Skip to main content

တိရစ္ဆာန် နှင့် တချို့

တိရစ္ဆာန်လို့ ရေးရ

ဆရာအောင်သင်းအမည်လည်းပါနေတော့ ပိုပြီး သတိထားရမယ်။

အဲလိုဘဲ -

ရွှေဥဒေါင်းအမည်နဲ့ အမှားတွေ တင်ကြတယ်။

ဆရာဇော်ဂျီအမည်နဲ့ အမှားတွေ တင်ကြတယ်။

ဆရာမင်းသုဝဏ်အမည်နဲ့ အမှားတွေ တင်ကြတယ်။

တက္ကသိုလ်ဘုန်းနိုင်အမည်နဲ့ အမှားတွေ တင်ကြတယ်။

ဆရာတင်မိုးအမည်နဲ့ အမှားတွေ တင်ကြတယ်။

မှားနေတာကိုထောက်ပြရင် အမှားကိုဖျက်ပြီး အမှန်ပြင်တင်ကြပါ။

သူများရေးထားတာလို့ပြောသူတွေကလည်း အမှားကိုဖျက်ပြီး အမှန်ပြင်တင်ကြပါ။

တိရစ္ဆာန် မှန်အောင်မရေးတတ်သူတွေ အများကြီးတွေ့ရတယ်။

တချို့ လို့ရေးတာ မှန်တယ်။

တချို့ ကိုမှန်အောင်မရေးတတ်သူ ၆ ယောက် နမူနာတင်ပြမယ်။ မှန်အောင်မရေးတတ်သူတွေ အများကြီးတွေ့ရတယ်။

(၁)

ပွင့်"တစ်"ချို့ကြွေ"တစ်"ချို့

Pann Satt Lann Books

https://www.pannsattlann.com › pw...

Translate this page

Nov 18, 2023 — လောကမှာ စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာ ဆိုတာ ရှိကောင်း ရှိနိုင်ပါလိမ့်မယ်။ ချစ်ခြင်းမေတ္တာ လို့ ခေါင်းစဥ်တပ်ပြီး တန်ဖိုးမဲ့တဲ့ လုပ်ရပ်တွေ လုပ်တတ်တဲ့ လူ"တစ်"ချို့ကြောင့်လည်း ချစ်ခြင်းမေတ္တာတွေဟာ တန်ဖိုးမဲ့သလို ဖြစ်ရပြန်တယ်။ ဒီစာအုပ်လေးက (ယူတတ်ရင်)သင်ခန်းစာ ရစေမဲ့Read more

"တစ်"ချို့ from www.pannsattlann.com

"တစ်"ချို့.."တစ်"ချို့တွေပါလေ - Facebook

(၂)

Facebook · Kainan Hpakawn

6 reactions · 2 months ago

"တစ်"ချို့.."တစ်"ချို့တွေပါလေ · စိတ်ဆိုးတိုင်း စကားမရိုင်းနဲ့။ စိတ်က ပြောင်းသွားပေမယ့် စကားလုံးက မပြောင်းတော့ဘူး။ · ရွာသူမို့..တောင်တန်းဒေသနှင့်စမ်းချောင်းလေးတွေ ကိုမြတ်နိုးတယ်.. · Ah Zi Put Jar Ngai LuSumlut Nan lahkawng hpe tsun sai.. · ဒီဘက်မှာတော့ ...Read more

(၃)

.... "တစ်"ချို့ သိဖို့..😁 | Saw Gyi

Facebook · Saw Gyi

20+ reactions · 2 months ago

0:40

..... ချိုက်သမီးသျှေ... ·....ငါရို့ အိမ်ရှင်မကြိုက်ရေတေးခြင်း..... ·.......အဆင်မပြေမှု့တီများလာ.... ·...တိုင်းတပါးက ကျွန်တော်.. ·...အချိုက်ဆုံးကို ပြောလိုက်မေ.. ·......စီးဖို့လူ ပါလတ်.. ·..... ဟုပ်လည်း ဟုပ် ...

(၄)

"တစ်"ချို့ ကကံကောင်းတယ်..ဆို ...

YouTube · NaWin Thiha

6.7K+ views · 12 years ago

3:58

"တစ်"ချို့ ကကံကောင်းတယ်..ဆို...ချစ်ကောင်း..ရေး..၀င်းမင်းထွေး. 6.6K views · 12 years ago ...more. NaWin Thiha. 514K. Subscribe. 27. Share.

(၅)

"တစ်"ချို့ "တစ်"ချို့အတွက် လွယ်ပေမယ့် ...

Facebook · ꜱ ᴏ ɴ ɢ ꜱ ꜰ ᴏ ʀ ᴜ

520+ reactions · 2 years ago


4:56

"တစ်"ချို့ "တစ်"ချို့အတွက် လွယ်ပေမယ့် ကိုယ်ဟာ ရုန်းကန်လာခဲ့ဖူးတယ် ဆောင်းဦးလှိုင် စည်သူလွင် အဲလက်စ် // အနာဂတ်မဲ့.

"တစ်"ချို့ကတော့ကံကောင်းတယ်♠ချစ်ကောင်း

(၆)

SoundCloud · MMKK♥

100+ likes

"တစ်"ချို့ကတော့ကံကောင်းတယ်♤ချစ်ကောင်း. MMKK♥. 7773. 3:57. Jun 27, 2013. 105. 7. MMKK♥. Singapore. 87 Followers. Follow. Related tracks. See all · မောင်ကြီးခေါ်ရာ ရန်အောင်၊ပိုးအိစံ.m4a. ခွန်းသ. 13.6K.Read more

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ