- အဆင့်မမီတဲ့ မှတ်ချက်တွေလာတယ်။
- အဆီအငေါ်မတည့် ကွန်မင့်တွေလာတယ်။
- ကျိုးကြောင်းဆီလျော်ခြင်း ကင်းတဲ့ မှားသူဘက်က လျှောက်လဲချက်တွေလာတယ်။
- အလွယ်ရေးတာနေမှာပါ
- ကလေးတွေထင်တယ်
- အတန်းပညာနည်းလို့ပါ
- ဖေါင့်ကြောင့်ပါ
တကယ်ကို မတတ်သူကသာ များတယ်။
- စာလုံးပေါင်း
- သတ်ပုံ
- သဒ္ဒါ
- ဝိဘတ်
- ဝါကျတည်ဆောက်ပုံ
- အသံထွက်
- အသုံး
(ပုံအတွက် ကျေးဇူး)
ဂွကျတာက စာကိုမှန်အောင်မရေးတတ်လည်း
- လုပ်စားလို့ရသတဲ့။
- ပိုက်ဆံရှာလို့ရသတဲ့
- အလုပ်လည်းရနိုင်သတဲ့။
မြန်မာပြည်မှာပေါ့။
မှတ်ချက်
စည်းမဲ့ကမ်းမဲ့ ကြိယာဝိသေသနက နေရာလွဲနေတာကို ထောက်ပြခြင်းဖြစ်ပါသည်။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment