၁။ ဆရာခင်ဗျာ သေချာ နဲ့ သေရှာ ဘယ်ဟာအမှန်ပါလဲဗျ
သေချာ = စေ့စပ်ကျနသော။ မောင်ဘ အသိမ်းအဆည်းသေချာသူ တယောက်ဖြစ်သည်။
သေချာမှ ရေရာသည် = ကိစ္စတခုကို ပြုလုပ်ဆောင်ရွက်ရာတွင် “သေချာမှ” (စေ့စပ်သေချာမှု ရှိမှ) “ရေရာ” (ခိုင်ခိုင်မာမာ ဖြစ်သည်၊ အောင်မြင်မှု ရရှိနိုင်သည်) ဟု ဆိုလိုသည်။
၂။ မသဲကွဲတာလေးမေးပါရစေဆရာ။"သေခြာနှင့်သေချာ"မိုးသည်းထန်နှင့်မိုးသဲထန်"ဘယ်ဟာကအမှန်တွေလဲ။
၃။ သေခြာနှင့် သေချာ ဘယ်အရာ အမှန်လဲဆရာ
၄-၅ ကြိမ်လောက် တင်ပြထားပါတယ်။
လက်ကိုသေချာဆေးပါ
သေချာ
သေချာဂန
အစကောင်းမှ အနှောင်းသေချာ
လက်ကိုသေချာဆေး
သေရှာ
သေရှာပြီ
- သေရှာမလုပ်တော့ခံရပြီ - မှားတယ်။
- သေရှာကြည့်ရင် အချစ်ဆုံးကို - မှားတယ်။
- သေရှာကြည့်ရင် အချစ်ဆုံးကို မြင်နိုင်တယ် - မှားတယ်။
- သေရှာတာကတော့ ဓားနဲ့ခုတ်ခံရလိမ်မယ် - မှားတယ်။
ဒေါက်တာတင့်ဆွေ
.jpeg)
Comments
Post a Comment