Skip to main content

စာတလုံး ဘုရားတဆူ (၂)




ကွန်မင့်တခု = နှစ်ယောက်လား, နှယောက်လား..ကြားဖျတ်မေးတာပါ စိတ်မရှိပါနဲ့

ပြန်စာ

နှစ်ယောက်လို့ ရေးရတယ်။

ကြားဖြတ်လို့ ရေးရတယ်။ ဖျက်ဆိုတာ ဖျတ်လတ်။

အဲလိုမေးတာမျိုး လူဦးရေ ၃၀ လောက်ရှိပြီ။

တယောက်မှာ စမသတ်ရလို့ နှစ်ယောက်မှာလည်း စမသတ်ရဘူးထင်တဲ့သူတွေ။

တခုမှာ စမသတ်ရလို့ နှစ်ခုမှာလည်း စမသတ်ရဘူးထင်တဲ့သူတွေ။

တပွင့်မှာ စမသတ်ရလို့ နှစ်ပွင့်မှာလည်း စမသတ်ရဘူးထင်တဲ့သူတွေ။

တင်ပြထားပါတယ်။

ဥပမာ ထဘီမှာ အထက်ဆင့် (အထက်ဆင်) ပါလို့ ပုဆိုးမှာလည်း အထက်ဆင်ပါရမယ်လို့ ထင်သူတွေ

နှစ်ယောက်ထဲနေချင်တယ်ကို မကြာခဏ နမူနာပြရတယ်။

နှစ်မွှာအသဲလည်း ပြရတယ်။

အမေတခု သားတခု။

စာတလုံး ဘုရားတဆူ။

ဒေါက်တာတင့်ဆွေ

Comments