Skip to main content

"မယ်တရွာ မောင်တမြို့"



"တရွာ" ကို မှန်အောင်မရေးတတ်သူတယောက် တင်ထားတာတွေ့လို့ တင်ပြပါတယ်။

"တစ်ရွာ" မမှန်ပါ။ "တရွာ" မှန်တယ်။

ပဝါပါး ကြက်သားထုပ်တော့ စွန်းတတ်တယ်၊ တရွာသား ရည်းစားလုပ်တော့ လွမ်းရတတ်တယ် ဆိုစကားနဲ့ သီချင်းစာသားကို (တစ်)ရွာသားလို့ ရေးကြတယ်။ 

(တစ်)ရွာသားကို ရည်းစားလုပ်တော့ လွမ်းရတတ်တယ်။ 

(နှစ်)ရွာသားကို ရည်းစားလုပ်တော့ ဆွေးတတ်တယ်။ 

(သုံး)ရွာသားကို ရည်းစားလုပ်တော့ ငိုရတတ်တယ်။

"တရွာသားနဲ့ ပဝါပါး" မှန်တယ်။

"ပုဝါ" မမှန်ပါ။ "ပဝါ" မှန်တယ်။

စုံပဝါ ဘယ်ညာချ https://burmese-spelling.blogspot.com/search?q=%E1%80%95%E1%80%9D%E1%80%AB

ဒေါက်တာတင့်ဆွေ

Comments