Skip to main content

Tindora ကင်းပုံသီး သင်ခန်းစာ


၁။ တခါမှမစားဖူးဘူး ခွဲပြီးလျှာနဲ့တို့ကြည့်တာ ခါးတယ် ခြံစည်းရိုးမှာပေါက်နေတာအများကြီးပဲ စားတတ်တဲ့သူတွေတော့ ဟင်းတစ်ခွက်ပဲ ကင်းမုံသီးစားဖူးကြလား ဘယ်လိုစားကြလဲ

မှတ်ချက်

Tindora ကင်းပုံသီးအခါးက အချိုမျိုးထက်စားကောင်းတယ်။ ဟင်းတခွက်လို့ရေးရင် မျိုချရလွယ်ကူတယ်။ ပုံအတွက် ကျေးဇူး။

ကွန်မင့်တခု = ကင်းမုံအခါးသီးပါ အချိုလဲရှိတယ် အခါးကပိုဆေးဖက်ဝင်တယ် အိမ်မှာလဲ ခြံစည်းရိုးကပ်ပေါက်အများကြီး လေးစိတ်ခွဲလှီးပြီး အစေ့တွေ အမြုပ်တွေ ကုန်အောင်ဆားနဲ့နယ် ရေအထပ်ထပ်ဆေးပြီး ညှစ်ထုတ်ပစ် ဆီမွှေးသပ် (ဆီသတ်) ပုဇွန်ခြောက် မျှစ် ငါးပိနည်း၂ထည့်ကြော်ပြီး ချက်စား ခါးသပ်သပ် (ခါးသက်သက်) အိအိလေးနဲ့ စားကောင်းသောပဲ အများကြီးစားရင်တော့ ဝမ်းသွားပါတယ်

ကွန်မင့်တခု = ပုဇွန်ပေါတဲ့နေရာမှာ အသီးကို ဓါးနဲ့ စိပ်၊ ဆားနဲ့နယ်ပြီး ပုဇွန်ကျော့ကြီးတွေနိုင်နိုင်နဲ့ ကြော်တာ စားခဲ့ဖူးတယ်။ ငယ်ငယ်တုန်းကပါ။ ခုတော့ ကိုယ့်မွေးရပ်မြေနဲ့ ဝေးခဲ့ပြီလေ။

ကွန်မင့်တခု = အသီးလေးကိုထက်ခြမ်းခွဲပြီး အထဲကအစေ့လေးတွေဖယ်လိုက် ပြီးရင် အခွန်ဖတ်လေးတွေကို ဆားနဲ့နယ်ပြီး ၁၅ မိနစ်လောက်ထားပြီး ရေဆေးလိုက် ပုဇွန်ခြောက်လေးနဲ့ ကြက်သွန်လေးနဲ့ ကြော်စား အရမ်းစားကောင်းတယ်

ဆားနဲ့ နယ် ဆေးလို က် ပုစွန်ခြောက်နဲ့ ကြော် ပုစွန်အဆိုနဲ့လဲ ကြော်ကောင်းတယ် မခါးဘူး ဆေးဘက်၀င်တယ်

ကွန်မင့်တခု = တခါမှစားမစားဖူးဘူး အညွန့်ပဲစားဖူးတာ အညွန့်ကို ကြော်စား ပြုတ်စားလို့ အရမ်းကောင်းတာ ချိုတယ် အညွန့်က အသီးလိုတော့မခါးဘူး

ကွန်မင့်တခု = လေးစိပ်ခွဲ ဆားလေးနဲ့နယ်ဆေး ခြောက်စားကောင်းတယ် အသီးကိုထုလိုက်ထုပီး (ပြီး) အစေ့ထုတ်ဆားနဲ့နယ် ပီး (ပြီး)ရင်အမြှုပ်တွေကုန်တဲ့ထိ ရေဆေးချ ပီး (ပြီး)ရင် ကြက်ဟင်းခါးသီး ကြော်သလို ကြော်စားရပီး (ပြီ)

ကွန်မင့်တခု = အရွက်နုနဲ့အညွှန့်ကို ကြက်သွန်ဖြူ ပုစွန်ခြောက်ထောင်းဆီသတ်ပြီး ကြော်ချက်ကလေး ချက်စား အရမ်းကောင်း

ကွန်မင့်တခု = အသီးတော့မစားဖူးဘူး သူ့ရဲ့အညွှန့်တွေကိုအပြုတ်တို့ ဟင်းရည်သောက် ချက်စားဖူးတယ် ချိုနေရော

ကွန်မင့်တခု = အချိုထက် အခါးကိုပို၍နှစ်သက်တယ် အချိုကချက်စားကျော်(ကြော်)စား နဲနဲချင်(နည်းနည်းချဉ်)လို့

 

၂။ ကင်းပုံသီးပုံနဲ့ တင်ထားသူက ဘာသီးလဲ မေးတာတခု တွေ့လိုက်တယ်။ ကွန်မင့်တခုက ကင်းမွန်သီး တဲ့။ မမှန်ပါ။ ကင်းမွန်ဆိုတာ ပင်လယ်စာ အကောင်။ ကင်းပုံသီးက အသီး။

၃။ Texas မှာ ကင်းမွန်သီး ကြော်စားရသော အခွင့်အရေး

ကင်းပုံသီးလို့ ရေးရ။ 

၄။ ဒီနှစ် ခုမှ စသီး တဲ့ ကင်းဗုံ

ကင်းပုံသီးလို့ ရေးရ။ 

၅။ ကင်းမုန်သီး + မျှစ် + ခရမ်းကဆော့သီး 

ကင်းပုံသီးလို့ ရေးရ။ ကစော့သီး (ကဆော့သီး) မူကွဲရှိ။

၆။ ကင်းမှုံချဉ် (စင်ကာပူမှ မြန်မာ အစားအစာများ Singapore Myanmar Foods & Dishes)

၇။ ကင်းမုန်သီးတောချက်

ကင်းပုံသီးလို့ ရေးရ။ 

Tindora ကင်းပုံသီးအချို နဲ့ အခါး ၂ မျိုးရှိတယ်။ အခါးက ပိုကောင်းတယ်။ အရွက်လည်း စားကောင်းတယ်။ 

Cuttlefish ကင်းမွန်နဲ့ မတူပါ။

ပုံ

စုပုံ

ပုံစံ

ပုံတလုတ်ငှက်

ပုံတိုပတ်စ

ပုံတောင်း(လှည်း)

ပုံနှိပ်တိုက်

ပုံပမာ

ပုံပန်းသဏ္ဌာန်

ပုံပျက်ပန်းပျက်

ပုံပြမျဉ်း

ပုံပြင်

ပုံယင်(အများ)

ပုံလုံတိုင်(လှေဆိုင်ရာ)

ပုံလုံပင်

ပုံဝတ္ထု

ပုံသေကားကျ

ပုံသွန်း

ဗုံ

ဗုံတီးသည်

ဗုံကြီးသံ

ဗုံတိုဗုံရှည်

ဗုံထောက်သံ

ဗုံမဟုတ် ပတ်မဟုတ်

ဗုံမြှုံး

ဗုံလုံမြှုံး

ဗုံသာ

ကျွန်တော်တို့ အညာသားတွေက ကင်းပုံသီးကို အခါးကို ပိုကြိုက်ကြတယ်။ ရန်ကုန်မှာ အချိုသီးသာ စားကြသတဲ့။ ဒေလီမှာလည်း အချိုသီးသာ ရှိတယ်။ သမီး ရန်ကုန်သွားနေစဉ်က ကင်းပုံသီးအခါးကို မနည်းလိုက်ရှာရတယ်လို့ ပြောတယ်။ အခါးသီးရောင်းတဲ့ဈေးသည်တွေကလည် မျက်နှာပန်းမလှရှာကြဘူးတဲ့။ ဘေးနားလေးမှာ ကပ်ရောင်းရောင်းကြရသတဲ့။ အခါးသီးရှိလားမေးတော့ ဝမ်းသာအယ်လဲ ရောင်းတယ်။ ကျေးဇူး။

ပုံနဲ့စာအောက်မှာ တယောက်က စားပြီးအိပ်တဲ့။ ကျွန်တော်တော့ ကင်းပုံသီး အချိုစားစား အခါးစားစား ပိုမအိပ်ပါ။ တချို့ ကင်းပုံသီးအသံကြားတာနဲ့ ခေါ ခေါ။

ကျွန်တော်တို့ ကလေးအရွယ်က မွေးဇာတိရွာမှာ ကလေးတွေ အော်ဆိုကြတယ်။

"ကင်းပုံသီး ဆီနဲ့ကြော်

မအေးမြက နတ်ကတော်

ဆရာညိုက ဗုံတောင်တီး

ငါ့သား အောင်ခင်ကြီး"

ဘာမှန်းတော့ မသိ အော်ဆိုကြတာဘဲ။ 

ရွာမှာ ဆရာညိုတော့ရှိတယ်။ ဗမာဆေးဆရာ။ 

အောင်ခင်လည်းရှိတယ်။ ဆရာညို့သား မဟုတ်။

ရွာမှာ ဗုံတီးသူ မရှိ။

မအေးမြ မရှိ။ နတ်ကတော်လည်း မရှိ။

ကင်းပုံသီး အခါးမျိုးကတော့ ခြံစည်းရိုးတိုင်းမှာ ရှိတယ်။ 

ကင်းပုံရွက်နုလည်း ဟင်းရွက်စုံဟင်းချိုမှာ ထည့်ချက်တယ်။ ဆူးပုပ်လေးရွက်နဲ့ ကောင်းတယ်။ ဆူးပုပ်လေးရွက်နဲ့ ဝေးတာတော့ ကြာပြီပေါ့။

တမာရွက်လည်း တက်တယ်လို့ စွပ်စွဲခံရတာနဲ့ အိမ်ခေါင်မိုးပေါ်ရောက်ကြပြီ။ မြန်မာပြည်မှာပေါ့။

ကင်းပုံသီး (၃) https://burmese-spelling.blogspot.com/2024/11/blog-post_635.html

ကင်းပုံသီး https://burmese-spelling.blogspot.com/2024/11/blog-post_433.html

ကင်းပုံသီး အဆက် https://burmese-spelling.blogspot.com/2024/10/blog-post_51.html

Tindora (Coccinia grandis) fruits - Stock Image - C058/3411 - Science Photo Library

ဒီစာမှာ စာလုံးပေါင်းအပြင် တင်ပြလိုတာရှိသေးတယ်။ အမည်အခေါ်တွေကို စနစ်မရှိတဲ့အကျင့်ကို ပြင်သင့်ကြပါတယ်။ ကိုယ်ထင်တာပြောတဲ့ အကျင့်ကိုလည်း ပြင်ရပါမယ်။ ဒေသသုံးစာလုံးတွေက သူ့ဒေသနဲ့သူသာ စကားအရာမှာပြောလို့ မမှားပေမဲ့ စာလုံးပေါင်းကိုပြောရင် စာလုံးပေါင်း မှန်ရပါမယ်။ စနစ်မကျ၊ စနစ်နည်းတဲ့အကျင့် မကောင်းပါ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ