အဲလို ယူဆလို့ မရပါ။ မကြာခဏတင်ပြထားပါတယ်။
တခု မှာ စသတ်ရန်မလိုဆိုတဲ့အတ်ွ့ နှစ်ခု ကိုလည်း မလိုဘူးထား ထောက်ပြကြတယ်။ အဲလိုယူဆလို့မရပါကြောင်း အထောက်အထားတွေနဲ့တကွ တင်ပြထားတယ်။
မောင်ဘ၏နှမ မခင်နှစ်မှာ နှစ်နှစ်သမီးကတည်းက နှလုံးရောဂါရှိပါသည်။ မိဘနှစ်ဦးက စိတ်မကောင်းဖြစ်နေကြပါသည်။
စာလုံးပေါင်းသတ်ပုံတွေက နက်နဲတယ်။ ကျယ်ပြန့်တယ်။ သိမ်မွေ့တယ်။
လက်ရှိမှာ အကောင်းဆုံးနဲ့ အစုံလင်ဆုံးကတော့ မြန်မာအဘိဓာန် အကျဉ်းချုပ် (၁၉၇၈-၇၉-၈၀) ထုတ် ၅ တွဲ ဖြစ်ပါတယ်။ လိုချင်သူတွေက မက်စင်ဂျာကနေမှာရင် pdf ဖိုင် ၅ ခု ပိုပေးနေပါတယ်။ လူဦးရေ ၁၅၀ လောက်ဆီကို ပို့ပေးပြီးပြီ။
နှ နဲ့ နှစ် https://burmese-spelling.blogspot.com/2024/06/blog-post_655.html
နှ နှစ် အဆက် https://burmese-spelling.blogspot.com/2024/12/blog-post_56.html
အလားတူ ပဲ နဲ့ဘဲ ကိုလည်း လိုသလိုတွေးနေကြတယ်။ ပဲ နဲ့ ဘဲ ကို ပုံနေသနည်းနဲ့ မှတ်ယူလို့ မရပါ။ မူရင်းစာ၊ ကဗျာ၊ သီချင်းမှာ ပဲ ဆိုရင် ပဲ၊ ဘဲ ဆိုရင် ဘဲ လို့သာ ရယူရပါမယ်။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment