Skip to main content

† သင်္ကေတ

လားရှိုးတွင် ဆရာတော်ကို ရက်စက်စွာ သတ်ဖြတ်ခဲ့သည့် ၇ တန်းကျောင်းသား ၂ ဦးကို ဖမ်းဆီးရမိ (Shwe Movies Channel)

စာရေးတာတော့ မမှားပါ။ ပုံထဲကစာ မှားနေတယ်။

(၁)

တရားခံ လို့ ရေးရပါသည်။

(၂)

"ဆရာတော်ကိုသတ်တဲ့" လို့ ရေးတာတော့ ဖြစ်ပါမယ်။ အတော်စဉ်းစားယူရတယ်။

"ဆရာတော်ကိုက်တဲ့" လို့ ရေးတာလားလည်း စဉ်းစားရသေးတယ်။ ကန်တော့။

(၃)

သေ၊ သတ်၊ ကိုက် စတဲ့စာလုံးတွေကို ဖေ့စ်ဘွတ်မှာ မရေးရဘူးထင်နေကြတာ မှားတယ်။

ကျွန်တော် သတ်ပုံစာလုံးမရးဖြစ်တဲ့နေ့ မရှိပါ။

ရောဂါသေဆုံးမှုလည်း မကြာခဏရေးပါတယ်။ 

မြွေကိုက်ရောဂါအကြောင်းလည်း တင်ပြတယ်။

(၄)

ပုံထဲကသင်္ကေတမှာ သီးခြားဆိုလိုချက် ရှိတယ်။

† သင်္ကေတ

† (dagger / obelisk) ဆိုတဲ့ သင်္ကေတရဲ့ အဓိပ္ပါယ်ကို အောက်ပါအတိုင်း အသုံးများပါတယ်—

အဓိက အသုံးအနှုန်းများ

1. သေဆုံးခြင်းကို ညွှန်ပြခြင်း

လူအမည်နောက်မှာ † 1995 လို အသုံးပြုပြီး “သေဆုံးပြီးဖြစ်သည်” ဆိုတာကို ပြသပါတယ်။

2. မှတ်ချက် (footnote) သင်္ကေတ

စာအုပ်၊ ဆောင်းပါးတွေမှာ * နောက်တဆင့်အဖြစ် † ကို မှတ်ချက်ညွှန်းရန် သုံးပါတယ်။

3. ဘာသာရေးဆိုင်ရာ အဓိပ္ပါယ်

ခရစ်ယာန်ရေးရာအကြောင်းအရာများတွင် လက်ဝါးကပ်တိုင်ကို ညွှန်ပြရာမှာ အသုံးတွေ့ရပါတယ်။

4. ဂီတမှတ်စု (musical notation)

သီးသန့်နည်းပညာဆိုင်ရာအခြေအနေများတွင် သီးခြားညွှန်းချက်အဖြစ် သုံးတတ်ပါတယ်။

5. စာရင်း/ဒေတာအတွင်း အထူးမှတ်သားချက်

အချက်အလက်တခုက ထူးခြားချက်၊ သတိပြုရန်ရှိကြောင်း ပြရန် သုံးတတ်ပါတယ်။

အမည်ခေါ်

အင်္ဂလိပ်လို dagger (သို့) obelisk လို့ ခေါ်ပါတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ