို့မရပါ။
- စစ်မိန့်ပေးသလို တခွန်းတည်းမရတာတွေက များတယ်။
- ဥုံဖွနဲ့ မရပါ။
"ငွေစင်ရော်"
ရေး - မြို့မငြိမ်း
မူရင်းအဆို - ကိုဘစိန် (မြို့မ)
ပြန်ဆိုပဌမ - ဝင်းဦး
မြစ်ယံသဲနုကမ်းစ
ချစ်သံတေးမြကြည်ကြည်
ငှက်ကလေးငွေစင်ရော်
ပျံကာမြူးရှာသည်
သူ့ကိုခေါ်ပါဘဲနဲ့
ခွန်းချွေနူတ်ဆက်ဖော်ရွေသည်
မောင်လဲအဖော်မစုံ တကိုယ်ရေထဲတူညီ
ဒေါက်တာတင့်ဆွေ



Comments
Post a Comment