ပြန်စာ
အဒိုနီရမ် ဂျပ်ဆင် (ယုဒသန်) (Adoniram Judson) သည် ဘိုးတော်ဘုရား လက်ထက်တွင် အမေရိကန်ပြည်ထောင်စုမှ မြန်မာနိုင်ငံသို့ ရောက်လာသော ခရစ်ယာန် သာသနာပြု ပုဂ္ဂိုလ်ဖြစ်သည်။ ယုဒသန် ဟူသော အမည်မှာ မြန်မာတို့က ဂျပ်ဆင် ဆိုသည့် စကားလုံးကို အသံလှယ်၍ ခေါ်သော အသံထွက် ဖြစ်လေသည်။
ယုဒသန်သည် မြန်မာနိုင်ငံတွင် အမေရိကန် နှစ်ခြင်းခရစ်ယာန်ဂိုဏ်းကို စတင် တည်ထောင်သူဖြစ်သည်။ ယုဒသန်သည် မြန်မာနိုင်ငံ ခရစ်ယန်သာသနာရေးဘက်၌သာမက စာပေဘက်တွင်လည်းကောင်း၊ နိုင်ငံရေးဘက်၌သော်လည်းကောင်း ထင်ရှားသော ပုဂ္ဂိုလ်တဦး ဖြစ်လေသည်။
မှတ်ရန်
မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၀)၊ စာမျက်နှာ ၄၄၄ မှာပါတယ်။ ဝီကီပီးဒီးယားကနေ ကူးယူပြီးတင်ထားတာက စာလုံးပေါင်းသတ်ပုံတွေကို ထင်သလို ပြင်ထားတယ်။ မလုပ်ကောင်းပါ။ မူရင်းအတိုင်းသာ အကိုးအကားပြုရပါမယ်။
အခုခေတ်မှာ ခရစ်ယာန်လို့သာ ရေးနေကြတယ်။ မြန်မာ့စွယ်စုံကျမ်းမှာ ခရစ်ယန်။
တချို့က ပါဠိစာလုံးထင်ပြီး ယုဒဿန်တဲ့။ မဟုတ်ပါ။ ယုဒသန်။
အခုခေတ်မှာ တစ်ဦးလို့သာ ရေးနေကြတယ်။ မမှန်ပါ။ မြန်မာ့စွယ်စုံကျမ်းမှာ တဦး။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment