ချစ်သူ့ ပါးပြင်၊ နှင်းဆီထင်၍
ခုံမင်ခဲ့ရ၊ ဟိုတုန်းက။
ချစ်သူ့ ပါးထက်၊ အိုးမဲကွက်နှင့်
ချက်လိုက်ပြုတ်လိုက်၊ မောင့်အကြိုက် … တဲ့
တိမ်တိုက်ကြားက၊ ဖိုးရွှေလသို့
ဆံစဝဲဝဲ၊ ပြုံးချိုဆဲကို
စွဲမက်ပါရ၊ ခုကာလ။
နောင်တနေ့တွင်
ကလေးတပွေ့၊ မြေးတပွေ့ နှင့်
မေ့ပါးရေလိပ်၊ ပီတိဖိတ်လျက်
စိပ်ပုတီးတကုံး၊ တပြုံးပြုံးနှင့်
နှလုံးကြည်နူး၊ နေလိမ့်ဦးဟု
စိတ်ကူးယဉ်ရ၊ နောင်ကာလ။ ။ (တင်မိုး)
(မူရင်းကဗျာ ဖြစ်ပါတယ်။ ကူးတင်၊ ပြန်ထုတ်တွေကတော့ ဆရာတင်မိုးမျက်နှာကို အိုးမဲသုတ်ထားကြလေရဲ့)
ဒေါက်တာတင့်ဆွေ

Comments
Post a Comment