ဟုတ်။
တိုင်းရင်းသားလူမျိုးစုတွေက မြန်မာစာနဲ့ စကား အားနည်းတတ်တာ ယေဘုယျတော့ မှန်ပါတယ်။
ဒါပေမဲ့
မြန်မာလိုအရေးအသားတော်တဲ့ တိုင်းရင်းသားတချို့လည်း ရှိတယ်။ တချို့ဆိုရင် ဆေးကျောင်းက သူငယ်ချင်းတွေ။ တချို့က နောက်မှ သိကျွမ်းရသူတွေ။
အရေအတွက်အရ မြန်မာ (ဗမာ) တွေက များလို့
မှန်အောင်ရေးတတ်သူများတာကလည်း ရွှေမြန်မာ၊
မှားအောင်ရေးသူများတာကလည်း ရွှေဗမာ။
"လူများစုကြီးဟာ အမြဲတမ်း မမှန်ကန်နိုင်ပါ။"
လူများစုရဲ့ ထောက်ခံခြင်း သို့မဟုတ် ကန့်ကွက်ငြင်းပယ်ခြင်းဟာ ဖြစ်ပေါ်လာတဲ့ အခြေအနေအရပ်ရပ်အပေါ်မူတည်ပြီး အရာရာတိုင်း မှန်ကန်နေသလား၊ မှားယွင်းနေသလားဆိုတာကို အမြဲတစေ ဆုံးဖြတ်ပေးနိုင်ခြင်း မရှိပါ။ အခြေအနေ တော်တော်များများမှာ (အများအားဖြင့် လျစ်လျူရှုခြင်း ခံထားရလေ့ရှိတဲ့) လူနည်းစုရဲ့ အမြင် သဘောထားတွေကသာ ထိုကိစ္စရပ် သို့မဟုတ် အကြောင်းအရာတခုခုရဲ့ အမှားအမှန်ကို တိတိကျကျ ပိုင်းခြား ဆုံးဖြတ်ပေးနိုင်တာမျိုး ဖြစ်တတ်ပါတယ်။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment