Skip to main content

ဗျာများ

ဆရာ "ဗျာများ"က သတ်ပုံမှန်ပါသလား ခင်ဗျာ။

ဗျာထူး – ကြိ / ဗျာထူး / ခေါ်သံကို (မြန်မာယောကျ်ားတို့) ယဉ်ကျေးစွာ နှုတ်တုံ့ပြန်သည်။ဗျာဒိတ် – န / ဗျာဒိတ် / ၁။ နောင်အခါ၌ ဖြစ်ပျက်မည့် အကြောင်းအရာနှင့် စပ်လျဉ်း၍ မိန့်မြွက်သော ဘုရားစကားတော်။ ၂။ ဘုန်းကြီးသူတို့၏ အမိန့်။ [သ]

ဗျာဓိ – န / ဗျာဓိ / နာခြင်း။ ရောဂါဝေဒနာစွဲကပ်ခြင်း။

ဗျာပါဆံ – န / ဗျာဗာလန် / နားရွက်နှစ်ဘက်နောက်သို့ သိမ်း၍ နားရွက်အောက်မှ ရှေ့သို့ပြန်၍ အဖျားကော့ထွက်အောင်ထားသော ဆံပင်စု။ဗျာပါဒ – န / ဗျာဗာဒါ့ / သူတပါးအား ပျက်စီးစေလိုသော စိတ်ထား။ [ပါ]

ဗျာပါရ – န / ဗျာဗာရ့ / စိုးရိမ်ကြောင့်ကြမှု။ [ပါ]

ဗျာဗျား – ကြိ / ဗျာဗျား / ၁။ ပူပန်ကြောင့်ကြမှု များသည်။ ၂။ အလွန်အလုပ်ရှုပ်သည်။ဗျာ့ဗျာ့ – န / ဗျာ့ / ဗျ – န၊ နှင့် အတူတူ။

ဗျာ = ခင်ဗျားအစားအတိုသုံးသောစကား။ ခေါ်သလိုခါခါကြားလှာလို့၊ ဗျာဗျာများထူးမိတော့တယ်။ ထပ်။ ၁၆။

ဗျာများ = အလုပ်ရှုပ်သည်။ တမနက်စာလုံးဗျာများနေတာဘဲ။ စိတ်။ ၁၁၆။

ဗျာများ = ကြောင့်ကြမှုများသည်။ ကံဘုန်းရှိန်ကမ္ဘာကြီးပေမဲ့၊ ကာဆီးနိုင်ပါ့မလားရယ်လို့၊ ဗျာများကာ စိတ်မှာဖြစ်မိတော့။ ကျော်ချို။ ၇၅။

ခင်ဗျား = ယောက်ျားက မိမိစကားနားထောင်သူအား ရည်ညွှန်းသောစကားလုံး။

ခင်ဗျားတော့မကြွပါနဲ့လို့ တောင်းပန်ရတယ်တဲ့။ ထွက်။ ၄၆။

ခင်ဗျားနာမည် ဘယ်လိုခေါ်သလဲ။

ခင်ဗျားကို ကျွန်တော် သိတယ်။

ခင်ဗျားရဲ့အကြောင်းကို ကျွန်တော် သိတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ