Skip to main content

Big Names နာမည်ကြီး နာမည်ရတွေ

နိုင်ငံရေးထဲက မဟုတ်ပါ။ စာပေထဲက။

ကိုးကားတင်ကြတယ်။

အလေးထားတင်ကြတယ်

ချီးမွမ်းခန်းဖွင့်ကြတယ်။

တချို့ကလည်း တခြားသူတွေက ကောင်းတယ် တော်ယ်ဆိုတာနဲ့ လိုက်တော်၊ လိုက်ကောင်းကြသလား မသိပါ။

ဖေ့စ်ဘွတ်မှာ ဖေါ်လိုဝါ များသူတွေထက် ဖေ့စ်ဘွတ်မသုံးသူတွေက ပိုပြီးတော်နိုင်တယ်။

အမည်နာမတွေကို မထည့်တော့ပါ။

အကြံပြုချင်တယ်။

စာကောင်းပေမွန်တွေ များများဖတ်ပါ။ လေ့လာပါ။

လေးနက်တဲ့စကားပြောဘက်တွေနဲ့ ပြောဆိုပါ။

ကိုယ်တိုင် ချင့်ချိန်အကဲဖြတ်ပါ။

အကဲဖြတ်ချက်မချမီ လေ့လာမှုများပါစေ။

ကျွန်တော်ငယ်စဉ်ကလည်း အထင်ကြီးခဲ့သူတွေရှိတယ်။ နောက်တော့ စာရင်းထဲကနေ ဖယ်ရတဲ့အမည်တွေ ရှိလာတယ်။

အမှတ်ကောင်းပေးသင့်တဲ့ အမည်သစ်တချို့လည်း တိုးပါတယ်။

ဒေါက်တာတင့်ဆွေ

Comments