ဟုတ်။
တခါမှလို့ရေးတာ မှန်။ ကွန်ဂရက်ကျူလေးရှင်း။
ရယ်စရာတခုရလို့ ကျေးဇူး။
ရယ်စရာဆိုတာကလည်း အဆင့်၊ အမျိုးအစား အမျိုးမျိုး။
ချက်အောက်စကားလုံးတွေက အဆင့်အတန်းတမျိုး (ကန်တော့)
ရယ်စရာသစ်တခု ပြောရဦးမယ် -
အိမ်က ( - ) လို့ ရေးတာတွေ ခဏခဏတွေ့ရတယ်။ ကျန်းမာရေးမေးတာတွေထဲမှာလည်း ပါတယ်။
"အိမ်ကအမေ" ဆိုရင် ဆက်တွေးလို့ အမေးထူးစရာ မရှိ။
"အိမ်ကအဖေ" ဆိုရင်တော့ "အိမ်မှာမနေတဲ့အဖေ" ရှိသေးသလား။
"အိမ်ကယောက်ျား" လည်း အတူတူဘဲ။
Smile!
စကားပြောတာက အကျင့်ပါလေ့ရှိတယ်။ အတုယူလေ့ရှိပါတယ်။ သတိတော့ ထားသင့်တယ်။
စာ၊ ပညာ အဆင့်အတန်းကျဆင်းလာတဲ့ခေတ်မှာ မမှန်တာ၊ လွဲတာ၊ မှားတာ၊ လိမ်တာတွေကို အတူခိုး၊ အားပေးသူတွေ များလာတယ်။
အတွေးအခေါ်အဆင့်အတန်း ကျလာလို့။
စာမှားရေးတာတွေ များလာတယ်။
မှားရေးသူတွေကို အားပေးသူ၊ အတုခိုးသူတွေ များလာတယ်။
မှားတဲ့သူတွေဘက်ကနေ ရှေ့နေလိုက်ကြတယ်။ ဖေးဖေးမမပြောကြတယ်။ နေ့တိုင်း နေ့တိုင်း တွေ့လာရတယ်။
အရင်ကတော့ မှားတာကို ရှက်ကြတယ်။ အခုဂုဏ်ယူကြတယ်။
မက်ဆေ့ချ်ကို နမူနာထားပြီး ရေးရတဲ့အတွက် ကျေးဇူး။
"အရာရာတိုင်းကို သိနေလောက်အောင်အထိ ကျွန်တော် အသက်မငယ်တော့ပါဘူး။"
(အော်စကာ ဝိုင်းလ်)
မှတ်ချက်။ ။ ဤစကားပုံသည် လူငယ်လူရွယ်များက မိမိကိုယ်မိမိ အရာရာကို အကုန်သိသည်ဟု ထင်တတ်ကြပြီး၊ အသက်အရွယ်ရလာသောအခါမှသာ လောကတွင် မိမိမသိသေးသောအရာများစွာ ရှိပါသေးလားဟု သဘောပေါက်လာတတ်ပုံကို ဝစ်ကတ် (Wit) မြောက်မြောက်ဖြင့် သရော်ထားခြင်း ဖြစ်ပါသည်။
ဒီစာအတွက် သင့်လောက်မဲ့ပုံလိုက်ရှာရင်း တွေ့တဲ့ ဆိုစကားတခုဖြစ်ပါတယ်။
ကျွန်တော်လည်းညံ့တဲ့ထဲမှာ ပါတယ်စာကို တင်ပြထားပြီးပြီ။
ခေတ်စကားတွေ၊ စကားပျက်တွေ၊ သတ်ပုံပျက်တွေကို နားမလည်ပါ။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment