Skip to main content

ဒဿနအဆိုအမိန့်များ Philosophy Quotes

 

🧠 ဗဟုသုတနှင့် ကိုယ်တိုင်ကိုယ်ကျ (On Knowledge & Self)

“မိမိဘဝကို မစူးစမ်း မစစ်ဆေးဘဲ နေခြင်းသည် တန်ဖိုးမရှိသော ဘဝ ဖြစ်သည်။”

— ဆိုကရေးတီး (Socrates)

“ငါ သိသည်ဟု သိထားသည်မှာ— ငါ မည်သည့်အရာကိုမျှ မသိသေးခြင်းသာ ဖြစ်သည်။”

— ဆိုကရေးတီး (Socrates)

“မိမိကိုယ်ကို သိရှိပါ။”

— အရစ္စတိုတယ် (Aristotle)

“စိတ်ဉာဏ်သည် ဖြည့်သွင်းရမည့် အိုးတလုံး မဟုတ်ဘဲ မီးတောက်တခု ဖြစ်သည်။”

— ပလူတတ်ခ် (Plutarch)

“ငါ့ကို အမည်တပ်လိုက်ချိန်မှစ၍ ငါ့ကိုယ်တိုင်ကို ပယ်ဖျက်လိုက်ခြင်း ဖြစ်သည်။”

— ဆိုးရင် ကီရ်ကေဂေါ့ (Søren Kierkegaard)

🌍 ဘဝနှင့် အမှန်တရား (On Life & Reality)

“ငါ တွေးတောနေသောကြောင့် ငါ ရှိနေသည်။”

— ရေနေ ဒက်ကတ် (René Descartes)

“လူသည် လွတ်လပ်ရမည်ဟု အတင်းအကျပ် ချမှတ်ခံထားရသူ ဖြစ်သည်။”

— ဇန်-ပေါလ် ဆာတ် (Jean-Paul Sartre)

“အုပ်ချုပ်ရန် ငြင်းပယ်သူ၏ အပြစ်ဒဏ် အကြီးဆုံးမှာ မိမိထက် နိမ့်ကျသူ၏ အုပ်ချုပ်မှုကို ခံရခြင်း ဖြစ်သည်။”

— ပလေတို (Plato)

“မည်သည့်လူမျှ မြစ်တခုထဲကို နှစ်ကြိမ် မဝင်နိုင်ပါ။ အကြောင်းမှာ မြစ်လည်း မတူတော့သလို လူကိုယ်တိုင်လည်း မတူတော့ခြင်းကြောင့် ဖြစ်သည်။”

— ဟီရာကလိတပ် (Heraclitus)

“လူယုံကြည်မှုကို ရပ်လိုက်သော်လည်း မပျောက်ကွယ်သွားသော အရာကိုပင် အမှန်တရား ဟု ခေါ်သည်။”

— အမည်မသိ (Unknown)

😊 ပျော်ရွှင်မှုနှင့် သီလ (On Happiness & Virtue)

“ကျေနပ်တတ်ခြင်းသည် သဘာဝဓန ဖြစ်ပြီး၊ အလွန်အကျွံ ခမ်းနားခြင်းသည် လူလုပ် ဆင်းရဲမှု ဖြစ်သည်။”

— ဆိုကရေးတီး (Socrates)

“ပျော်ရွှင်မှုသို့ သွားရာလမ်း တလမ်းတည်းသာ ရှိသည်— မိမိအာဏာအောက် မရှိသော အရာများကို စိုးရိမ်ခြင်းမှ ရပ်တန့်ခြင်း ဖြစ်သည်။”

— အီပစ်တက်တပ် (Epictetus)

“ငါတို့သည် အကြိမ်ကြိမ် ပြုလုပ်နေသည့် အရာအဖြစ်သာ ဖြစ်ကြသည်။ ထူးချွန်မှုသည် လုပ်ရပ်တခါတရံ မဟုတ်ဘဲ အလေ့အကျင့် ဖြစ်သည်။”

— အရစ္စတိုတယ် (Aristotle)

“တိတ်ဆိတ်နေခြင်း သို့မဟုတ် တိတ်ဆိတ်မှုထက် ပိုမိုတန်ဖိုးရှိသော စကားကိုသာ ပြောခြင်းသည် ပိုကောင်းသည်။”

— ပိုက်သဂိုရပ်စ် (Pythagoras)

😏 စိန်ခေါ်သော အဆိုအမိန့်များ

(Witty & Provocative)

“လူအများစုသည် ကိုယ်ပိုင်မဟုတ်သော လူများ ဖြစ်ကြသည်။ သူတို့၏ အတွေးများသည် အခြားသူ၏ ထင်မြင်ချက်များ ဖြစ်ပြီး၊ ဘဝသည် အတုခိုးမှု၊ စိတ်အားထက်သန်မှုများသည် ကိုးကားချက်များသာ ဖြစ်သည်။”

— အော်စကာ ဝိုင်လ်ဒ် (Oscar Wilde)

“အကန့်အသတ်မရှိသော အရာ နှစ်ခု ရှိသည်— ကမ္ဘာလုံးဆိုင်ရာ အာကာသနှင့် လူသား၏ မိုက်မဲမှု။ ဒါပေမဲ့ အာကာသအကြောင်းကိုတော့ သေချာမပြောနိုင်သေးပါ။”

— အဲလ်ဘတ် အိုင်းစတိုင်း (Albert Einstein)

“နတ်ငရဲ ဆိုသည်မှာ အခြားလူများ ဖြစ်သည်။”

— ဇန်-ပေါလ် ဆာတ် (Jean-Paul Sartre)

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ