ရာဇဝင် နန်းတွင်း-ဝတ္ထုကြီး
ရာဇဝင်ဝတ္ထုရေး-ဆရာကြီး
“ရွှေစကြာ” ရေးသည်။
စာမျက်နှာ ၄၆
မွေးကြူပြီး သလွန်တော်ထက်မှ နှစ်ယောက်သား ဆင်းသက်လျက် မတ်တတ်ရပ်ရင်း မိဖုရား၏ ခါးကို မြှောက်ခဲနေသော်လည်း တချက်မျှ နှုတ်ဆက်ဖက်-ဖက်၍ စက်လဲတော်များလဲသာ နန်းတော်ကြီးသို့ ထွက်သွားလေ၏။
(မြောက်သားတော်ဆိုသည်ကား... ကြင်ယာတော်ကို ခေါ်၏။ ရာဇဝင်ထဲ း သုံးနန်းသုံးစကားအစစ်မှာ 'မြောက်သားတော်' ဟု ခေါ်၏။ ကြင်ယာတော် ဆိုသည်ကား ထား း သုံးနန်းသုံး မဟုတ်၊ ပွဲထဲက ဇာတ်စကားမျှ ဖြစ်၏။)
x x x
အခန်း-၃
အဆိုင်ဆိုင်နှင့် အဆိုင်ဆိုင်ပွင့်၍ တလှိုင်လှိုင် သင်းပျံ့သော ပန်းပင်များအကြားမှ ကြားကြားဝင့်ဝင့် မားမားအင့်ကာ နေချင်ဘွယ် တင့်တယ်ခန့်နား ဆန်းပြားသော အသုံးအဆောင် ပရိဘောဂတို့ဖြင့် ပြည့်နှက်နေသော ဤအဆောင်တော်သည်ကား ဘုရင့်နောင်မင်းတရားကြီး သို့တော်ချစ် ယခုရွှေနန်းရှင် ၅၄၈ း တူ အစပြုကတည်းက ချစ်မတော်ဖြစ်သော “ရာဇဓာတုကလျာ” စုဖုရား၏ အဆောင်တော် ဖြစ်လေ၏။
စုဖုရားအဆောင်တော်မှာ ဘုရင်မင်းမြတ် စံနေတော်မူရာ မှန်နန်းဆောင်နှင့် တတန်းစား ဖြစ်လေ၏။ ထင်ရှားအောင် ဖော်ပြရသော် ကမ္ဗောဇသာဒီ နန်းတော်ကြီး အတွင်းရှိ ဘုရင်မင်းမြတ် အမြဲစံနေရာ မှန်နန်းဆောင်တော်ကြီးရှိ၏ (၎င်းမှန်နန်း
စာမျက်နှာ ၄၇
ဆောင်တွင် “အမရာသန” လျှင်ခေါ်သော ရာဇပလ္လင်ထားရှိလေ၏) မှန်နန်းဆောင်တော်၏ အနောက်ဘက်တွင် တောင်နှင့် မြောက် တန်းလျက် အတန်းခြောက်တန်းရှိလေသည်။ ထိုတွင် မှန်နန်းဆောင်နှင့် ကပ်နေသော ပထမအတန်း၌ မြောက်ဘက်မှ စ၍ တောင်ဘက်သို့ အစဉ်လိုက် ရေတွက်သော်—
(၁) မြောက်နန်းတော် မိဖုရားအဆောင် (၂) ထပင်တိုင်မင်းသမီးအဆောင် (ယခုရွှေနန်းရှင်လက်ထက်၌ တပင်တိုင် မင်းသမီးမရှိ၍ နေသူမရှိ လပ်နေ၏။) (၃) နန်းမတော် မိဖုရားခေါင်ကြီး အဆောင်၊ (မဟေသီဆောင်ဟူ၍၎င်း၊ မိဖုရားကြီးဆောင်ဟူ၍၎င်း၊ ခေါ်ကြသေး၏။ ၎င်းအဆောင်သည် ရှင်ဘုရင်စံရာ မှန်နန်းဆောင်နှင့် တညီတည်း မတ်မတ်ဆပ်လျက်ရှိ၏။) (၄) မယ်တော်ဆောင်၊ (၅) ပွဲကြည့်ဆောင်ဟူ၍ အဆောင်တော် (နန်းတော်) ငါးခု ရှိလေသည်။
ထိုငါးဆောင်အနက် (၂) တပင်တိုင်ဆောင်နှင့် (၅) ပွဲကြည့်ဆောင်မှတပါး ကျန်သုံးဆောင်တွင် အဆောင်ကြီးတဆောင် လက်ယာဘက်က တောင်ဘက်ဝဲဆောင် လက်ဝဲဘက်က မြောက်ဘက် ဝဲဆောင်၊ တန်းလျားဆောင်ဟု တခုတွင် လေးဆောင်ရှိသည့်ပြင် မိဖုရားသွားရန် အိမ်သာနှင့် အပျိုတော်များသွားရန် အိမ်သာများလည်း အသီးသီး ရှိလေ၏။
တပင်တိုင်ဆောင်တွင်မူ ဝဲဆောင်နှင့် တန်းလျားများမရှိ၊ အိမ်သာများကား ရှိ၏။ ပွဲကြည့်ဆောင်၌ကား... တောင်ဘက်ဝဲဆောင် တဆောင်တည်းသာရှိ၏။ အိမ်သာမရှိပေ။ ဤအဆောင်ငါးဆောင်၏ အနောက်ဘက်က ဒုတိယအတန်းတွင် မြောက်ဘက်
မှတ်ရန်
တပင်တိုင် စာလုံးပေါင်း နောက်ထပ်သက်သေခံတခုအဖြစ် တင်ပြပါသည်။
လက်ရှိ ပေါ်လစီသတ်ပုံကျမ်းမှာ တပင်တိုင် ကိုမှန်အောင်ရေးမထားပါ။
ယခုစာအုပ်ကို ၁၉၆၅ ခုနှစ်၊ ဇန္နဝါရီလမှာ ဒုတိယအကြိမ် ထုတ်ပါတယ်။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment