Skip to main content

ပွဲခါညောင်ရေ သွန်းမြဲပေတည့်

"တတောင်လုံးမှိုင်း စ၍ဆိုင်းသော်"

မဲဇာတောင်ခြေ  စီးထွေထွေတည့်

မြစ်ရေဝန်းလည် မြိုင်တောဆီက

ရွှေပြည်ကိုသာ တရှာတော့မိ

မိုးရှိရှိလျှင် သီရိကျက်သရေ

တက်ဖြိုးဝေသား

အောင်မြေကြော့ကြော့ ကုန်းမော့မော့နှင့်

ဘိုးတော်ကောင်းမှု တည်ထားပြုသည်

ဇဗ္ဗူ့ဆီမီး ခြောက်ရောင်ည်ီးမျှ

ဂူကြီးသ္ခင် ရွှေလင်းပင်နှင့်

ရွှေခြင်္သေ့မွေ စ၍ရေသော်

ရွှေစေတီကြီး အသီးသီးတည့်

ပိတ်ဆီးချယ်တန်း လျှပ်ရောင်သန်းမျှ

ရွှေနန်းရွှေဘုံ အလုံးစုံကို

အာရုံမျက်မြင် ဖူးမျှော်ချင်၍

သည်တွင်ရွှေမြို့ သည်သို့စေတီ

သည်ဆီရွှေနန်း ဖြောင့်တန်းတော့မည်

စိတ်ကရည်သည် ရွှေပြည်ဌာန

ဝေး‌သောကြောင့်။

သဲသာသောင်မြေ မြစ်ကမ်း‌ခြေလည်း

အကြေတပြင် ဒို့အောက်ခွင်ဝယ်

ရေယဉ်ပတ်ဝန်း ပျော်ဘွယ်ထွန်းလိမ့်

တကျွန်းလောက်ပင် ဝေးမည်ထင်ခဲ့

စီးသွင်ညိုရစ် မဲဇာမြစ်လည်း

ထစ်ထစ်ထွန်းဘိ ခြုံအတိနှင့်

တောကြီးဆိတ်ညံ ဆည်းကျံကျံဝယ်

ဓူဝံမပေါ်  မမျှော်ပါရ

နေကို တ လည်း ဘယ်ကရှေ့နောက်

ဘယ်တောင်မြောက်ဟု တွေးထောက်မမှန်

ဖန်ဖန်အံ့ဩော ကြံတိုင်းမောစွ

ဘယ်တော ဘယ်မြိုင် မသိနှိုင်ခဲ့

မခိုင်စိတ်ဝမ်း နေ့တိုင်လွမ်းရှင့်

ကင်းစမ်းတောင်က လေဦးစ၍

နောက်မှလေရှည် အတည်တည်သည်

လေပြည်လာက အေးသောကြောင့်။

ပွဲခါညောင်ရေ သွန်းမြဲပေတည့်

ရိုသေသဒ္ဓါ ထုံးစဉ်လာဖြင့်

မဲဇာရပ်သူ တောင်းဆုယူသည်

ရွှေဂူတော်နှင့် ရှုတိုင်းတင့်သား

မိုမြင့်သီခေါင် မဲဇာချောင်က

တတောင်လုံးမှိုင်း စ၍ဆိုင်းသော်

တောင်တိုင်းယှက်၍ ဝန်းကာဝှေ့ သည်

တောင်ငွေ့ဝေဝေ အထွေထွေနှင့်

လေလည်းရောရာ မိုးမပါဘဲ

သံဝါဖြောက်ဖြောက် ဆီးနှင်းပေါက်လည်း

မိုးလောက်ပြင်းထန် သွန်းချပြန်သော်

ယုဂန်ထင်ရှား တောင်တော်ဖျားက

ရထားယာဉ်သာ နေစကြာလည်း

ရောင်ဝါမထွန်း ချမ်းရှာလွန်း၍

တည့်မွန်းချိန်နေ ရောက်လွယ်စေဟု 

စေ့ရေလှည့်လည် တ လျက်မည်သည်

နေခြည်ဖြာမှနွေးသောကြောင့်။

လက်ဝဲသုန္ဒရအမတ်ကြီး ပိုဒ်စုံရတု

"လက်ဝဲသုန္ဒရ"    ရေး-မြို့မငြိမ်း  ဆို-မာမာအေး      

(မြို့မမူအတိုင်းပြန်လည် သီဆိုသည်)

https://www.facebook.com/reel/1543458140677166/?s=single_unit

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ