(ကန်တော့)
တည်း နဲ့ ထဲ ကိုအကြောင်းပြုပြီး ဆဲနေတယ်ဆိုတာ ပို့စ်ကို တယောက်ပြီးတယောက်က ကွန်မင့်မှာ လာတင်ကြသည်။ အနည်းဆုံးအကြိမ် ၂၀ လောက်။
တယောက်ပြီးတယောက်က မက်ဆေ့ကနေ ပို့နေသည်။ အနည်းဆုံးအကြိမ် ၂၀ လောက်။
ကျွန်တော့်ကို ဆဲတာတဲ့။ သြော်။
ကျွန်တော်က မသိ။
အညစ်အကြေးတွေကို လက်နဲ့ကိုင်ပြီး ပေးတာကို အပေးခံရသူက မယူတော့ အညစ်အကြေးတွေက ပေးတဲ့သူလက်မှာသာ ညစ်ပေစေတယ်ဆိုတဲ့ တရားနဲ့ အဆုံးအမကိုလည်း ဖတ်ဖူးကြပါမည်။
သူတပါးအညစ်အကြေးတွေကိုလည်း ကြားလူတွေကနေ ဝင်မကိုင်သင့်ကြပါ။ ကိုင်ထားသူရဲ့လက်ထဲမှာသာ နေပါစေတော့။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment