ကျွန်တော်က ငပျင်း။
စာတွေကို အများအားဖြင့် ကော်ပီ (Copy) လုပ်ပြီး ပေ့စ် (Paste) လုပ်ရတာ များပါတယ်။ အဲဒီလို ဖြတ်ညှပ်ကပ်လုပ်တဲ့အခါ မူရင်းစာသားကသာ မှားနေလို့ကတော့ ကူးတင်လိုက်တဲ့နေရာတွေ အကုန်လုံး လိုက်မှားပါတော့တယ်။
အခုတင်ဘဲ "တံမြက်စည်း" ကို "တံမြတ်စည်း" လို့ မှားယွင်းရေးမိနေတာ သိလာရလို့ လိုက်ပြင်ရပါတယ်။
တွေ့တဲ့သူ တယောက်က ထောက်ပြပေးလို့သာ သတိထားမိတာ။ ကျေးဇူး။
လိုက်ပြင်ရတာက ဖေ့စ်ဘွတ်ခ် ၃ နေရာနဲ့ ဘလော့ခ် တခု၊ စုစုပေါင်း ၄ နေရာ။
အမှားမပါ ဒေါက်တာတင့်ဆွေ မဟုတ်ပါ။
မှားတာကို သိရင်လည်း ချက်ချင်း ပြင်ပါမယ်။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment