ရှေးကဟာတွေ လာမပြောနဲ့
အခုက မောဒန်ခေတ်
ပုဂံခေတ်ကဟာတွေ ထားလိုက်တော့
အခုက အိုင်တီခေတ်
ဂန္ထဝင်ကဗျာတွေ သီနချင်းကြီးတွေ အောက်ပြီ
အခုက အေအိုင်ခေတ်
ခေတ်ဆိုတိုင်း သင့်မြတ်ပါသလား
ခေတ်ဆိုတိုင်း ပိုမှန်ကန်ပါသလား
ခေတ်ဆိုတိုင်း ယဉ်ကျေးပါသလား
ကျွန်တော်ကတော့ သောက်ရေခွက်၊ ကော်ဖီခွက်ကို ဖိနပ်နဲ့ တတန်းတည်း မထားနိုင်ပါ။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment