(တိုင်းပြည်ထွက်ပြေး နိုင်င့ရေးလုပ်သူတယောက် ဟိုရောက်ဒေီရောက်)
အောက်တိုဘာ (၂) ရက်နေ့ဟာ Gandhi Jayanti မဟတ္တမဂန္ဒီ မွေးနေ့ဖြစ်ပါတယ်။ အိန္ဒိယမှာနေခဲ့ရစဉ်က ကျွန်တော်တို့တတွေ နှစ်တိုင်း Raj Ghat ခေါ် ဂန္ဒီဗိမ္မာန်ကိုသွားပြီး ဆုတောင်းခဲ့ကြတယ်။ ဂါရဝပြုခဲ့ကြတယ်။ အခေါက် နှစ်ဆယ်လောက် ရောက်ခဲ့တယ်။
ဂန္ဓီလို့လည်း ရေးပါတယ်။ သူက ၂-၁၀-၁၈၆၉ နေ့မှာမွေးတယ်။ ဂန္ဓီဟာ အကြမ်းမဖက်နိုင်ငံရေးလမ်းစဉ်မှာ အထင်ရှားဆုံး ပုဂ္ဂိုလ်ကြီးဖြစ်ပါတယ်။ ကိုလိုနီကို အကောင်းဆုံးနည်းနဲ့ စိန်ခေါ်ဆန့်ကျင်ခဲ့သူ။
၃၀-၁-၁၉၄၈ ရက်နေ့မှာ ကျဆုံးခဲ့ရသူဖြစ်ပါတယ်။ အဲဒီနေရာကိုလည်း မကြာခဏ ရောက်တယ်။
ဓါတ်ပုံကို သြစတေလျရောက်နေတဲ့ မမော်ကလှမ်းပို့တာ။ ကျွန်တော့ဘေးက ဇနီးနဲ့ သမီး၊ ရှေ့မှာ မြေးအကြီးဆုံး။ ပုံထဲပါသူတချို့ မရှိကြတော့ပါ။ ကောင်းရာသို့ လားကြပါစေသတည်း။
ဒေါက်တာတင့်ဆွေ
၂၉-၉-၂၀၂၅

Comments
Post a Comment