ကျမဆို လူရွေးပြီးလပ်ခံထားပါတယ် တလုံးဂျိုင့်တွေနဲ့မပတ်သက်ချင်လို့ပါ
ဟုတ်။
တလုံး ရေးတာ မှန်။
မပတ်သက် ရေးတာမှန်။
ပတ်သက်ကို မှန်အောင်ရေးတတ်သူ ရှားတယ်။
လက်ခံ လို့ရေးရတယ်။
လက် လတ် လပ် https://burmese-spelling.blogspot.com/2024/12/blog-post_903.html
လက် လဂ် လာဘ် လတ် လပ် လဒ် https://burmese-spelling.blogspot.com/2022/08/blog-post_724.html
Happiness can only exist in acceptance. (George Orwell)
"ပျော်ရွှင်မှုဆိုတာ လက်ခံနိုင်ခြင်း (သို့မဟုတ်) လောကသဘာဝကို ကျေနပ်လက်ခံခြင်းထဲမှာပဲ တည်ရှိနိုင်တာပါ။"
(ဂျော့ခ်ျ အိုဝဲလ်)
မှတ်ချက်။ ။ မိမိအခြေအနေ၊ လောကရဲ့ ဖြစ်ပျက်ပြောင်းလဲမှုတွေနဲ့ အမှန်တရားတွေကို ငြင်းဆန်မနေဘဲ အရှိကိုအရှိအတိုင်း သဘောပေါက်လက်ခံနိုင်မှသာ စစ်မှန်တဲ့ စိတ်အေးချမ်းသာယာမှု (ပျော်ရွှင်မှု) ကို ရရှိနိုင်ကြောင်း ညွှန်ပြထားတဲ့ ဆိုစကား ဖြစ်ပါသည်။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment