မေးခွန်းတခု = ဆရာခဗျ၊ ကျွန်တော်တို့ ရွာကျောင်းမှာ ကျောင်းနာမည်ကို ရတနာ အုဋ် ကျောင်းလို့ ရေးထွင်းလိုက်တာ၊ အခု ဆရာတော်တပါးက အဲ့ဒီလို ရေးတာ မှားတယ် လို့ဆိုတယ်၊ ဘာနဲ့ ရေးမှ အမှန်လည်း၊ အုဋ်၊ ဍ်၊ ၌၊ ဉ်၊ ဌ်၊ ဠ်၊ တ်၊ ထ်၊ ပ် လား ရှင်းပြပေးပါ
ပြန်စာ
(၁)
"အုဋ္ဌ်" သည် မြန်မာစာလုံးပေါင်းသတ်ပုံအရ အုတ် ဟု ရေးသားလေ့ရှိပြီး အိမ်၊ တံတိုင်းနှင့် အဆောက်အဦးများ ဆောက်လုပ်ရာတွင် အသုံးပြုသော မြေညက်ကို မီးဖုတ်ထားသည့် ပစ္စည်းဖြစ်သည်။ အုတ်သည် ခိုင်ခံ့ပြီး တာရှည်ခံသောကြောင့် ရှေးဟောင်းဘုရားစေတီများမှသည် ယနေ့ခေတ်အိမ်ရာများအထိ အဓိက ဆောက်လုပ်ရေးပစ္စည်းအဖြစ် အသုံးပြုကြသည်။
အုတ် အမျိုးအစားများ
မီးဖုတ်အုတ် (အနီရောင်): မြေစေးကို မီးဖုတ်ထားခြင်း။
ဘိလပ်မြေအုတ် (ကွန်ကရစ်အုတ်): ဘိလပ်မြေနှင့် သဲ ရောစပ်ပြုလုပ်ခြင်း။
အသုံးပြုပုံ
အိမ်နံရံများ၊ တိုင်များနှင့် အုတ်မြစ်များ။
လမ်းခင်းခြင်းနှင့် တံတိုင်းများ ကာရံခြင်း။
အုတ်များကို မြေအရည်အသွေးနှင့် မီးဖုတ်သည့်စနစ်ပေါ်မူတည်၍ အဆင့်များ ခွဲခြားထားသည်။
(၂)
အုဋ္ဌ်ခုံသည် အုတ်များဖြင့် စီမံတည်ဆောက်ထားသော ခိုင်ခံ့သည့် ခုံအမြင့် သို့မဟုတ် အောက်ခံအုတ်မြစ်ဖြစ်သည်။ များသောအားဖြင့် စေတီပုထိုးများ၏ ပစ္စယာများတွင် မြင်းမိုရ်တောင်ကို ရည်ရွယ်၍ အလယ်ဗဟို၌ အမြင့်အုဋ္ဌ်ခုံ တည်ဆောက်လေ့ရှိသည်။
အဓိပ္ပာယ်: အုတ်ဖြင့် စီထားသော ခုံ။
အသုံးပြုမှု: စေတီတော်များ၏ အောက်ခြေပစ္စယာများ၊ ပူဇော်ရာနေရာများတွင် အခြေခံအဖြစ် အသုံးပြုသည်။
ဥပမာ: မြသိန်းတန်စေတီတော်ကဲ့သို့သောနေရာများတွင် ရေလှိုင်းကွန့်သဏ္ဌာန် ပစ္စယာများ၏ အလယ်တွင် အာလိန်ငါးဆင့်ပါဝင်သော အုဋ္ဌ်ခုံဖြင့် မြင်းမိုရ်တောင်ကို ရည်ညွှန်းတည်ထားသည်။
(၃)
အုတ်
ခုနစ်အုတ်မန်း
အုတ်ကန်မြို့
အုတ်ခဲ
အုတ်ဖိုမြို့
အုတ်ကြွပ်
အုတ်မြစ်ချ
အုတ်လှငယ်
အုတ်လှကြီး
အုတ်အုတ်ကျက်ကျက်
အုတ်လှေခါး
ညောင်အုတ်ဖီး
ဆားတည်းအုဋ္ဌ်ဆရာတော်၊ အောင်လံမြို့
(၄)
မလှိုင်မြို့နယ်၊ အုတ်ကြီးကျေးရွာ၊ အုဋ္ဌ်ကျောင်းကြီးနှင့် ဆက်သွယ်သည့် ရွာလယ် လမ်း ကိုယ့်အားကိုယ်ကိုး ကွန်ကရစ်လမ်းခင်း
မယ်နု အင်းဝ အုဋ္ဌ်ကျောင်း (မယ်နုအုတ်ကျောင်း)
ဓမ္မဒါန အုဋ္ဌ်တွင်းကုန်း သာသနာ့ရိပ်သာ
သီရိမင်္ဂလာအုဋ္ဌ်ကျောင်း၊ အောင်မြေသာစံ
အုဋ္ဌ်တွင်းကုန်း မဟာစည်ရိပ်သာ ဓမ္မဒါန တော်ဝင်ပညာရေးကုသိုလ်တော်
မြသိန်းတန်စေတီ (မင်းကွန်း) သတ္တမ ပစ္စယာမှာ ယုဂန္ဓိုရ်တောင်ထိပ်ကို ရည်ရွယ်၍ အလယ်ဗဟိုအမြင့် အုဋ္ဌ်ခုံမှာ အာလိန်ငါးဆင့် ပတ်လျှက် မြင်းမိုရ်တောင်ကို ရည်ရွယ်ထားသည်။
ဒဂုန်ခင်ခင်လေး၏ မြေပဒေသာ - ထိုည ၀မ်လန်းမှာ အိပ်မပျော်တော့ပေ၊ အုဋ္ဌ်တံတိုင်းကြီး ၏ တဘက်တွင် ရှိသော
မေမေကြီးကြီး (မောင်သာရ) - အတောင်အလက်တွေစုံ၊ ပညာတွေတတ်၊အလုပ်အကိုင်တွေရ၊ အိမ်ထောင်တွေ ကျကြလဲ ရေကြည်ရာ မြက်နုရာခွဲခွါမသွားကြဘူး။ ဘိုးဘွားပိုင် အုဋ္ဌ်တံတိုင်းကာ ဧရာမခြံဝန်းကျယ်ကြီး တကွက်ထဲမှာပဲ
ရှေးက "တံခွန်တိုင်"ကို "သစ်တွေ, ဝါးတွေ"နဲ့ ပြုလုပ်ခဲ့ကြပေမယ့် နှောင်းခတ်မှာ "အုဋ္ဌ်, အင်္ဂတေ"တွေနဲ့သာ ပြုလုပ်ကြပါတော့တယ်။
အုံ့ အုပ် အုတ် https://burmese-spelling.blogspot.com/2022/08/blog-post_434.html
အုတ် အုဋ္ဌ် https://burmese-spelling.blogspot.com/2024/01/blog-post_194.html
အုပ်တချပ် သဲတပွင့် https://burmese-spelling.blogspot.com/2025/03/blog-post_798.html
ဒေါက်တာတင့်ဆွေ

Comments
Post a Comment