ကျေးဇူး။
အယ်ဒီတာ ဦးအံ့မောင် ရေး
ဗုဒ္ဓ၏ ဝါဒ တထောင်
(တအုပ် ၃-ကျပ်)
အတွေးအခေါ်၊ သဘောတရား၊ ခံယူချက်၊ ဒဿန၊ ဒိဋ္ဌိ၊ တက္က၊ ဖီလိုဆိုဖီ အမည်တွေ များသော်လည်း “ဝါဒ တထောင်” သည် ကမ္ဘာအရပ်ရပ်ရှိ ဝါဒရေးရာနှင့် စပ်၍ အဘိဓမ္မာဆိုသည့် အရာအားလုံးကို အကျုံးဝင်စေသည်။
အတွေးအခေါ် မှန်သမျှကို တည့်ပေး၍၊ သဘော တရားနှင့် ခံယူချက်မှန်သမျှကို မတ်ပေးမည်။ ပါဠိ၊ အဋ္ဌကထာ၊ ဋီကာ ကျမ်းပေါင်း တရာကျော်နှင့် ခေတ်ပေါ် ဖီလိုဆိုဖီများကို ညှိနှိုင်း၍ မှတ်တမ်းခံ စံပြုပေးထားသည်။
အတွေးမှန်မှ အပြော အဆိုအနေ မှန်မည်။ အပြောအဆို အနေမှန်မှ လုပ်ရပ်မှန်မည်။ သို့ဆိုလျှင် သေပျော်ပြီ။
တကောင်းစာပေ မှ
မကြာမီ တင်ဆက်ပါမည်။
တထောင်
တရာ
တအုပ်
နှစ်ပေါင်း ၂၅၀၀ ကျော်ကဟောကြားခဲ့တဲ့ ဗုဒ္ဓတရားတော်တွေကို ၁၉၅၆ ခုနှစ်မှာ ဆဋ္ဌသံဂါယနာတင်တယ်။ စာအုပ်တွေထုတ်ထားတယ်။
နောက်ပေါက် မြန်မာစာအာဏာပိုင်တွေကို ၁၉၈ ခုနှစ်မှာ သတ်ပုံပြင်လိုက်ကြတယ်။
ဆဋ္ဌသံဂါယနာတင်သတ်ပုံတွေ တရားမဝင်တဲ့။
မကောင်းကျိုးဆက်တွေ အများကြီး
တကောင်းကိုလည်း စသတ်တယ်။
တရားကိုပါ စသတ်သူတွေ မနည်းတော့ပါ။
ဦးနေဝင်းကပြင်ထားပြီးပြီ လိုက်နာရမယ်လို့ပြောတဲ့သူကို မနေ့က ဘလော့ လိုက်တယ်။
ဒေါက်တာတင့်ဆွေ
၃၀-၆-၂၀၁၉
Comments
Post a Comment