တစ်တောင်းစား၊ တတောင်းစားကအမှန်လား ဆရာခင်ဗျ
စာလုံးပေါင်း = သူတောင်းစား။
အသံထွက် = သှဒေါင်းဇား။
သူတောင်းစား = တောင်းရမ်းခြင်းဖြင့် အသက်မွေးသူ။
အလှူခံပုဏ္ဏား၊ သူတောင်းစားတဝ၊ မယ်သီလဖိုးသူတော်၊ လူပေါ်မှာကြောကြသည်။ ပုည။ ၁။ ၂၁ ။
ကြောင်းတူသံကွဲများ = သူဖုန်းစား။ ဖုန်းတောင်းယာစကာ။ ဒွန်းစဏ္ဍား။
တစ်တောင်းစား ဆိုတာ မတွေ့ဘူးပါ။ စာလုံးအရ ဆိုလိုချက် အနည်းဆုံး ၂ မျိုး ဖြစ်နိုင်တယ်။
(၁) တစ် ကို တောင်းစား။
(၂) အမှတ်စဉ် ၁ တောင်းစား။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment