Skip to main content

Posts

Showing posts from November, 2026

၇ ရက်မှာ ၂ ရက်သာ မှန်သည်

  ( ကန်တော့) AI ကရေးတာလား မသိ။ AI ပုံပါ အသီးအမည်များနှင့် ရင်သားအရွယ်အစား နှိုင်းယှဉ်ချက်များကို လေ့လာကြည့်သောအခါ အမှန်တကယ် မှန်ကန်သည့် အသုံးအနှုန်းများမှာ အောက်ပါအတိုင်း ဖြစ်ပါသည် - ၁။ သစ်သီးကြီး (ဖရဲသီး - Watermelon) - တနတ်သီးမီး ဟု ရေးထားခြင်းမှာ အမှန်တကယ်တော့ ဖရဲသီး (သို့မဟုတ် တနတ်သီး/ဖရဲသီးအဆင့်) ဖြစ်ပြီး အသုံးအနှုန်း အနည်းငယ် လွဲနေနိုင်ပါသည်။ ၂။ အင်င်္ဂါသီးမီး (သင်္ဘောသီး/ကျွဲကောသီး) - အင်င်္ဂါသီးမီး ဟု သုံးထားသည်မှာ မြန်မာလို ကျွဲကောသီး သို့မဟုတ် သံပုရာ/ရှောက် အမျိုးအစား သို့မဟုတ် ဒေသန္တရ အခေါ်အဝေါ် ဖြစ်နိုင်သော်လည်း အနည်းငယ် ထူးဆန်းနေပါသည်။ ၃။ ဗုဒ္ဓဟူးသီးမီး (သလဲသီး သို့မဟုတ် ဖရဲသီးငယ်/သစ်သီး) - ဗုဒ္ဓဟူးသီးမီး ဟု ရေးထားသည်မှာလည်း သဘာဝကျကျ အမည်ပေးထားခြင်း မဟုတ်ပါ။ ၄။ ကြာသပတေးသီးမီး (မင်းကွတ်သီး/မန်ကျည်းသီး စသည် - ပုံထဲတွင် နဂါးမောက်သီး) - ကြာသပတေးသီး ဟူ၍ အသီးအမည် မရှိပါ။ ၅။ သောက်ကြာသီးမီး (သစ်သီးတမျိုး - ပုံထဲတွင် မက်မွန်သီး/သစ်တော်သီး) - သောက်ကြာသီး ဟူ၍လည်း အသီးအမည် မရှိပါ။ ၆။ စနေသီးမီး (ချယ်ရီသီး/သစ်သီးငယ်) - စနေသီး ဟူ၍ မရှိပါ။ ၇။ တနင်္ဂနွေသီးမီး ...

မြွေသင်ခန်းစာ

  ·         မြွေကို အစားကျွေးပါ။ ·         မြွေကို ချစ်ပါ။ ·         မြွေကို ရိုသေလေးစားပါ။ ·         မြွေအတွက် ဆုတောင်းပေးပါ။ ဘယ်လိုပဲဖြစ်ဖြစ်၊ သူက သင့်ကို ကိုက်ဦးမှာပါပဲ။ ပညာဉာဏ်ဆိုသည်မှာ မေတ္တာတရားနှင့် ကိုယ်ကျိုးစွန့် အဖျက်သဘောတရားတို့အကြား ကွာခြားချက်ကို သိရှိခြင်းပင် ဖြစ်သည်။ ကြင်နာပါ၊ သို့သော် ရိုးအလွန်းမနေပါနှင့်။ ခွင့်လွှတ်ပါ၊ သို့သော် သင်ခန်းစာကို မမေ့ပါနှင့်။ ချစ်ပါ၊ သို့သော် သက်သေပြရန်အတွက် သင့်ကိုယ်သင် အနစ်နာမခံပါနှင့်။ မှတ်ချက် ဘုရားပုံတော်ပါပေမဲ့ ဘုရားဟော ဟုတ် မဟုတ် မသိပါ။ ဗုဒ္ဓဘာသာဆိုင်ရာ အဆုံးအမတခု ဖြစ်နိုင်ပါတယ်။ ဒေါက်တာတင့်ဆွေ

ဦးပုပ် / ဦးပုတ် / ဦးဗုဓ်

( ဦးတင့်ဆွေ) ၆၃ - ဦးပုဒ် ? ဦးပုတ် ? သာသနာဝင် တလျောက်၌ စာပေကျမ်းဂန် တတ်မြောက် သည့်အရာတွင် “ဗုဒ်စ-ဗုဒ်လယ်-ဗုဒ်ဆုံး” (ဗုဒ်စ = ဘုရား၊ ဗုဒ်လယ် = ရှင်ဗုဒ္ဓဃောသ၊ ဗုဒ်ဆုံး = ဆရာတော်ဦးဗုဒ် = ဟူလို) ဟု ဥဒါန်း ပြောခဲ့သည့် ညောင်ကန် ဆရာတော် အရှင် ဇမ္ဗါ်ဓဇ၏ လူ့ဘဝက အမည်တော်ကို -- လမင်းကို ရာဟု ငပုပ် ဖမ်းချိန်၌ မွေးဖွားသော ဗျုပ္ပတ်ကြောင့် “မောင်ပုပ်”-- ဟူ၍ ညောင်ကန်သာသနာဝင်၌ အဆိုရှိသည်။ ။ ဟင်္သာတမြို့ စတုတ္ထမြောက် မြစ်ကွေ့ဆရာတော် ကမူ - ထို သတိုးသားသည် ငယ်စဉ်အခါက ပုတိဂတ္ထ (ကိုယ်ပုတ်) နံ့ လှိုင်သောကြောင့် “မောင်ပုတ်”-- ဟု ရေးသားခဲ့ပြန်ပါသည်။ ကျွန်ုပ်တို့ကား ထို ဆရာတော်ကြီး၏ ငယ်စဉ်ဘဝကို မတွေ့ မြင် မမှီလိုက်ရသောကြောင့် မြစ်ကွေ့ဆရာတော်၏ စကားကို ဟုတ် , မဟုတ် သေချာစွာ မပြောသာ မယူဆသာ။ သို့ရာတွင် ညောင်ကန် သာသနာဝင်လာ စကားကိုမူ ယုတ္တိ မရှိဟု ဆိုခွင့်ရှိခဲ့ပါပြီ။ ။ ၎င်း သာသနာဝင်၌ ၁၁၄၉-ခု နယုန်လပြည့်ကျော် ၅-ရက်နေ့ဖွား…ဟု ဆိုထားရာ ၎င်းရက်မျိုး၌ မည်သည့်အခါကမျှ လငပုပ် ဖမ်းရိုးမရှိဟူ ဗေဒင်ပညာရပ်က ထားသောကြောင့် ဖြစ်ပါသည်။ ထိုသို့သော အခြင်းအရာကို ထောက်ဆခြင့်ချိန်၍ ဗျူပတ် နက်လှသော်လည်း သဘာဝနက် သို့မဟုတ် အာဂမ...

ကုန်သည် နှစ်ဦးတို့ အကြောင်း

၁။ ။ရှေးသရောအခါ၊ မိတ်ဆွေနှစ်ဦးတို့သည် ကုန်ဝယ်ရန် အတူတိုင်ပင်၍ ခြေကျင်ခရီး သွားကြရာ မိုးချုပ်၍ အချိန်ကုန်သဖြင့် တည်းခိုရန် ဘုန်းတော်ကြီးကျောင်း တကျောင်းသို့ ဝင်ရောက်ကြလေ၏။ ၂။ ။ထိုအခါ ဘုန်းတော်ကြီးက ဒါယကာတို့ မည်သည့် ကိစ္စဖြင့် လာရောက်ကြသနည်းဟု မေးမြန်းသဖြင့်၊ တပည့်တော်တို့မှာ၊ တဦးက စပါးကုန်သည်၊ တဦးက သားရေကုန်သည် ဖြစ်၍၊ မိမိတို့ ရောင်းချဘို့ ကုန်များကို ဝယ်ယူရန် လာခဲ့ကြရာ၊ အချိန် မရှိပြီ ဖြစ်သောကြောင့် တညမျှ တည်းခိုရန် အရှင်ဘုရားကျောင်းသို့ ဝင်ရောက်ကြရပါကြောင်းကို လျှောက်ထားလေ၏။ ၃။ ။ဘုန်းတော်ကြီးက တပည့် ကျောင်းသားများကို ခေါပြီးလျှင်၊ ဤဒါယကာ နှစ်ယောက်တွင် စပါးကုန်သည်အား အိပ်ရန်နေရာ ဖျာသင်ဖြူးစသော အိပ်ရာ နေရာ ကောင်းများကို ပေး၍၊ သားရေကုန် သည်ကိုကား တစုံတရာ မပေးဘဲ ကြမ်းပေါ်တွင်သာ အိပ်ပါစေဟု အမိန့်ပေးလိုက်လေ၏။ ၄။ ။ကုန်သည်နှစ်ယေက်တို့လည်း ဘုန်းကြီး အမိန့်ပေးတိုင်းပင် အိပ်ကြရ၍၊ နံနက်လင်းသောအခါ လိုရာ အရပ်အသို့ သွားရောက်ပြီးလျှင်၊ အသီးအသီး အလိုရှိသော ကုန်များကို ပြည့်စုံအောင် ဝယ်ခြမ်း၍ ပြန်လာကြလေ၏။ ၅။ ။အပြန်တွင်လည်း ယခင် ဘုန်းတော်ကြီး ကျောင်း အနီးသို့ ရောက်လျှင်၊ မိုးချုပ်သောကြောင့...

မျက်ယမ်းဆနည်း

  [ ဆန်းထွန်း (မန်းတက္ကသိုလ်)] မှတ်ရန် အောက်ပါစာလုံးတွေကို မှန်အောင်မရေးတတ်သေးသူများအတွက် လေ့လာရန်ဖြစ်ပါသည်။ လက်တွေ့မှတဆင့် သူတပါး စနစ်တကျ ကျောင်းသာတယောက် မိန်းကလေးတယောက် https://www.facebook.com/photo/?fbid=730413039115580&set=pcb.730413239115560 # ရှေးစာကဗျာများ ဒေါက်တာတင့်ဆွေ

သိက္ခာ နှင့် လိပ်ပြာ

( အောင်သင်း ) ဒီလိုပါ ကျနော်တို့ မိဘဆွေမျိုး ပတ်ဝန်းကျင်မှာ နွားနှင့်ဆက်စပ်သော လုပ်ငန်းမျိုး လုပ်ကိုင်ခဲ့လေ့ မရှိပါ။ ဂျပန်ခေတ် ရောက်တော့ ကျနော့် ဦးလေး တယောက်က ကုန်ကူးရာတွင် လယ်ဝေးမြို့ဘက်က နွားလှည်းတစီးကို ခေတ္တငှားပြီး ကိုယ်တိုင်မောင်း၍ ကုန်တွေ သယ်လာသည်။ ဤသို့အားဖြင့် ကျနော် နွားကျောင်းခဲ့ရသည်။ ကျနော့် အသက်က ဆယ်သုံးလေးနှစ် ခန့်။ မကြုံစဖူး အလုပ်ကို လုပ်ရသောကြောင့် ကျနော် အလွန်ပျော်သည်။ နွားကြီး နှစ်ကောင်ကိုလည်း အလွန်ချစ်သည်။ သေချာ နွားကျောင်းသည်။ ရေချိုးပေးသည်။ နှမ်းဖတ်များကို ရေစိမ်ပြီး နွားစာကို တယူတယ ကျွေးသည်။ ကျနော်တို့ မြို့၏ အရှေ့ဘက် တမိုင်ခန့်အကွာ ရိုးပြတ်လယ်များရှိရာ စမ်းချောင်းကလေး တခုလည်း ရှိသောနေရာဆီသို့ သွားပြီး နွားကျောင်းခဲ့ရသည်။ လှည်းလမ်းမကြီး ဘေးတွင် ကပ်လျက်ရှိသောကြောင့် လူသွားလူလာလည်း မပြတ်လှပါ။ ကျနော် နားဖို့ နေဖို့လည်း သရက်တောငယ် တခု ရှိသည်။ သရက်ပင် မများလှသော်လည်း သရက်ပင်ကြီးများမှာ ကြီးမား အိုမင်းလှပြီ ဖြစ်ပါသည်။ အရိပ်လည်း ကောင်းပါသည်။ ကျနော် အနှစ်သက်ဆုံးကတော့ လဲပြိုနေသည့် သရက်ပင်ကြီး တပင်၏ ပင်စည်ပေါ်တွင် ထိုင်လိုက်၊ တုံးလုံးကြီး လဲနေလိုက် နေရခြင်...

Sticky rice in bamboo ကောက်ညှင်းကျည်တောက်ကို ဘယ်လူမျိုးစထွင်သလဲ

မေးခွန်းတခု = ကောက်ညှင်းကျည်တောက်ကဘယ်လူမျိုးစထွင်လဲမသိဘူးနော် ရှမ်းလဲလုပ်စား/ရောင်းတယ်လေ ပြန်စာ ကောက်ညှင်းကျည်တောက်ကို (အရှေ့တောင်အာရှနှင့် အာရှဒေသအချို့တွင် တွေ့ရသည့် ဝါးကျည်တောက်အတွင်း ထည့်၍ဖုတ် သို့မဟုတ် ချက်လုပ်သည့် ကောက်ညှင်းစားစရာ) ကို သီးသန့်လူမျိုးတစုက တီထွင်ခဲ့သည်ဟု တိတိကျကျ အတည်ပြုမှတ်တမ်းတင်ထားခြင်း မရှိပါ။ သို့သော် ဤအစားအစာသည် အရှေ့တောင်အာရှနှင့် တောင်အာရှရှိ တောင်ပေါ်ဒေသနေ တိုင်းရင်းသားများနှင့် ကောက်ညှင်းကို အဓိကစားသုံးကြသော ရှေးဟောင်းယဉ်ကျေးမှု လူမျိုးစုများ ( ဥပမာ- လာအို၊ မြန်မာ၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံ မြောက်ပိုင်း တောင်ပေါ်ဒေသရှိ တိုင်းရင်းသားများနှင့် အိန္ဒိယနိုင်ငံ အာသံဒေသ စသည်တို့) တွင် ရှေးယခင်ကတည်းက သဘာဝပတ်ဝန်းကျင် အခြေအနေအရ (တောထဲတောင်ထဲ ခရီးသွားလာစဉ် သို့မဟုတ် မီးဖိုချောင်သုံးပစ္စည်း မလုံလောက်သည့်အခါ ဝါးကို အိုးအဖြစ်အသုံးပြု၍ ချက်ပြုတ်ရာမှ) ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။ သမိုင်းကြောင်းအရ ဤဟင်းလျာကို သီးသန့်တီထွင်သူ လူမျိုးတဦးတယောက်အနေဖြင့် မသတ်မှတ်နိုင်ဘဲ အရှေ့တောင်အာရှ ဒေသခံ တိုင်းရင်းသား လူမျိုးစုများ၏ ရှေးခေတ် အချက်အပြုတ် ယဉ်ကျေးမှု အစဉ်အလာ တရပ်အနေဖြ...

စန့် ဆံ့ ဆန့်

  ဆရာ စန့် နဲ့ ဆန့် ဟာ ဘယ်လို ကွာပါသလဲ။ သိပါရစေ။ ဆန့် ဆန့်တန်းသည် ကွေးရာမှဆန့်သည် ဆန့်ကျင်သည် အညောင်းဆန့်သည် စန့်အောင်ဆန့်သည် တဆန့်ဆန့် ကွေးသည့်လက် ဆန့်သကဲ့သို့ ကွေးသောလက် မဆန့်မီ စန့် ဆန့်၍စန့် စန့်စန့်ရန့်ရန့် ဆံ့ နှင့် ဆန့် ၁၀၀ ဆန့်၊ ၁၀၀ဆံ့လို့လည်းရေးနေပါတယ်ဆရာ။ အမှန်လေးသိချင်ပါတယ်ဆရာ။ ဆံ့ကမှန်တယ်။ ဆံ့ ဆံ့ဝင်သည် အဆံ့အဝင် မကန်မဆံ့ဖြစ်သည် မချိမဆံ့ နားမဆံ့အောင် ကြားသည် ဘဝဂ်မဆံ့ ဤသေတ္တာမှာ မဆံ့ပါ ရုံဝင်မဆံ့ ဆန့် ဆန့်ကျင်ဖက် အညောင်းဆန့် ကန့်လန့် ဆန့်ကျင် ၁၆ ကုတင်ဆံ့၊ ၂၅ ကုတင်ဆံ့၊ ကုတင် ၁၀၀ ဆံ့ဆေးရုံတွေမှာ အလုပ်လုပ်ခဲ့တာ ၁၅ နှစ်ကြာတယ်။ ခုခေတ်ကျမှာ ခုတင်တဲ့။ ခုတင်ဆိုတာ ခုစရာ၊ တင်ခုံရှည်ကို ခေါ်တယ်။ ဆေးရုံဆိုင်းဘုတ်ကြီးတချို့ မှားနေတယ်။ ကုတင် ခုတင် ကုဋင် https://burmese-spelling.blogspot.com/.../blog-post_40.html ကုတင် ခုတင် ကုဋင် ခံတင် https://burmese-spelling.blogspot.com/.../blog-post_553.html ဒေါက်တာတင့်ဆွေ  

ဗမာ့ငှက်ကြီးတောင်ဒါး

  အနိုင်မခံ၊ ဒါးသံခြွင်းခြွင်း၊ မီးဝင်းဝင်းလက် ထိုး-ပက်-ပိုင်း-သုတ်၊ သိုင်းခုတ်-ပင့်တွက် ကျားကွက်-သမင်၊ အဝင်တလျား ဒါးသွားမြှောက်ထောင်၊ အိမ်မြှောင်တက် , ဆင်း၊ သူသွင်း-ကိုယ်ကာ၊ ကြံရာဒါးချက် ဇယ်စက်လျှင်မြန်၊ ဒါးလှန်-ဒါးလွဲ ဒါးရေးမြဲကြ၊ မောင်ဝဏ္ဏလည်း ရင်ဝမှသွေး၊ လက်နှင့်ဖေး၍ “ ဟေး...၊ ဒါးရေးကျယ်စွ၊ ငဒေါန။ မင်းကဇက်ကောင်း၊ ဒါးတောင်းသလော၊ ကြောက်သောရွံ့သော၊ သွေးကပြောလိမ့် တက်သောခြေလှမ်း၊ မဆုတ်တမ်းသာ ချီခဲ့ပါလေ၊ ကမ္ဘာရန်ငြိုး၊ ကြမ္မာဆိုးအောင်၊ ငါ့ငှက်တောင်ဒါး လည်ချောင်းသားကို၊ စားချင်ပါသေး၊ လွတ်အောင်ပြေးလော့၊ သင့်သွေးကိုမှ မသောက်ရလျှင်၊ ဒီညလူ့မြေ ငါမနေ”ဟု၊ သွေးပေးသောလက် လျှာဖြင့်ရက်၍၊ ဒါးသွက်သွက်သွင်း၊ ကြန့်ကြန့်ခင်းသော်၊ ဒေါဝင်းဝင်းထ မောင်ဒေနာလည်း၊ သွေးကြွလှူပ်ရှား၊ ရှေ့တလွှားတိုး၊ ပိုင်းခုတ်မိုးကာ ဟင်္သာလည်ယှက်၊ ဒါးကွက်ဂဠုန် ကြွကြွခုန်၍၊ တဟုန်ထိုးလိုက် အပြင်းတိုက်သော်၊ ညမိုက်သန်းခေါင် ငွေလရောင်ရွှန်း၊ ပြပြယွန်းဝယ် သွေးသွန်းသစ်သစ်လောင်းလောင်းတည်း။ ။ ( ၅၁) သွေးကြွလှုံ့ဆော်၊ ဟစ်အော်ကြုံးဝါး၊ စကားထေ့ထေ့၊ ဒါးချင်းတူကြ၊ မောင်ဒေနာလည...