ကွန်မင့်များ၁။ ကျမတို့ငယ်ငယ်က ငရုတ်သီးထောင်းဘဲခေါ်ပါတယ် ငရုတ်သီးဆားထောင်းလို့မခေါ်ခဲ့ပါဆရာ
၂။ ငရုတ်သီးခြောက်၊ ကြက်သွန်နီ၊ ဆား သုံးမျိုးတော့ ပင်တိုင် ပါနေကျ ထောင်းပြီးတာနဲ့ ဆီစိမ်းတော့ ဆမ်းလေ့ရှိပါတယ်
၃။ ဆားထောင်းက ကြက်သွန်ဖြူ + ကြက်သွန်နီ အသင့်အတင့်ကို ဒယ်အိုးထဲ ထည်ပြီး အနည်းငယ် ကျွမ်းအောင် လှော်ပါတယ် ရပြီဆို ငရုတ်ဆုံထဲမှာ ငရုတ်သီး အလှော်မှုံ့ အတန်အသင့်နဲ့ လှော်ထားတဲ့ အဖြူအနီကိုထည့် ဆား + အချိုမှုံ့ အနည်းငယ်ထည့်ပြီး ထောင်းဟန်ပြု ခပ်ထုတ်ပြီးရင် ပဲဆီစိမ်းဆမ်းပါတယ် ပုဇွန်ခြောက် + ငပိတို့ မပါပါ
၄။ ကျမတို့ဘက်မှာ ငရုတ်သီးစိမ်းနဲ့ဆား ဘဲထောင်းပြီး ဆီစမ်းစားကြတယ် အရမ်းမွှေးပြီးအနံ့ရတာနဲ့မြည်းပြီးသား
ဆီဆမ်း လို့ ရေးရတယ်။ ကောင်းမကောင်း မြည်းစမ်းကြည့်။
မှတ်ချက်
ပုစွန်ခြောက်လို့ရေးတာက ပိုမှန်တယ်။
ပုစွန် ပုဇွန် သတ်ပုံ https://burmese-spelling.blogspot.com/2025/11/blog-post_728.html
ငရုတ်သီးစိမ်းကို မထောင်းခင် ခဏတာလှော်၊ အပေါ်ယံ ကွက်ကြားမည်းလာမှ၊ ဆား + ကြက်သွန်ဖြူနဲ့ ထောင်းကြပါတယ်။ ဆားကို အရင်ထည့်မှ ပိုသင့်မှန်တယ်။
ကျွန်တော်တို့ အခုနေတဲ့အရပ်မှာက လှော်ရတာ လက်ဝင်တယ်။ အနံ့ကြောင့် သတိပေးသံက ထမြည်တယ်။ အခန်းတွေကလည်း အလုံဖြစ်တော့ အနံက မထွက် အိမ်ပြင်ထွက် ကြော်ရ၊ လှော်ရလေ့ရှိတယ်။ ဒါလည်း ရာသီးဥတုက အဆင်ပြေပါမှ။
ငရုတ်သီးခြောက်လှော်တာ၊ ငရုတ်သီးစိမ်းလှော်တာနဲ့ ပန်ထွေဖျော်တာ မြန်မာပြည်တုန်းကနည်းအတိုင်း လုပ်မရပါ။
ငရုတ်သီးစိမ်း လှော်ထောင်းပြီးရင် ဆီးဆမ်း။ ပြီးမှ နံနံပင်နဲ့ ကြက်သွန်နီပါးပါးလှီးထားတာ နည်းနည်းကို အပေါ်ကနေ ထည့်ရတယ်။
ငရုပ်သီးထောင်းဋီကာ https://burmese-spelling.blogspot.com/2024/11/blog-post_423.html
Chili grinding တောအရပ်နဲ့ တောအစပ် https://burmese-spelling.blogspot.com/2024/02/chili-grinding.html
ပန်ထွေဖျော် နဲ့ ကိုင်းသီး အကြောင်း https://burmese-spelling.blogspot.com/2024/11/blog-post_508.html
ပန်ထွေဖျော် ဋီကာ https://burmese-spelling.blogspot.com/2022/12/blog-post_947.html
ဒေါက်တာတင့်ဆွေ
Comments
Post a Comment