Skip to main content

ဝေဿန္တရာဇာတ်တော်ကြီး







မင်းပူး ဆရာတော်ဦးဩဘာသ

ဝေဿန္တရာဇာတ်တော်ကြီး

WETHANDAYA

BY

U AW BA THA

( Approved by the Text Book Committee. )

ရန်ကုန်မြို့

ဟံသာဝတီပိဋကတ်ပုံနှိပ်တိုက်

၁၉၅၄

ပထမပုံ

ဝေဿန္တရာဇာတ်နိဒါန်း

သဗ္ဗညု မြတ်စွာဘုရားသည် ကပိလဝတ်ပြည် နိဂြောဓာရုံကျောင်း၌ နေတော်မူသောအခါ ကြာတော၌ ရွာသော မိုးနှင့်တူသောမိုးကိုအကြောင်းပြု၍ "ဖုဿတီဝရဝဏ္ဏာဘေ" အစရှိသော ဂါထာတထောင်တို့ဖြင့် တန်ဆာဆင်အပ်သော ဤဝေဿန္တရာဇာတ်တော်ကို ဟောတော်မူ၏။

နိဒါန်းအကျယ်ကား - မြတ်စွာဘုရားသည် ဗောဓိမဏ္ဍိုင်၌ သဗ္ဗညုတဉာဏ် အထွတ်အမြတ်သို့ ရောက်တော်မူသည်မှ သတ္တဌာန၌ သတ္တသတ္တာဟကို လွန်ပြီးသော် ဝါဆိုလပြည့်နေ့၌ ဗာရာဏသီပြည် မိဂဒါဝုန်တောသို့ ကြွတော်မူ၍ ကောဏ္ဍည၊ ဝပ္ပ၊ ဘဒ္ဒိယ၊ မဟာနာမ်၊ အဿဇိ ...

၁။ ကပိလဝတ်-ကပိလဝတ္ထု-ကပိလမည်သောရသေ့၏ နေရာ၌တည်သောမြို့။

၂။ နိဂြောဓာရုံ-နိဂြောဓ အာရာမ-နိဂြောဓ သာကီဝင်မင်းသား၏နေရာ၌ ဆောက်လုပ်သောကျောင်းတော်။

၃။ ဗောဓိမဏ္ဍိုင်-သဗ္ဗညုတဉာဏ်တော်၏ ကြည်လင်ရာ။

၄။ သဗ္ဗညုတဉာဏ်-အလုံးစုံသော တရားအပေါင်းကို သိတတ်သောဉာဏ်။

၅။ သတ္တဌာန-ခုနစ်ခုသောနေရာ။

၆။ သတ္တသတ္တာဟ-ခုနစ်ရက်ခုနစ်လီ။

၇။ ဗာရာဏသီ-ဝါရာဏသီသ-မျောက်ဦးခေါင်းနှင့် တူသောမြို့။ [တနည်း] ဘုရားအလောင်းမျောက်မင်းဦးခေါင်းရှိသောမြို့။

၈။ မိဂဒါဝုန်-သားတို့ကို ဘေးမဲ့ပေးရာဖြစ်သောဥယျာဉ်တော်။

ဒုတိယပုံ

(စာမျက်နှာ ၄ နှင့် ၅)

စာမျက်နှာ ၄ (ဝေဿန္တရာဇာတ်တော်ကြီး)

ဤပဉ္စဝဂ္ဂီရသေ့ငါးယောက်တို့အား ဓမ္မစကြာသုတ္တန်ဒေသနာတော်မြတ်ကို ဟောတော်မူသဖြင့် မဂ်ဉာဏ် ဖိုလ်ဉာဏ် တည်စေလျက် ဧဟိဘိက္ခု ဥပသမ္ပဒါ ဖြစ်ပြီးသော် ပဉ္စဝဂ္ဂီရဟန်းတို့နှင့် မိဂဒါဝုန်တော၌ပင် ဝါကပ်တော်မူ၍ သီတင်းကျွတ်လပြည့်ကျော်လျှင် ယသဝဂ္ဂီ၊ အဘယဂ္ဂီ တို့အစင်း၊ ဥရုဝေလ ကဿပအစရှိသော ရသေ့ညီနောင် သုံးယောက်တို့နှင့် တထောင်သော ရသေ့တို့အစင်း၊ ဧဟိဘိက္ခု ဥပသမ္ပဒါအဖြစ်ဖြင့် မဂ်ဉာဏ်ဖိုလ်ဉာဏ်၌တည်စေပြီးသော် ဥရုဝေလကဿပ အစရှိသော ရဟန္တာတထောင်ခြံရံလျက် ဗိမ္ဗိသာရမင်းကြီးအားဘုရားမဖြစ်မီက ပဋိညာဉ်ရှိတော်မူသည့်နှင့် လျော်ညီစွာ ရာဇဂြိုဟ်ပြည်သို့ ကြွတော်မူ၍ ဝေဠုဝန်ကျောင်းတော်၌ ဆောင်းလရာသီကို လွန်စေ၍ ဥတုဝေလရွာကြီး တန်ခူးပုဏ္ဏား၏သား ဥပတိဿ ပရိဗိုဇ်၊ ကောလိတ ရွာကြီး၏သား ကောလိတ ပရိဗိုဇ် ဤပရိဗိုဇ်ရဟန်း ...

၁။ ပဉ္စဝဂ္ဂီ-ငါးယောက် အစုအပေါင်း။

၂။ ဓမ္မစကြာသုတ္တန်-တရားစက်ကို လည်စေသောသုတ်။

၃။ ဧဟိဘိက္ခုဥပသမ္ပဒါ-ဧဟိဘိက္ခုဟု ခေါ်တော် မူ၍ ပရိက္ခရာရှစ်ပါးနှင့် ဖြစ်လာသော ရဟန်း။

၄။ ရဟန္တာ-ကိလေသာရန်သူကို ပယ်သတ်သောပုဂ္ဂိုလ်။

၅။ ဗိမ္ဗိသာရမင်း-ရွှေနှစ်နှင့် တူသောမင်း။

၆။ ပဋိညာဉ်-ဝန်ခံချက်။

၇။ ရာဇဂြိုဟ်-မင်းတို့ဝပ်စံရာမြို့။

၈။ ဝေဠုဝန်-ဝါးတော ဥယျာဉ်၌ ဆောက်လုပ်သောကျောင်းတော်။

၉။ ပရိဗိုဇ်-သာသနာပြင်ပ၌ တရား အကျင့်ကို ကျင့်သော ရဟန်းတမျိုး။

စာမျက်နှာ ၅ (ဝေဿန္တရာဇာတ်နိဒါန်း)

အဆွေခင်ပွန်း နှစ်ယောက်တို့သည် အမြိုက်တရားကိုရှာကြလေသော် ပဉ္စဝဂ္ဂီ ငါးယောက်တို့တွင် အငယ်ဆုံးဖြစ်သောအဿဇိထေရ်၏တရားတော်ကိုကြားနာရ၍သော်တာပန် ဖြစ်ပြီးမှ မြတ်စွာဘုရားထံသို့ လာလတ်သဖြင့် ဆောင်းလရာသီ တပို့တွဲလဆန်း တရက်နေ့တွင် ဖေဟိဘိက္ခု ရဟန်းဖြစ်ကြ၍ ကောလိတထေရ်သည် လဆန်း၇-ရက်နေ့ ဥပတိဿထေရ်သည် လပြည့်နေ့ ရဟန္တာ ဖြစ်ပြီးသော် ဥပတိဿထေရ်ကို "သာရိပုတ္တရာ" ဟူသော အမည်ဖြင့်လက်ျာရံ ပဌမအဂ္ဂသာဝကအရာ၌ ထားတော်မူ၏၊ ကောလိတထေရ်ကို "မောဂ္ဂလ္လာန်" ဟူသော အမည်ဖြင့် လက်ဝဲရံ ဒုတိယအဂ္ဂသာဝက အရာ၌ ထားတော်မူ၏၊ တပါးသော အမျိုးသားတို့သည်လည်း ရဟန်းပြုကြသဖြင့် ရာဇဂြိုဟ်ပြည်သားရဟန္တာပေါင်း တသောင်း အရေအတွက်ရှိ၏။

ရာဇဂြိုဟ်ပြည်၌ ဘုရားရှိတော်မူကြောင်းကို ခမည်းတော်သုဒ္ဓေါဒနမင်းကြီး ကြား၍ အမတ်ကိုးယောက်တို့ကို အခြံအရံ တထောင်စီနှင့် မြတ်စွာဘုရားအား တပည့်အလျောက် ကိုးခေါက်ကိုးကြိမ် စေလွှတ်သမျှ ပရိသတ်တို့လည်း ဧဟိဘိက္ခု ရဟန္တာချည်းဖြစ်ကြကုန်၏၊ နောက်ဆုံးဖွားဖက်တော် ကာဠုဒါယီ အမတ်ကြီးကို အခြံအရံ ...

၁။ သောတာပန်-နိဗ္ဗာန်အယဉ်ဟူသော အဆင့်သို့ ပဌမဆိုက်ရောက်သောပုဂ္ဂိုလ်။

၂။ သုဒ္ဓေါဒန-သန့်ရှင်းစင်ကြယ်သောမင်း၊ ဖြူသောမင်း။

၃။ ဖွားဖက်တော်-ဘုရားနှင့် တချိန်တည်း ဖွားသော ကာဠုဒါယီအမတ်။

တတိယပုံ

(စာမျက်နှာ ၈ နှင့် ၉)

စာမျက်နှာ ၈ (ဝေဿန္တရာဇာတ်တော်ကြီး)

ထိုသုဒ္ဓိသာယေ သမိယေတို့၏နောက် သာကီဝင်မင်းသား မင်းသမီးတို့ကိုလည်းကြိုဆို၏၊ ထိုမင်းသား မင်းသမီးတို့၏ အကြား နောက်ကွယ်ရာကနေလျက် သာကီဝင် မင်းမိဖုရားတို့သည် ပန်းနံ့သာစသည်တို့ဖြင့် ပူဇော်၍ မြတ်စွာဘုရားကို နိဂြောဓာရုံ ကျောင်းတော်သို့ ပင့်ဆောင်ကြလေ၏။

ထိုအခါ မြတ်စွာဘုရားသည် ရဟန္တာနှစ်သောင်း ခြံရံလျက် ကြွယ်အပေါင်းတို့ဖြင့် မှီခိုအပ်သော လပြည့်ဝန်း၏တင့်တယ်ခြင်းကဲ့သို့ တင့်တယ်သော အရောင်အဆင်းတော်ဖြင့် နိဂြောဓာရုံ ကျောင်းတော်တွင် ခင်းအပ်သော မြတ်သောဘုရားနေရာ၌ နေတော်မူ၏။

ထိုအခါ သာကီဝင်မင်းတို့သည် မဟာသမဒ္ဒမင်းမှဆင်းသက်၍ မပြတ်သော မင်းမျိုးအနွယ်တို့ဖြင့် ယဉ်သည်ဖြစ်၍ အလွန်အောက်ထက်ကုန်၏၊ ထိုအခါမြတ်စွာဘုရား၏ ခမည်းတော်၊ ဘထွေးတော်၊ မိထွေးတော်၊ ဦးရီးတော်၊ အဘိုးတော်၊ အဘွားတော်စပ်သည် သာကီဝင်မင်းမိဖုရား တို့သည် ဤသို့အတတ်ရှိသားကား - ငါတို့အောက်အသက်အရွယ် ငယ်သေး၏၊ ငါတို့၏ သားတည်း၊ ငါတို့၏တူတည်း၊ ငါတို့၏ညီတည်း၊ ငါတို့၏မြေးတည်းဟု အကြံရှိ၍ မင်းသားငယ်၊ မင်းသမီးငယ်တို့ကို သင်တို့ရှိခိုးကြကုန်၊ ငါတို့ကား သင်တို့၏ နောက်၌ နေကုန်အံ့ဟု ဆိုကြကုန်၏။

ထိုသာကီဝင်မင်းသား မင်းသမီးအပေါင်းတို့သည် မိမိတို့၏ ယဝဂုရီဂုဏ်ကို ကိုး၍ ရှိခိုးညွှတ် မရှိကြောင်းကို ...

၁။ မဟာသမ္မတ-လူအများတို့တင်မြှောက်သတ်မှတ်ထားသောမင်း။

၂။ ယဉ်သည်-တွေ့စခြင်းမပျော့ပျောင်းခြင်း။

၃။ ယဝဂုရီ-အနွယ်အားဖြင့်ကြီးမားသော။

စာမျက်နှာ ၉ (ဝေဿန္တရာဇာတ်နိဒါန်း)

သိမြင်တော်မူလျှင် ငါ၏ဆွေတော် မျိုးတော်တို့သည် ငါ့ကို ရှိမခိုးဘဲ နေကြကုန်၏၊ ယခုငါ့ကို ရှိခိုးစေအံ့ဟု ကြံတော်မူ၍ အဘိညာဉ်၏ အခြေဖြစ်သော စတုတ္ထဈာန်ကို ဝင်စားပြီးလျှင် ထိုဈာန်မှ အခြေပြုသောတန်ခိုးဖြင့် ထောင်မူပြီးမှ ကောင်းကင်သို့ ကြွတော်မူ၍ သာကီဝင်မင်းတို့ ဦးခေါင်းပေါ်၌ ခြေစက်တော်ဘေးအုံမှ မြူမှုန်ခြေမွှန်တို့ကို ကျလျော့စေတော်မူ၍ မတုံ့ပြန်နိုင်သော ယမိုက်ပြာဋိဟာကို ပြတော်မူ၏။

[ထိုဆွေတော်မျိုးတော်တို့၌ ပြအပ်သော ယမိုက်ပြာဋိဟာသည် သာဝတ္ထိပြည်၌ ကဏ္ဍ အမည်ရှိသော ဥယျာဉ်စောင့်သည် စိုက်ပျိုးအပ်သော သရက်ပင် ဖြစ်သောကြောင့် ကဏ္ဍမ္ဗ အမည်ကို ရသော သရက်ပင်ကြီးကို အမှီပြု၍ တက္ကတွန်းတို့၏ မိစ္ဆာဝါဒကို ပယ်ခွဲချိုးနှိမ်ခြင်းငြား ပြတော်မူအပ်သော ယမိုက်ပြာဋိဟာနှင့် အတူတူတည်း။]

ထိုသို့သော ပြာဋိဟာကို ခမည်းတော် သုဒ္ဓေါဒန မင်းကြီးမြင်လျှင် ရွှင်ပျသော နှလုံးဖြင့် ယူကျုံးမရ သွတ်ဖြတ်နိုး ရှိခိုးလို၍ ကြည်ညိုလှစွာ ဆရာရွှေမှောက် တပည့် လျှောက်သကဲ့သို့ လျှောက်သည်ကား -

"နှစ်လိုမဆုံးဘုန်းတော်နှင့် ပြည့်စုံတော်မူသော တရားမင်း အရှင်ဘုရား ... ဖွားတော်မူသည့် နေ့၌ အကျွန်ုပ် ကိုးကွယ်သော ကာဠဒေဝီလ ရုသီရသေ့ နန်းတော်သို့ ကြွလာသောကြောင့် ရှင်ရသေ့အား ...

၁။ အဘိညာဉ်-ထူးသောသိသောဉာဏ်။

၂။ စတုတ္ထဈာန်-လေးကြိမ်မြောက်ဖြစ်သောဈာန်။

၃။ ယမိုက်ပြာဋိဟာ-အမွှာအမွှာပြာဋိဟာ-ရေမီးအစုံတန်ခိုး။

စတုတ္ထပုံ

(စာမျက်နှာ ၁၀ နှင့် ၁၁)

စာမျက်နှာ ၁၀ (ဝေဿန္တရာဇာတ်တော်ကြီး)

ရှိခိုးမိသည်တပါး၊ အရှင်ဘုရားကို ဦးပြောင်ဖြင့်ရသေ့၏ညွတ်စေသော်လည်း ဦးညွတ်မခံ ခြေတော်ဆန့်၍ ရဟန္တာရသေ့၏ထိပ်ပေါ်သို့ ခြေတော် တည်သည်ကိုမြင်ရစဉ်ကပင်လျှင် အရှင်ဘုရား၏ခြေတော်စုံကို ကြာစုံလက်အုပ်ဖြင့် အကျွန်ုပ်ရှိခိုးရ၏၊ ထိုသို့ ရှိခိုးခြင်းသည် ရှေးဦးစွာသောရှိခိုးခြင်းတည်း။

ထိုနောက်လယ်ထွန်မင်္ဂလာပြုသောအခါ၌လည်း သပြေပင်ရိပ်တွင် ကျက်သရေရှိသော အိပ်ရာ၌ အရှင်ဘုရားကို သိပ်ထား မြှောက်ပူဇော်၏၊ ထိုအခါ နေဝန်းသည် လည်လည်၍ သွားလျက် ခက်လက် ညွန့်ဝေ သပြေပင်ရိပ်မလည်ဘဲ နေမြဲပကတိအတိုင်း ရှိမြဲဖြစ်တိုင်းမိုးကာ၍ နေသည်ကို မြင်ပြန်သဖြင့်လည်း တဖန်တကြိမ် ဦးနှိမ် မြတ်နိုး ရှိခိုးရ၏၊ ထိုသို့ရှိခိုးခြင်းသည် နှစ်ကြိမ်မြောက်သော အကျွန်ုပ်၏ ရှိခိုးခြင်းတည်း။

ဤယခုလည်း ရှေးကထက်ပင် မမြင်ဘူး အံ့ထူး အဆန်းဆန်း ချီးမွမ်း၍ မကုန်နိုင်သော ယမိုက်ပြာဋိဟာကို မြင်ပြန်ရသဖြင့်လည်း ဆင့်လောင်း၍ ကြည်ညိုလျက် အစုံသောခြေတော်မြတ်ကို ဦးညွတ်မြတ်နိုး ရှိခိုးပူဇော်ပါ၏၊ ဤသို့ရှိခိုးခြင်းသည် သုံးကြိမ် မြောက်သော အကျွန်ုပ်၏ ရှိခိုးခြင်းတည်း။" ဟု လျှောက်၍ရှိခိုး၏။

၁။ ကြာစုံလက်အုပ်-ကြာဖူး ကြာငုံနှင့်တူသော လက်အုပ်။

စာမျက်နှာ ၁၁ (ဝေဿန္တရာဇာတ်နိဒါန်း)

ခမည်းတော်မင်းကြီး ရှိခိုးသည်ရှိသော် တစုံတယောက်သောသူမျှ ရှိမခိုးဘဲ နေခြင်းငှာမဝံ့ကုန်၍ အလုံးစုံသောဆွေတော် မျိုးတော်တို့သည် ပူဇော်မြတ်နိုး ရှိခိုးညွှတ်ပျောင်းလျက် ကောင်းစွာဆုံးမ အပ်ပြီးသော တပည့်သာဝကကဲ့သို့ ချည်းကပ်ကြကုန်၏။

ဤသို့မြတ်စွာဘုရားသည် ဆွေတော် မျိုးတော်တို့၏ မာန်စွယ်ကို နုတ်ပယ်ဖြတ်ချိုး ရှိခိုးစေပြီးလျှင် ကောင်းကင်မှ သက်တော်မူ၍ခင်းအပ်သော မြတ်သောဘုရား နေရာတော်၌ ထိုင်နေတော်မူ၏၊ အလုံးစုံသော သာကီဝင်မင်း အပေါင်းတို့သည် ညွှတ်ပျောင်းသောစိတ်ဖြင့် အသီဝိ အတောက် ကင်းလျက် ခြံသက်တည်ကြည်ကြပြီးသော် အဆုံးအကင်း ကင်းဆင်း ထဲဖျန်း ခြည်ကြီး'စွဲ မိုးဟိမတိုက် တယောထပ် တက်လတ်သဖြင့် ရွက်ဖျပ်ရွက်လွှာ ပဒုမာကြာတော၌ရွာသော မိုးပေါက်ကဲ့သို့ ဖြိုးမောက်ချမ်းအေးဘေးကြောက်နိုးအဆင်းနှင့်တူသော ရေအယဉ်စီးလျက် မိုးကြီးသည်ထန်စွာရွာ၏။

ထိုမိုးသည် စွတ်လိုသော သူသာစွတ်၏၊ မစွတ်လိုသော သူ၏ကိုယ်၌ တပေါက်မျှမကျ၊ထိုအခြင်းအရာကို မြင်၍ စိတ်သိမ်းကုန်သော ပရိသတ်တို့သည် ရင်သပ်ရှုမော အံ့သြကုန်လျက် အဆက်ဆက် ကာလက ကြားမျှ မကြားဘူး ထူးထူးခြားခြား ဘုရားသခင် အံ့ဖွယ်တော်ကြောင့် ဆွေတော်မျိုးတော် အစည်းအဝေး၌ နီထွေးသော အရောင်အဆင်းဖြင့် ကြာတော၌ရွာသော မိုးကဲ့သို့ အံ့ျကာမစွတ် ...

၁။ မာန်စွယ်-ထောင်လွှားတက်ကြွသော မာန်စွယ်။

၂။ ထစ်ချုန်းမြည်ကြိုး-ကျွဲဟိန်း၊ ခြင်္သေ့ဟိန်း၊ မိန်းမိန်း၊ ဒိုင်းဒိုင်း၊ ကြောက်မက်ဖွယ် ပြည့်ဟိန်းထစ်ကြိုးခြင်း။

ပဉ္စမပုံ

(စာမျက်နှာ ၁၂ နှင့် ၁၃)

စာမျက်နှာ ၁၂ (ဝေဿန္တရာဇာတ်တော်ကြီး)

အံ့၍မကုန်နိုင် မြတ်လှသောမိုးကြီး သည်းထန်စွာ ရွာ၏၊ အလွန်အံ့သြဖွယ်ရှိစွာ တကားဟု စကားဖြစ်ကြကုန်၏။

မြတ်စွာဘုရားသည် ထိုပရိသတ်တို့ အံ့သြသောစကား ကို ကြားတော်မူ၍ "ရဟန်းတို့... ယခုသော် ဆွေတော်မျိုးတော်တို့ အစည်းအဝေး၌ မိုးကြီးသည် ကြာတော၌ရွာသကဲ့သို့ အံ့သြဖွယ်ကို ဖြစ်စေလျက် ရွာသည်မဟုတ်၊ ငါဘုရားသည် ရှေးပါရမီဖြည့်သောအခါ၌လည်း ဆွေမျိုး အစည်းအဝေး၌ ပေါက္ခရဝဿ'မိုးသည် ရွာဘူး၏" ဟု မိန့်တော်မူ၍ လေဿမာပတ် ဝင်စားသော အားဖြင့် ဆိတ်ဆိတ်နေတော်မူ၏။

ထိုအခါ ရဟန်းတို့သည် ရှေး၌ ရွာဘုရားကြောင်းကို ဟောတော်မူပါဟု လျှောက်တောင်းပန်လတ်သော် မြတ်စွာ ဘုရားသည် တပည့်သားတော်တို့ မေလျှောက် တောင်းပန်သည့်စကားနှင့် တန်ရုံ ပေါက္ခရဝဿ ရွာခြင်းကိုသာ မဟောမူ၍ အသီးကိုမေးလျှင် အပင်နှင့်တကွ ညွှန်ပြသကဲ့သို့ ဝေနေယျ'တို့၏ အလိုကို သိတော်မူလှသောအားဖြင့် ကနားမှထွက်သောရေအယဉ်ကဲ့သို့ စကားစဉ်မပြတ် အနုပုဗ္ဗီ မကြွင်းမကျန် ဤဝေဿန္တရာဇာတ်တော်ကြီးကို ဆောင်၍ ဟောတော်မူ၏။

ဤကား-နိဒါန်းတည်း။

၁။ ပေါက္ခရဝဿ-ကြာတော၌ရွာသောမိုး။

၂။ လေဿမာပတ်-နိမိတ်ဝင်စားခြင်း။

၃။ ဝေနေယျ-ဆုံးမထိုက်သောသတ္တဝါ။

၄။ အနုပုဗ္ဗီ-အကြောင်းအရာ အမြဲအချက် [အစဉ်အတိုင်း ပုဗ္ဗိ=ရှေး၊ ဂီ=စကားစဉ်]

စာမျက်နှာ ၁၃ (၁-ဖုဿတီမိဖုရား ဆုတောင်းခန်း)

ရှေးလွန်လေပြီးသောအခါ အီဝိတိုင်း'စေတုတ္တရာ'ပြည်၌ အီဝိရာဇ်မင်းကြီး မင်းပြု၏၊ ထိုသီဝိရာဇ်မင်းကြီး၏ သားတော် ကား သီဟန္နု'အမည်ရှိ၏၊ ထိုသီဟန္နုမင်းသားသည် အရွယ်သို့ ရောက်လတ်သော် မဒ္ဒရာဇ်မင်းသမီး ဖုဿတီအမည် ရှိသော မင်းသမီးကို ဆောင်ယူစေ၍ ထိမ်းမြားလက်ထပ် ပြီးလျှင် ခမည်းတော် သီဝိရာဇ် မင်းကြီးသည် သားတော် သီဟန္နုမင်းသားအား ထီးနန်းကိုအပ်နှင်း၏၊ သီဟန္နုမင်း သည်လည်း ဖုဿတီမင်းသမီးအား မိဖုရားကြီးအရာကို ပေး၏။

ထိုဖုဿတီမိဖုရား၏ ရှေး၌ ဆုတောင်းသော အစဉ် အတ္ထုပ္ပတ္တိကား-ဤကမ္ဘာမှ ပြန်၍ရေတွက်ရှိသော် ကိုးဆယ်ကမ္ဘာထက်၌ ဝိပဿီအမည်ရှိသော မြတ်စွာဘုရားသည် ပွင့်တော်မူ၏၊ ထိုဝိပဿီမြတ်စွာဘုရားသည် ဗန္ဓုမတီ အမည်ရှိသောပြည်ကိုမှီ၍ ဘေးမဲ့ပေးရာဖြစ်သောမိဂဒါဝုန်ဥယျာဉ် ၌ နေတော်မူသောအခါ ဗန္ဓုမတီပြည်ကို အစိုးရသော ဗန္ဓုမတီမင်းအား တပါးသောနိုင်ငံမင်းက အဘိုးများစွာ ထိုက်သော စန္ဒကူးနံ့သာနှစ်နှင့် အဘိုးများစွာထိုက်သော ရွှေပန်းတို့ကို ဆက်သလေ၏။

ဗန္ဓုမတီမင်း၌ကား သမီးတော်နှစ်ယောက်ရှိ၍ ထိုလက်ဆောင်ကို သမီးတော်အား ပေးလိုသဖြင့် စန္ဒကူးနံ့သာနှစ် ...

၁။ သီဝိတိုင်း-စစ်သီသော သူတို့၏ခိုလှုံရာဖြစ်သောတိုင်း။

၂။ စေတုတ္တရာ-စေတီယတိုင်း၌ မြတ်သောမြို့။

၃။ သီဟန္နုမင်း-သံယော-ကောင်းစွာ ပစ္စည်း အရပ်စုံ ပြည့်တတ်သောမင်း။

မှတ်ရန်

၁၉၄၈-၁၉၆၂ ခုနှစ်က ရန်ကုန်တက္ကသိုလ်ဟာ အရှေ့တောင်အာရှ ကျွန်းစွယ်ဒေသမှာ ပညာရေးထိပ်တန်းမှာရှိခဲ့ပါတယ်။ တတိုင်းတပြည်လုံးမှာလည်း မြန်မာစာကိုလည်း သဒ္ဒါ၊ စာလုံးပေါင်းသတ်ပုံတွေကို မှန်ကန်စွာ သင်ကြား၊ ထုတ်ဝေ၊ ရေးသားခဲ့ကြပါတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ