Skip to main content

ဝေါဟာရတ္ထပကာသနီ (ကောက်နုတ်ချက်)





https://drive.google.com/file/d/1PlmV-HKR5eHzxoM3zdva3qCQoT9mdhlU/view?usp=drivesdk

(ဒုတိယ ကျော်အောင်စံထားဆရာတော်)

#ရှေးစာကဗျာများ

စာမျက်နှာ ၆ - ဝေါဟာရတ္ထ ပကာသနီ ကောက်နုတ်ချက်

“လုလင်စံပယ်၊ ယောကျ်ားငယ်တို့”-

စသည်ဖြင့် ပျိုငယ်သောယောကျ်ားတို့နှင့် မုတ်ဆိတ်၏ တင့်တယ်ဟန်ကို ဆိုသော အရာဖြစ်၏။ ဖြူသော မုတ်ဆိတ်လည်း မတင့်တယ်ရာ၊ မုတ်ဆိတ်ဖြူ ပေါက်မည့်အရွယ် လူကြီးလူအိုကို ဆိုသော အရာလည်း မဟုတ်။

“နက်မည်းဆံသွယ်၊ လက်ဦးရွယ်က”-

ဟူ၍ ငယ်သည်ကာလ ဆံမည်းကြောင်း။

“ဖြူကြားဆံရောက်၊ အိုရုပ်ဘောက်မှ”-

ဟူ၍ဆိုသောအခါ ဆံဖြူကြောင်းများကုိဆိုပြီးဖြစ်သောကြောင့် ဆံနှင့်တူစွာ လုလင်အရွယ်၌ မုတ်ဆိတ်မည်းကိုသာ လိုသင့်သောကြောင့် ဦရူရုဆိုသည် တမုံ့ ဟူ၍ ဖြူသည်ကိုမယူသင့်သည်ဖြစ်၏။

ဦး-သဒ္ဒါ

ဝိသေသနံပါသော အရာ၌ကား-

(၁) “တဦးတဦး၊ ဥဒါန်းကျူးသော်” စသည်ဖြင့် အရေအသေ ရေတွက်သောအရာ။

(၂) “ချစ်ခြင်းလွန်ကြူး၊ ရွှေသို့ဦးသည်၊ ကျေးဇူးသခင်” စသည်ဖြင့် ရွှေကိုမီးဖြင့် လှော်သည်ဦးသည်ကို ဆိုသောအရာ။

(၃) “အပေါင်းလူများ ရှေးဦးတည်း” ဟူ၍ အစအဦးကို ဆိုသောအရာ။

စာမျက်နှာ ၇ - ဦး-ကာရန္တဝေါဟာရ

(၄) “တစူးမျိုး၊ ခြေဦးတိုက်ပါ ကုန်လှည့်လော” စသည်ဖြင့် ဦးခေါင်းကို ဦးခေါင်းဆိုသောအရာ။

(၅) “မဆိုတုံဘူး၊ နားထောင်ဦးလော့” စသည်ဖြင့် တိုက်တွန်းသောအရာ။

(၆) “ဆွမ်းဦးရေဦး” စသည်ဖြင့် အမြတ်အကောင်းကို ဆိုသောအရာ။

ဤသို့သောအရာတို့၌ ဝိသေသနံပါ၍ ခေါ်ဝေါ်ကုန်၏။

ထိုတွင် တဦးတဦး-စသည်ဖြင့် အရေအသေ ရေတွက်သောအရာကား ရိုသေသေ အမှုအရာ ဂုဏ်တစိတ်မျှသာ ယူသင့်၏။ အဘယ့်ကြောင့်နည်း ဟူမူကား- တစ်၊ နှစ်၊ သုံး၊ လေး-စသော သင်္ချာမှတပါး အနက်အထူးမထွက်၊ အရာသို့လိုက်၍သာ တကောင် နှစ်ကောင်၊ တခု နှစ်ခု၊ တယောက် နှစ်ယောက်၊ တပါး နှစ်ပါး-စသည်ဖြင့် အထွေထွေ ခေါ်ဝေါ်ကုန်၏။

အချို့ကား- တကောင်နှစ်ကောင် ဆိုသည်ကို အသေအကောင် မဟုတ်တကား၊ ရှင်သော သတ္တဝါတို့ကို တကောင်နှစ်ကောင် မဆိုသင့်သကဲ့သို့ အယူရှိ၏။ အကြောင်းမှာ- မရှိသလောက်သော ကြက်၊ ငှက် စသည်တို့ကို ဆိုသင့်သည်သာ ဖြစ်ရာ၏။ အဘယ့်ကြောင့်နည်း ဟူမူကား-

“လင်းတ တကောင်၊ လက်ဆောင် သဖွယ်”-

စာမျက်နှာ ၈ - ဝေါဟာရတ္ထ ပကာသနီ ကောက်နုတ်ချက်

ဟူ၍ စပ်ဘူးသောအရာကို ထောက်သော် လင်းတ အရှင်တို့ကိုပင် ဆိုသည် ယူသင့်၏။

တခုနှစ်ခု ဆိုသောအရာကား-

“လိပ်ပယ်တခု၊ လူမလိမ္မာ”-

ဟူ၍ မရှိသလောက်သော တိရစ္ဆာန်တို့ကို ဆိုသောအရာ၊

“အာရုံငါးခု၊ ဝတ်မှုစားရာ”-

စသည်ဖြင့် အဝိဇ္ဇာကမ္မဖြစ်သောအရာ၊ စိတ် စေတသိက်စသော သဘောတရားတို့ကို ဆိုသောအရာ၊

“ကိုးခု ကိုးခု၊ ဆဲ့တခု”-

စသည်တို့၌ လူမင်းတို့ကိုလျက် အမှတ်မထင်ဆိုသောအရာ၊

“အထွန်းငါးခု၊ ဗသျှူအဋ္ဌ”-

စသည်ဖြင့် နှစ်သက္ကရာဇ်ဟူသော ကာလအခန့်ကို ဆိုသောအရာ- ဤသို့စသည်ဖြင့် ရှိသမျှသောအရာ အထူးမထင်၊ အမှတ်မဲ့သော အရာ၌ကား တခု၊ နှစ်ခု ဟူ၍ ဆိုသောအရာ ထင်၏။

တယောက်နှစ်ယောက်- ဟူသည်ကား လူစသော ရှိသေလောက်သော သတ္တဝါ၌ ဆိုသောအရာထင်၏။

“ထီးဖြူဆောင်ချဉ်း၊ မနည်းအံ့လောက်၊ ခုနစ်ယောက်ဝင်” ဟူ၍လည်းကောင်း၊

“မောင်နှင့်နှမ၊ ထိုမျှသုံးယောက်” ဟူ၍လည်းကောင်း၊

“လှခေါင်ရောက်သည်၊ လေးယောက်ကြွ၊ ကြွ၊ ရမ်းရမ်းတည်း။”

စာမျက်နှာ ၉ - ဦး-ကာရန္တဝေါဟာရ

“ကိုးကျိပ်ကိုးယောက်၊ ရွှေတောင်ပေါ်ကသို့။”

“မဂ္ဂဋ္ဌာန် လေးယောက်၊ ဖလဋ္ဌာန် လေးယောက်။”

စသည်ဖြင့် လူစသော ရိုသေထိုက်သောအရာ၌ ဆိုသည် များ၏။

တပါးနှစ်ပါး- ဟူသည်ကား အမှတ်မဲ့ သဘောတရားတို့ကို ဆိုသောအရာ၊ အထူးသဖြင့် ရိုသေခြင်းကို ရှေးရှု၍ ဆိုသောအရာ၌ ထင်၏။

“ပယ်လေးပါးသို့၊ မလားစေကြောင်း” ဟူ၍လည်းကောင်း။

“ငါးပါးဂတိ၊ မှားဘွယ်ရှိလည်း” စသည်ဖြင့်လည်းကောင်း။

အရပ်အမျိုးကို ရှေးရှု၍ ဆိုသော အရာ၌ လည်းကောင်း ထင်၏။

“ရတနာသုံးပါး၊ အမြတ်ထားမူ၊ လူသုံးပါးနှင့်၊ မပြားရေမြေ”

စသည်ဖြင့် အထူးသဖြင့် ရိုသေထိုက်သော လူစသော အမြတ်၌လည်းကောင်း၊ အမှတ်မဲ့သော အမျိုးအနွယ် အရပ်ဒေသ စသော အနက်၌သာ တပါး၊ နှစ်ပါး စသည်ဖြင့် ဆိုသည် များ၏။

တဆူနှစ်ဆူ- စသည်ဖြင့် ဆိုခြင်းသည်လည်း အရိအသေ ဆိုလိုရာ၌သာ အသိများ၏။

ဤသို့လျှင် တခု နှစ်ခု၊ တယောက် နှစ်ယောက်၊ တပါး နှစ်ပါး၊ တဦး နှစ်ဦး၊ တဆူ နှစ်ဆူ- ဟူသော...

စာမျက်နှာ ၁၀ - ဝေါဟာရတ္ထ ပကာသနီ ကောက်နုတ်ချက်

စကားမျိုးတို့သည် အရာသို့လိုက်၍ ရှိသေ၊ မရှိသေသော အခြင်းအရာကို ထင်ပါစေသည်သာ။ တစ်၊ နှစ်-စသော လိုအပ်သော အနက်မှတပါး အနက်အထူး မထွက်သောကြောင့် ဝါသသိမ်မွေ့သာ ဟူ၍ နှလုံးသွင်းအပ်၏။

ထိုတွင် တကောင်၊ နှစ်ကောင် ဆိုမူကား အကောင်ဆိုအပ်သော ဝတ္ထုရှိ၏။ တရံ၊ နှစ်ရံ၊ တစုံ၊ နှစ်စုံ-ဆိုရာ၌လည်း အစုံ-ဟူသော ဝေါဟာရ၊ အရံ-ဟူသော ဝေါဟာရရှိ၏။ တစီး၊ နှစ်စီး၊ တခု၊ နှစ်ခု၊ တပုံ၊ နှစ်ပုံ၊ တရက်၊ နှစ်ရက်၊ တလ၊ နှစ်လ-စသည်ဖြင့် ကာလအပိုင်းအခြား၊ တဆံ၊ တမုညင်း၊ တနှမ်း၊ တမုယော၊ လက်သစ်၊ မိုက်၊ ထွား၊ တောင်၊ တာ၊ ဥသဘ-စသည်ဖြင့် ခရီးအဓွန့် အပိုင်းအခြား၊ ရွေး၊ ပဲ၊ မုူး၊ မတ်၊ ခွဲ၊ ကျပ်၊ ပိဿာ-စသော အချိန်အလေး အပိုင်းအခြား၊ စလယ်၊ ခွက်၊ ပြည်-စသော ပမာဏ အပိုင်းအခြား-တို့ကို ဆိုရာ၌ အစီး၊ အစုံ၊ အပုံ-ဆိုအပ်သော အရာ၊ နှစ်၊ လ၊ ရက်၊ မုန့်ညင်း၊ ဆံချည်၊ ရွေး၊ ပဲ-ခေါ်ဝေါ်အပ်သော အရာလည်းကောင်း၊ ဝတ္ထုလည်းကောင်း-သိသာ၍ ထင်ရှားသော အနက်ရှိသောကြောင့် ဝါသသိမ်မွေ့သာ မဆိုကောင်း၊ ရထိုက်သော အနက်ရှိသည်ပင် ဖြစ်၏။

ဤသို့ တခု၊ နှစ်ခု-စသည်ဖြင့် ဆိုရာ၌ ခု-ဟူ၍လည်းကောင်း၊ ပါး-ဟူ၍လည်းကောင်း၊ ဦး-ဟူ၍လည်းကောင်း၊ ဆူ-ဟူ၍ လည်းကောင်း- ဝိသေသခေါ်ဝေါ်ခြင်းမရှိ၊ အနက်အရာ သဘောမျှသော်ကား အရာ...

စာမျက်နှာ ၁၁ - ဦး-ကာရန္တဝေါဟာရ

အလျောက် ရှိသေသော အမှုအရာ၊ အမှတ်မဲ့သော အရာသို့လိုက်၍သာ ခေါ်ဝေါ်ခြင်းရှိသည် ဖြစ်သောကြောင့် ဂုဏ်တစိတ်မျှသာ သဘောရင်းကဲ့သို့ ရှိ၏။

ရွှေကိုဦးသည်-ဟူ၍ ခေါ်ဝေါ်ရာကား- ရွှေ၏ အရည်အသွေး အရောင်အဝါကို တိုးတက်စေလို၍ မီးဖြင့်ပြုတ်ပြင်ဖန်သော အခြင်းအရာကို သမ္မုတိအားဖြင့် ခေါ်ဝေါ်ခြင်းဖြစ်၏။ ထိုအခြင်းအရာသည် ချက်၏၊ လှော်၏-ဟူသကဲ့သို့ မီးဖြင့်သစ်လတ်စေသည်၊ အရောင်အဝါကို ထက်မြက်ပေါ်ထွက်စေပြန်သည်- ဟူသော ကြိယာ အထူးမျှသာ။ ဥပမာကား- အိပ်ခြင်းကြိယာမျှကိုသာ လူမင်းတို့ ဝက်၏၊ ရဟန်းတို့ ကျိန်း၏၊ လူသာမန်တို့ အိပ်၏၊ စားခြင်းကြိယာမျိုးကို လူတို့ စား၏၊ ရဟန်းတို့ကား- ဘုဉ်းပေး၏-ဟူ၍ အရာအလိုက် အသီးသီး ခေါ်ဝေါ်၏ သို့။ ရွှေ၏ အရည်အသွေး တက်အောင် ပြုပြင်သည်ကို ဦးသည်-ဟူ၍ ဆိုသည်။ ငွေကိုကား- အတံ့အတောင်း မကောင်းလွန်းသော အရည်ကို အရည်ဖြစ်စိမ့်သောငှာ ပြုပြင်ရာ၌လည်းကောင်း၊ ကောင်းပြီးသော အရည်အရည်ကို အညံ့အတိုး ပြုပြင်ရာ၌လည်းကောင်း-မှတ်သည်ဟူဆို၏။

ထမင်းဟင်းတို့ကို ဆန်၊ ဟင်းရွက် ရှိကာလ ရသရှိသော ထက်ထက်မြက်မြက် စားသောက်သာအောင် ပြုပြင်ရာ၌ကား ချက်သည်ဆို၏။ ထိုသို့ အထူးထူးခေါ်ဝေါ်ခြင်းသည် ကျက်နပ်စေခြင်းကြိယာ အထူးမျှသာ ဖြစ်၏။ ရွှေ၊ ငွေစသည်ဖြင့် ဝတ္ထုများကိုဆိုလင့်ဦး၊ ရွှေကို မီးဖြင့်ပြုပြင်ခြင်း၊ ကျက်နပ်စေခြင်း အထူးထူး...

စာမျက်နှာ ၁၆ - ဝေါဟာရတ္ထ ပကာသနီ ကောက်နုတ်ချက်

မသူ၊ အဦး၊ အလျင်၊ ရှေးဦး-ဟူ၍ ဆိုသော ဝေါဟာရသည် အစ-ဟူသော အနက်ချင်းဖြစ်သည်။

မာဂဓ၌ တလုံး၊ ၂-လုံး၊ ၃-လုံး စသည်ဖြင့် ဝတ္ထုအများတွင် အစ၊ အလယ်၊ အဆုံး တလုံးလုံး ကြံကောင်းရာဝတ္ထုကြံ၏သို့လည်းကောင်း၊ လာသင့်ရာလာကောင်းသောဝတ္ထုလာရအံ့သို့လည်းကောင်း၊ မြွက်ဟခြင်းလည်းကြံကောင်း လာကောင်းသော ဝတ္ထုတို့ကို ကြံစေလာစေ၍ ဆိုမိန့်သည်ကား များ၏။ ထိုတွင် မာဂဓ၌ အစ၊ အလယ်၊ အဆုံး အက္ခရာ ကြေဟန်၊ လာဟန်ကို သဒ္ဒါကျမ်းတို့၌ ထင်ရှားစွာမိန့်အပ်ပြီးဖြစ်၍ မဆိုပြီ။

မြန်မာ၌ အစ အက္ခရာ ကြေဟန်ကား- ဥဒေါင်း၊ ဥခေါင်း၊ ဥချို ဆိုရမည်ကို အစ ဥ-အက္ခရာ ကြေစေ၍ ဒေါင်းဟူ၍၊ ခေါင်းဟူ၍၊ ချိုဟူ၍ သာမိန့်ဆိုခြင်း၊ မုညင်းဆန်၊ လွန်ဆန်ဆိုအံ့သို့ ကောက်ဆန်၊ စပါးဆန် ဆိုအပ်လျက် ဆန်ဟူ၍ ဆိုခြင်း၊ နွားနို့၊ ကျွဲနို့ စသည်ဆိုအပ်လျက် နို့၊ ဆွမ်းဂကာစသည်ဖြင့်ဆိုခြင်း၊ ၁၀-တင်းတွင် ကိုးတင်းတွင် စရွတ်နုတ် စိတ်နုတ်ဟူ၍ အရင်းကိုပယ်၍ ဆိုမိန့်ခြင်း၊ ယောကျ်ားကြီး၊ ယောကျ်ားငယ်၊ မိန်းမကြီး၊ မိန်းမငယ် ဆိုသင့်လျက် ကျားကြီး၊ ကျားငယ်၊ မကြီး၊ မငယ် ဆိုမိန့်ခြင်း၊ ဤသို့ စသည်ဖြင့် အစကို ကြေစေ၍ ဆိုမိန့်သောအရာလည်း များစွာ၏။

အလယ်ကြေဟန်ကား- မတတ်မလိမ္မာ ဆိုရမည်ကို မတတ်လိမ္မာ၊ မချစ်မခင် ဆိုသင့်လျက် မချစ်ခင်၊ မကျေမပွန် ဆိုသင့်လျက် မကျေပွန်၊ စွန့်လက်သည်း ဆိုရ...

စာမျက်နှာ ၁၇ - ဦး-ကာရန္တဝေါဟာရ

မည်ကို စွန့်သည်း၊ မျက်စိမမြင် ဆိုရမည်ကို မျက်မမြင် ဤသို့ ဆိုမိန့်ခြင်းသည် အလယ် အက္ခရာကြေ၍ ဆိုမိန့်ခြင်းတည်း။

အဆုံးအက္ခရာ ကြေဟန်ကား- သရက်ပင်၊ သရက်ပွင့် ဆိုသည်နှင့်အတူ အသီး၊ အပင် စသော သန္နိပတ်နှင့်ဆိုအပ်လျက် “ကြက်သား၊ တင်လဲ၊ ပိန်းနဲ့၊ သရက်၊ ဖက်လက်၊ သင့်ရော၊ ငှက်ပျော၊ ပြတ်ချို” စသည်ဖြင့် ကြက်၊ ပိန်းနဲ့၊ သရက်၊ ငှက်ပျော ဟူ၍ အပင်၊ အသီး ဟူသော ပုဒ်ကို ကြေစေ၍ ဆိုမိန့်ခြင်းသည် အဆုံးအက္ခရာ ကြေသည်ဖြစ်၏။

အအက္ခရာ လာဟန်ကား- လျဉ်သည်၊ သိသည် ဆိုအပ်လျက် ကလျဉ်၊ ကသိ ဟူ၍ အစ၌ က-အက္ခရာ နှင့် ဆိုခြင်း၊ အုတ်အုတ်ကျက်ကျက် ဟူ၍သာ ဆိုအပ်လျက် တအုပ်အုပ်၊ တကျက်ကျက် ဟူ၍ တ-အက္ခရာနှင့် ဆိုခြင်း၊ လုံးသည်၊ ထွေးသည်သာ ဆိုအပ်လျက် ပလုံး၊ ပထွေး ဟူ၍ ပ-အက္ခရာနှင့်ဆိုခြင်း၊ ဤသို့ စသည်ဖြင့် ဆိုမိန့်ခြင်းသည် အစ၌ အက္ခရာလာခြင်းတည်း။

အလယ်၌ လာဟန်ကား- ခုနင်ဗင်ဟူ၍ ဆိုအပ်လျက် ခုနတ်ဗင် ဟူ၍ ဆိုခြင်း၊ မပြုလှည့်ဟူ၍ ဆိုအပ်လျက် မပြုစလှည့်ဟူ၍ ဆိုခြင်း၊ မသည် ထောင် ဟူ၍ ဆိုအပ်လျက် မသည်စထောင်ဟူ၍ ဆိုမိန့်ခြင်း စသည်တို့ကား အလယ်၌ လာခြင်းတည်း။

အဆုံး၌ လာဟန်ကား- ကျော်စောသည်၊ ဆန်းကြယ်သည်၊ ကြမ်းတမ်းသည်၊ ငြိမ်ဆိမ်သည်၊ ဆက်လက်သည် ဤသို့စသော ဆိုမိန့်ခြင်း၌ ကျော်သည်၊...စာမျက်နှာ ၂၄ - ဝေါဟာရတ္ထ ပကာသနီ ကောက်နုတ်ချက်

ထိုကား ၂-ပါးမျှသာ ဖြစ်၍ အပ္ပကမျှသာ၊ ထို ၂-ပါးမျှသာ ဟူသည်တွင်လည်း ကာယသည် ခြေဖဝါးမှစ၍ အရေ၊ အသား၊ ဆံ၊ အမွေး စသည်တို့ကို လှည့်၍ စုတ်သောအစပ်ဟူသမျှ ရကောင်းသောကြောင့် ဦးခေါင်း၌လည်းတည်သည်ဖြစ်ပြန်ရကား ဟဒယ တမည်သာ ဦးခေါင်း၌ မတည်သည်ဖြစ်၏။

ဤ၌ ဝတ္ထု ၆-ပါးကိုဆိုသဖြင့် ဝတ္ထုကို မှီသော ဝိညာဉ်၊ ထိုဝိညာဉ်၏ကိစ္စဖြင့် ပြဋ္ဌာန်းသော လက်ခြေတို့ဖြင့် ပြုအပ်သော အမှုတို့သည်ကား စက္ခုဝိညာဉ် စသည်တို့သာ ပြဋ္ဌာန်း၏။ ယင်းသို့လျှင် ဦးခေါင်းသည် ကိုယ်အင်္ဂါလက်ခြေတို့ဖြင့် ဖြစ်စေအပ်သော အမှုတို့ကို ပြဋ္ဌာန်းသည် ဖြစ်၏။

ထိုဦးခေါင်းကို တပေါင်းတည်း မဆိုမူ၍ ခြေဦးတိုက်၏-စသည်ဖြင့် ဦး-ဟူသော စကားခွန်းကိုယူ၍ ဆိုသောအရာလည်းရှိ၏။

“ခေါင်းဖျားခပ်မော်၊ ထောင်လျက်ပေတူ”-

စသည်ဖြင့် အဆုံးတခွန်းကိုယူ၍ ဆိုသော အရာလည်းရှိ၏။ ဤ ဥခေါင်းဟူသည်ကား ဦး-ကာရန္တမဟုတ်သော်လည်း အလျဉ်းအစပ်ဖြစ်၍ ဆိုလိုက်သည်။

ဦး-ဟူ၍သာ အစတခွန်းကို ယူ၍ဆိုရာ၌ ခြေဦးတိုက်၏၊ ဦးခိုက်၏၊ ဦးတင်၏၊ ဦးညွှတ်၏- စသည်ဖြင့်၎င်း၊ ဦးချ၏၊ ဦးနှိမ်၏- စသည်ဖြင့်၎င်း အထူးထူးစပ်ဟပ် ဆိုမိန့်သည်တို့ကို ဦးသည်၊ ဦးကို၊ ဦးဖြင့် စသော ကတ္တား၊ ကံ၊ ကရိုဏ်း အနက်သင့်ရာခွဲ၍ ယူရ၏။

စာမျက်နှာ ၂၅ - ဦး-ကာရန္တဝေါဟာရ

ထိုတွင် ဦးတိုက်၏၊ ဦးခိုက်၏၊ ဦးညွှတ်၏-ဟူရာ၌ တိုက်အပ်၊ ခိုက်အပ်၊ ညွှတ်အပ်သော ခြေစသော အရပ်ဟူသော ကံပုဒ်တခြား ရသင့်သောကြောင့် ဦးဖြင့်တိုက်၏၊ ဦးဖြင့်ခိုက်၏၊ ဦးဖြင့်ညွှတ်၏ ဟူသော ကရိုဏ်းအနက်၎င်း၊ လူသည်၊ နတ်သည် စသော ကတ္တားဗလဝ မူ ဦးသည်ပင် တိုက်၏၊ ခိုက်၏၊ ညွှတ်၏ ဟူသော ကတ္တားအနက်၎င်း လျော်၏။

ထိုတွင် ညွှတ်၏ဟူ ဟူသည်ဖြစ်မူကား ကာရိုက်သံ ဖြစ်၏။ ဦးကိုညွှတ်၏ ဟူသော ကံအနက်သာရသင့်အံ့ ညွှတ်၏ဟူ၍ ဟူအံ့မပါ။ သုဒ္ဓကြိယာ၌ကား ညွှတ်အပ်သော ခြေစသော အရပ်ဟူသော ဓာတ်ကံတခြား ဖြစ်သင့်သောကြောင့်၎င်း၊ ဦးသည်ညွှတ်ကြောင်းကရိုဏ်း၊ ညွှတ်တတ်သောကတ္တား မျှသာဖြစ်၍ ကံပုဒ်မဖြစ်သင့်သောကြောင့်၎င်း-ဆိုခဲ့တိုင်း ကတ္တား၊ ကရိုဏ်း အနက်သာ လျော်၏။

ဦးချ၏၊ နှိမ်၏-စသည်ကား ကာရိုက်သံဖြစ်၍ ဦးကို ဟူသော ကာရိုက်ကံ၊ ခြေသို့ဟူသောဓာတ်ကံ ဤသို့ ကံ ၂-ခုရသင့်သောကြောင့် ဦးကိုချ၏၊ နှိမ်၏ ဟူသော အနက်သာ လျော်၏။

ချ၏၊ နှိမ်၏-ဟူသည်ကား ကာရိုက်သံ၊ ကျ၏၊ နှိမ့်၏ ဟူသော ကတ္တားကြိယာဖြစ်သော အသံတည်း။ ထို သုဒ္ဓကြိယာကို ကာရိုက်သံဆိုလတ်သော် ပဌမက္ကရာဖြစ်သော သုဒ္ဓ...

H 552-3 [ဟံသာဝတီ]

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ