ဒိသာဆိုသည်မှာ အရှေ့၊ အနောက်၊ တောင်၊ မြောက် ဟူသော အရပ်လေးမျက်နှာကိုရည်ညွှန်းခြင်းဖြစ်သည်။
ထို့ကြောင့် စတုဒိသာဆိုတာ အရပ်လေးမျက်နှာမှလာသော မည်သည့် အလှူခံမျိုး၊ မည်သာည့်စားသုံးမျိုးကိုမဆို အတန်းအစား မခွဲခြားပဲ စေတနာသဒ္ဓါ ထက်ထက်သန်သန် ရက်ရက်ရောရော ပျော်ပျော်ပါးပါး လှူဒါန်းတဲ့အလှူကို စတုဒိသာလို့ ခေါ်ပါတယ်။
စတု = လေးခုအရေအတွက်။
စတုမဓူသည် စတုမဓု ဟူသော ပါဠိဘာသာမှ ဆင်းသက်လာသည်။ စတု၏အနက်မှာ လေးခုသင်္ချာ၊ မဓု၏ အနက်မှာ အချိုအရသာဖြစ်၏။ ထိုကြောင့် စတုမဓုသည် အချို ၄ မျိုးဟု အဓိပ္ပာယ်ရသည်။ ထိုအချိုလေးမျိုးကား၊ ထောပတ်၊ တင်လဲ၊ ပျားရည်နှင့် ဆီဖြစ်သည်။ ယင်းလေးပါးကို အမျှစီပေါင်းစပ်လျက် နေ သို့မဟုတ် မီးဖြင့်ချက်လျှင် စတုမဓုဖြစ်သည်။
စတုမဟာရာဇ်နတ်မင်းကြီးလေးပါး။
စတုတ္တတန်း = ၄ တန်းမြောက်အတန်း။ အလွယ်ခေါ်မှသာ ပြောဆိုကြပေမဲ့ ၄ တန်း မဟုတ်။
အင်္ဂလိပ်လို G-4 လို့ အလွယ်ခေါ်လို့ရပေမဲ့ အတိအကျက 4th Grade လို့ ရေးရတယ်။
ပုံအတွက် ကျေးဇူး။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment