Skip to main content

ပ ပါ့

ဆရာရှင့် ဟုတ်ပ /ဟုတ်ပါ့ ရှင်းပြပေးပါ  ဟုတ်ပါ့ တွေနဲ့ ပြန်ပြန်ဖြေလို့ စိတ်ထဲ ဘဝင်မကျလို့ ကိုယ်က မှားနေတာလားဆိုတာ သိချင်လို့ပါ ဆရာရှင်။

သတ်ပုံကျမ်းတွေမှာ ပါ့ မပါရှိပါ။ စကားအရာမှာတော့ အသုံးမနည်းပါ။

၁။ ကြိယာကိုအတည်ပြုသောအနက်ဖြင့် ထောက်ပံ့သောစကားလုံး။ ပါ၏။ ပါ့။ ပေါ့။

ဟုတ်တာပ၊ ဟုတ်တာပ။

၂။ ကြိယာကိုလေးနက်စေသောစကားလုံး။

သားစဉ်မြေးဆက်ပြောပစရာဖြစ်ချေသည်။ ဝေါ။ ၃၉၉။

၃။ မြွက်သည်။ ဆိုသည်။ ကြုံးဝါးသည်။

ဤသို့ပုဏ္ဏက၊ ကြုံးသံပသော်။ ဝိပျို့*၅၆။

၄။ ထွန်းတောက်သည်။

တထောင်နေလ၊ ပြိုင်၍ပလည်း၊ မမျှနိုင်ရာ။ ပြာဋိ*၆၄။

၅။ ပူဇော်သည်။

ဂြိုဟ်အပေါင်းနှင့်၊ နတ်ကောင်းပရန်။ ကုသ*၁၇၄။

၆။ အပြင်။ အပြင်ဘက်။ အပ။

ပြည်တွင်းပြည်ပ၊ ဖြင်မျှများစွာ၊ လူတကာတို့။ သတ်ကြီး။ ၃၂။၊

၇။ ကင်းလွတ်သည်။ ပလပ်သည်။ ပြေပျောက်သည်။

အနှစ်ရာထောင်မသိမ်းမပိုက်စေ။ ပစေ။ နု။ ၅၅။

၈။ ပယ်သည်။ ထုတ်ပစ်သည်။ ချန်လှပ်သည်။ ခေါက်ထားသည်။

ပထားရာရောက်ပေတော့မည်။ မီးရေခြား။ ၃၀။

၉။ ဖယ်ရှားသည်။

လေးပါးသောမှောင်ကိုဆီမီးရောင်ပဘိသကဲ့သို့။ ဓာတု၊ ဒု။ ၃၄။

၁၀။ ကင်းမဲ့သည်။ မရှိ။

အဆင်းလှလျက်အချင်းပသဖြင့်အလျှင်းမျှမတင့်တယ်။ ဟိတော။ ၃၃။

၁၁။ ကွယ်ပျောက်သည်။

သာသနာတော်ပသောကာလ၌။ ပဉာ။ ၈၇။

၁၂။ ပေယျာလကိုအတိုရေးသောအမှတ်အသားတမျိုး။

ပထမဈာန်။ ပ။ စတုတ္ထဈာန်တို့ပေတည်း။ သာသမ်။ ၇၈။

၁၃။ ဟုတ်ပါ့

၁၄။ ဟုတ်ပါ့မလား

၁၅။ ဘယ်ဟုတ်ပါ့မလဲ

၁၆။ ဟုတ်ပါ့မလား မောင်ကာဠုရဲ့ 

၁၇။ ဟုတ်ပါ့အေ

၁၈။ မလွှားမပ

ရောင်ဝါပလိမ့်

ရန်ဆိုလျှင် ပရသည်

လေးပါးသော မှောင်ကို ဆီမီးရောင် ပဘိသကဲ့သို့

အချင်း ပ သဖြင့်

ရနထဲတွင် ပျောက်သည်ကို ပ စေသည်ဟု စီရင်သည်။

နတ်နှယ် ပ ၍သမီးတော်နှင့် မလျော်အဆ၊ မတော် ပ လိက်

လေးထွသီလ၊ ဖြူစင် ပ သား။

တတန်တရာ၊ မဟုတ်ခါကို၊ နေဝါ ပ ကြိုက်၊ အမျက်အိုက်လျက်၊

ပြောပ၊ ချီးပ၊ စံပ၊ တည်ပ၊ ရွှင်ပ စသည်ဖြင့် သုံးသည်။

ဒေါက်တာတင့်ဆွေ

Comments